Showing posts with label (Gtalk). Show all posts

Fig ~ 1

ကျွန်တော် လဲ အခုတစ်လော Post မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီဗျာ။ကြာသွားတယ်ဆိုတာကလဲ ကျွန်တော် အလုပ်လေးတွေ အနည်းနဲ့ အများပြီးတော့ ကျွန်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှုပ်နေတာနဲ့ပဲ ကျွန်တော့ IT Bank Site လေးမှာ Post မတင်ဖြစ်တာပါဗျာ။အဲ့ဒီ အတွက် ကျွန်တော့ရဲ့ စာဖတ်ပရိတ်သတ်ကြီးတွေကို ကျွန်တော် တောင်းပန်ပါရစေဗျာ။အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Microsoft က ထုတ်လုပ်လိုက်တဲ့နောက်ဆုံး OS ဖြစ်တဲ့ Windows 8 အကြောင်းနဲ့ ပတ်သတ်တဲ့ Post လေးပါဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။Windows 8 မှာ မြန်မာစာ ဖတ်လို့ရတယ်လို့ စတင်ထုတ်လုပ်ကတည်းက Microsoft က တရားဝင်ကြေငြာထားပြီး သားဖြစ်ပါတယ်။ဒါပေမဲ့ Windows 8 မှာ အသုံးပြုထားတဲ့ မြန်မာယူနီကုတ်(Unicode) စနစ်ဟာ ကျွန်တော်တို့ မြန်မာလိုစာသားများ တော်တော်များများ လွဲနေတာကိုတွေ့ရပါတယ်။Gtalk အသုံးပြုတဲ့ အခါမျိုးတွေ ကျွန်တော်တို့ Myanmar Blog Web Site တွေ ဖွင့်ကြည့်တဲ့ အခါမျိုးမှာ အခက်ကြုံရတာပေါ့ဗျာ။အဲ့ဒီလို ပြဿနာမျိုးကို ကျွန်တော့ကို Facebook မှာ ညီလေး တစ်ယောက်က အစ်ကို ကျွန်တော် Windows 8 တင်လိုက်ပြီတဲ့ ဒါပေမဲ့ မြန်မာလိုတွေ အပေါ်မှာ ကျွန်တော် ပြောသလို လွဲနေပါတယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ အဲ့ဒီ Unicode မရရင် ငါတို့ သုံးနေကြ Zawgyi-Font လေးပြောင်းပြီး သုံးကြည့်ပါလားလို့ ဆိုတော့ သူက Zawgyi-Font ရလို့လားလို့ မေးပါတယ်။ကျွန်တော်လဲ သုံးလို့ရတယ်လို့ အာမခံလိုက်ပါတယ်။တကယ်လဲ Windows 8 မှာ Zawgyi-Font သုံးလို့ရပါတယ်ဗျ။ကျွန်တော် ကိုယ်တိုင်လဲ စမ်းကြည့်ပြီးပါပြီ။Gtalk မှာကော မြန်မာလို ရေးသားထားတဲ့ Blog Web Site တွေမှာကော ကြည့်ရတာ အားလုံးအဆင်ပြေပါတယ်ဗျာ။အဲ့ဒီလို Windows 8 မှာ Zawgyi-Font အဆင်ပြေစွာဖတ်ရှုနိုင်ဖို့အတွက် ဘယ်လို Installation လုပ်ရသလဲ ဆိုတာကို ကျွန်တော် သိသလောက်လေ့လာထားသလောက်လေး ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ် ကြီးတွေကို ဓာတ်ပုံလေးတွေ နဲ့ကော စာလေးနဲ့ပါ သေချာရှင်းပြပေးပါ့မယ်ဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ Windows 8 မှာ Zawgyi-Font Installation လုပ်ဖို့အတွက် လိုအပ်တဲ့ Software လေးတွေ Download အရင်ဆွဲရအောင်ဗျာ။

1. Download Installation Required For ZawGyi-One Fonts  (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Windows မှာ Run နေတဲ့ Notepad တို့ Microsoft Office တို့လို့ Program တွေကို  မြန်မာလို ကောင်းကောင်းမြင်ရအောင် ထောက်ပံ့ပေးပါတယ်။

2.Download Installation Required For IE-Gtalk Zawgyi Fonts  (အဲ့ဒီ Link ကတော့ IE (Internet Explorer) ၊ Gtalk တို့မှာ မြန်မာလို မြင်ရအောင် အထောက်အပံ့ပေးပါတယ်။

3.Download Installation Required For ZawGyi-One Keyboard Layout (32 Bits)  ၊ ZawGyi-One Keyboard Layout (64 Bits) (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Gtalk တို့ဘာတို့မှာ မြန်မာလို စာရိုက်နိုင်အောင် အထောက်အပံ့ပေးတဲ့ Keyboard အတွက် Software လေးပါ။တစ်ခု သတိထားရမှာက ကျွန်တော် Download ပေးထားတဲ့ Link နှစ်ခုလုံး Download ဆွဲရမှာ မဟုတ်ပဲ ကိုယ့် ကွန်ပျူတာ System နဲ့ကိုက်ညီမဲ့ 32 Bits ဒါမှ မဟုတ် 64 Bits ကိုသာ ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်ဗျာ။ဒီ အကြောင်းကတော့ သိပြီးသားသူတွေလဲ ရှိမှာပါ။မသိသေးတဲ့ သူတွေ အတွက် ကျွန်တော် အသေးစိတ်ရှင်းပြပေးထားတာ ဖြစ်ပါတယ်ဗျာ။

အပေါ်မှာ ပေးထားတဲ့ ဟာတွေကို Download ဆွဲပြီးပြီးဆိုရင်တော့ ကျွန်တော်တို့က အရင်ဦးဆုံး ကျွန်တော်တို့က ZawGyi-One Fonts ဖိုင်ထဲက Zawgyi-One.ttf ကိုဖွင့်ပြီး Install လုပ်လိုက်ပါ။ပြီးသွားရင် နောက်ထပ် IE-Gtalk Zawgyi Fonts ဖိုင်ထဲက IEZawGyiGtalkfont.EXE ဆိုတဲ့ File လေးကို Install လုပ်လိုက်ပါ။မိမိ Computer က ခဏ Restart ကျသွားပါလိမ့်မယ်။ပြီးသွားရင် ကျွန်တော် ပေးထားတဲ့ Zawgyi-One Keyboard Layout (32 Bits/64 Bits) ဖိုင်ကို Install လုပ်လိုက်ပါ။အားလုံး ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Windows 8 မှာ မြန်မာလို မြင်ရဖို့ 50% လောက်လုပ်ငန်းပြီးဆုံးသွားပါပြီ။အခု ကျန်တဲ့ 50% အတွက် လုပ်ငန်းလက်စ သိမ်းရအောင်ဗျာ။ဒုတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Windows 8 ရဲ့ Start Menu Bar ကနေ Control Panel ကိုဖွင့်လိုက်ပါ။ပြီးရင် All Control Panel Items ကိုဆက်သွားလိုက်ပါ။ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း Language ကို Click လိုက်ပါ။

Fig ~ 2
နောက်တစ်ဆင့်ကတော့ ညာဘက်ထောင့်နေရာလေးမှာ ရှိနေတဲ့ Advanced Setting ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 3
နောက်ဆုံးအဆင့်ကတော့ Override for default input method ဆိုတဲ့ စာတန်းလေးကို တွေ့အောင်ရှာပါ။Override for default input method ဆိုတဲ့ စာတန်းလေးရဲ့ အောက်နားမှာရှိတဲ့ Drop Down Menu Bar လေးကထဲကနေ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို Select ရွေးပေးလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 4
ပြီးသွားရင်တော့ Save လိုက်ပေါ့ဗျာ။ဒါဆို ကျွန်တော်တို့တွေ Windows 8 မှာ မြန်မာလိုတွေကို ကောင်းကောင်းကြီး ရေးနိုင် ဖတ်နိုင် စိတ်ကြိုက် အသုံးပြုလို့ရသွားပြီပေါ့ဗျာ။ကဲ.....ဘယ်လောက် ၀မ်းသာစရာကောင်းလဲဗျာ။ကျွန်တော်တို့ မြန်မာတွေလဲ ကိုယ်နည်းကိုယ်ဟန်နဲ့ ကောင်းတဲ့နေရာမှာ ဦးနှောက်ကို အကျိုးရှိစွာ အသုံးချနိုင်တယ်ဆိုတာကို ပြလိုက်တာလဲ ဖြစ်ပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါဗျာ။
ကြိုးစားလျက်.......!
  (YeKyawPhyo)
ကျွန်တော် Post တွေ မရေးဖြစ်တာလဲ တော်တော်ကို ကြာသွားပါပြီ။မရေးဖြစ်ဘူး ဆိုတာကလဲ Connection တွေ မကောင်းတာလဲ ပါပါတယ်။ပြီးတော့ ကျွန်တော် အလုပ်တွေ မအားတာတွေနဲ့ကော မတင်ဖြစ်ဘူး ဖြစ်နေတယ်ဗျာ။အဲ့ဒီ အတွက် ကျွန်တော့ IT Bank Site ရဲ့ စာဖတ်ပရိတ်သတ်လေးတွေကို အရမ်းလဲ အားနာပါတယ်။အဲ့ဒီ အတွက်လည်း စာဖတ်ပရိတ်သတ်တွေကို ကျွန်တော်တောင်းပန်ပါရစေဗျာ။ကဲ.....စမယ်နော်။ကျွန်တော်တို့ Gmail ကို Sign In ၀င်တဲ့ အခါ တန်းပြီး မ၀င်သွားဘဲ အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း ဖုန်းနံပါတ်တောင်းနေတယ်ဆိုရင်ပေါ့ဗျာ။ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ ကျွန်တော် ရှင်းပြပေးပါ့မယ်ဗျာ။
Fig - 1
Fig - 1

အဲ့လို တစ်ခါတစ်လေ ကျွန်တော်တို့ Gmail ကိုဝင်လိုက်ရင် အဲ့လို ဖြစ်တက်ကြမှာပါ။အဲ့ဒီ အခါ စိတ်မညစ်ကြပါနဲ့ ကျွန်တော်ပြောတဲ့ နည်းလမ်းလေးက စာဖတ်ပရိတ်သတ်လေးတွေကို ပျော်ရွှင်မှုလေးပေးမှာပါ။အဲ့ဒီလို ဖြစ်တဲ့ အခါ ကိုယ့်သုံးတဲ့ Internet Broswer ရဲ့ Web Address Bar နေရာလေးမှာ www.google.com လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ ကြည့်လိုက်ပါဦး။


Fig - 2
Fig - 2
အပေါ်က ပုံလေး အတိုင်း ပြုလုပ်လို့ ပြီးသွားပြီဆိုရင်တော့ www.google.com ရဲ့ Google Page စာမျက်နှာကြီး ကျလာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါ Google Search Page မှာရှိတဲ့ Gmail ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။ဒါဆိုရင် မိမိ Gmail ကို Sign in ၀င်ပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦးနော်။
Fig - 3
Fig - 3

ကဲ ဒီလောက်ဆိုရင်တော့ ကျွန်တော့ IT Bank Site လေးရဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး အဆင်ပြေလားဗျို့။အဆင်ပြေရင် လက်ခုပ်သံလေးနဲ့ အတူ ပိုက်ဆံလေးချေးပါလားဗျ။ဟိ ဟိ......အလကားနောက်တာနော်။သူငယ်ချင်းတွေ အဆင်ပြေတယ်ဆိုရင် ကျွန်တော့ ၀က်ဆိုဒ်လေးကို သူငယ်ချင်းတွေ ဆီ လမ်းညွှန်ပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။Facebook Account ရှိတဲ့ သူတွေ အတွက်ကတော့ IT Bank ရဲ့ Facebook Fan Page လေးဖြစ်တဲ့ အောက်က Link လေးမှာ Like လုပ်ပေးခြင်းဖြင့် ကျွန်တော့ IT Bank Site ကတင်သမျှ Post တွေကို ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်ဗျာ။

Welcome To IT Bank (အိုင်တီ ဘဏ်) Facebook Fan Page မှာ ကြိုဆိုပါ၏။

အော် ပြီးတော့ ကျွန်တော် Facebook မှာဖွဲ့ထားတဲ့ Myanmar IT Knowledge Organization ဆိုတဲ့ Group လေးမှာလဲ IT Knowledge နဲ့ ပတ်သတ်တဲ့ အကြောင်းအရာလေးများကို မိမိတို့ သိသလောက် တက်သလောက်လေး ၀င်ရောက်ဆွေးနွေး ဝေဖန်အကြံပေး မေးမြန်းကြပါလို့ ဖိတ်ခေါ်ပါရစေဗျာ။Myanmar IT Knowledge Organization အဖွဲ့လေးရဲ့ လိပ်စာလေးကတော့ အောက်က Link လေးမှာပေးထားပါတယ်ဗျာ။

Welcome To Myanmar IT Knowledge Organization Groups
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                          (Yekyawphyo)


ကျွန်တော် ဒီ တစ်ခါတော့ Gtalk မှာ မြန်မာစာ မပေါ်ဘဲ အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် ကျွန်တော်က ရှင်းပြပေးပါ့မယ်ဗျာ။ကျွန်တော့ IT Bank ရဲ့ Cbox မှာလဲ minminswe57@gmail.com ကိုမင်း ကမေးထားလို့ ကျွန်တော် ဖြေပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ကိုမင်း မေးထားတဲ့ ဒီမေးခွန်းလေး က ကြာပါပြီ။ကျွန်တော် အလုပ်မအားလို့ Post တွေထဲ မရေးဖြစ် မေးထားတာတွေလဲ မဖြေဖြစ်ဘဲ အခုလို နောက်ကျမှ ဖြေပေးမိတဲ့ အတွက် ကျွန်တော် တောင်းပန်ပါရစေဗျာ။အခုတော့ ကျွန်တော် ကိုမင်းဆိုတဲ့ အစ်ကို မေးထားတာလေးကော Gtalk မှာ မြန်မာစာ မပေါ်တာလေးကော ရောပြီး ရှင်းပြပေးလိုက်ပါတယ်နော်။အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက Gtalk က Setting ကို သွားလိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။

အောက်က ပုံလေး အတိုင်းပြီးသွားရင်တော့ Gtalk Setting ရဲ့ General ဆိုတဲ့နေရာလေးကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီမှာ Change Font ဆိုတဲ့နေရာလေးကို Click လိုက်ပါ။မလုပ်တက်သေးရင် ကျွန်တော်အောက်မှာ ပုံလေး နဲ့ တကွရှင်းပြပေးထားပါတယ်ဗျာ။


အပေါ်က ပုံလေး အတိုင်းကော စာလေးကော လုပ်လို့ပြီးသွားရင် Change Font ဆိုတဲ့နေရာလေး ကို နှိပ်လိုက်ရင် Box တစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီ Box လေးမှာ Zawgyi-One ဆိုတာလေးကို ရှာပြီး Click လိုက်ပါ။ပြီးရင် တော့ Ok ပေါ့။မရှင်းသေးရင် အောက်ကပုံလေး ကိုကြည့်လိုက်ပါနော်။
အဲ့ဒါမှ အဆင်မပြေသေးဘူး ဆိုရင် Internet Explorer ရဲ့ Tools က Internet Options ကို Click လိုက်ပါ။
အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Click ပြီးပြီဆိုရင်တော့ Internet Options က General ဆိုတဲ့ စာမျက်နှာလေး မှာ Fonts ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့။
Fonts ဆိုတဲ့ နေရာလေးကို Click ပြီးသွားရင် ကျွန်တော်တို့ က နောက်တစ်ဆင့်မှာ Language script: ဆိုတဲ့နေရာမှာ Latin Based ကို ရွေးထားရမှာဖြစ်ပါတယ်ဗျာ။ပြီးရင် အောက်နားလေးမှာ Webpage Font: ဆိုတဲ့ နေရာလေးမှာတော့ Zawgyi-one ကို ရေးထားရမှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အောက်ကပုံလေး အတိုင်း ပြောင်းရမဲ့ နေရာလေးတွေကို အနီဝိုင်းလေး ပြထားပါတယ်ဗျာ။အောက်ကပုံလေး အတိုင်း အဆင့်ဆင့် လုပ်သွားလိုက်ပါဗျာ။

အဲ့ဒါမှ အဆင်မပြေသေးရင် ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း Language script: ဆိုတဲ့နေရာလေးကို Latin Based မပြောင်းတော့ဘဲ Myanmar ဆိုတာလေးကို ရွေးလိုက်ပါ။ပြီးရင် Webpage Font: နေရာလေးမှာတော့ Zawgyi-one လေးပေးထားလိုက်ပါဗျာ။ပြီးရင် တော့ နောက်ဆုံး အဆင့်အနေနဲ့ Ok ပြီးရင် Apply ပေါ့ဗျာ။
ဒါဆိုရင် မိမိ Gtalk မှာ မြန်မာလို စာရိုက်လို့ရပါပြီဗျာ။အဲ့... တစ်ခုတော့ ရှိတယ်နော်။Zawgyi Font ကို မိမိ PC မှာ Install လုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။Zawgyi Font ကို မိမိ စက်ထဲ ထည့်ရမှာက နှစ်မျိုးရှိပါတယ်။ZawGyi Keyboard ဆိုတာရယ် Font ရယ်ဆိုတာပါပဲ။ Keyboard ဆိုတာကတော့ မြန်မာလို Keyboard နဲ့စာရိုက်လို့ရအောင် လုပ်တဲ့ Software လေးပေါ့။Font ဆိုတာကတော့ မြန်မာ Gtalk တွေ Internet Browser တွေမှာ မြန်မာလို မြင်ရနိုင်အောင် အသုံးပြုတဲ့ Font ဆိုတဲ့ Software အသေးလေးပေါ့ဗျာ။အဲ့ဒီ Software လေးကို ကျွန်တော့ ၀က်ဆိုဒ်ရဲ့ ဘယ်ဘက်ဒေါင့်လေးမှာ ဇော်ဂျီဖောင့် ရယူရန် ဆိုတဲ့နေရာလေးမှာ Download ရယူနိုင်ပါတယ်ဗျာ။ZawGyi Font Install လုပ်နည်းကို ကျွန်တော် နောက်ကျရင် Post တစ်ခု အနေနဲ့ရှင်းပြပေးပါ့မယ်ဗျာ။သိတဲ့ သူတွေအတွက် မခက်ဘူး ဆိုပေမဲ့ မသိတဲ့ သူတွေ အတွက်တော့ မလွယ်လှဘူးပေါ့ဗျာ။မဟုတ်ဘူးလား။ကျွန်တော် အခုလို ရှင်းပြထားတာလေးတွေကလဲ မသိတဲ့ သူတွေ အတွက်ပါဗျာ။ကျွန်တော် သူငယ်ချင်းတွေ နားလည်အောင် ကျွန်တော် အတက်နိုင်ဆုံးလေး ရှင်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေလဲ ကျွန်တော်ရှင်းပြထားတာလေးကို အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော်ဘက်က သူများတကာ ဆိုဒ်တွေထက် လိုအပ်မှုလေးတွေ ရှိရင် ဝေဖန်အကြံပေးနိုင်ပါတယ်နော်။ကျွန်တော် အတက်နိုင်ဆုံး ကြိုးစားပေးသွားပါ့မယ်ဗျာ။
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                          (Yekyawphyo)
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော့ ဆီကို ညီလေး minkhant@gmail.com က Gtalk မှာ သူများက ကိုယ့်ဆီကို စာရိုက်တဲ့ အခါ Gtalk ရဲ့ Chat Box လေးရဲ့ ညာဘက်ဒေါင့်နေရာလေးမှာ စာရိုက်နေပါသည် လို့ ဆိုတဲ့ စာတန်းလေး ပေါ်အောင်လုပ်တဲ့ Software လေးရှိရင် ပေးပါလို့ တောင်းဆိုထားတဲ့ အတွက် ကျွန်တော် အခု တင်ပေးလိုက်ပါပြီဗျာ။Protable လေးပေါ့ဗျာ။ဘာမှ Install တွေ ဘာတွေ လုပ်နေစရာမလိုပဲ။Double Click လေးနှိပ်လိုက်ယုံဖြင့် အသုံးလို့ရနိုင်တဲ့ Software မျိုးလေးပေါ့ဗျာ။မကောင်းဘူးလားဗျ။သူငယ်ချင်းတွေ လဲ လိုချင်ရင် ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲနော်။အဲ့.....တစ်ခု သတိပေးချင်ပါတယ်ဗျာ။အဲ့ဒီ Software လေးရဲ့ အားနည်းချက်လေးကတော့ Gtalk Account ကို နှစ်ခုဖွင့်ပြီး သုံးလို့မရတာပါပဲဗျာ။အဲ့ဒီ အတွက်တော့ စိတ်မကောင်းပါဘူးဗျာ။အောက်ကပုံလေး အတိုင်း မြင်ရပြီး အသုံးပြုလို့ရမှာ ဖြစ်ပါတယ်ဗျာ။
ကဲ.....ဘယ်လိုလဲ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြပြီ မဟုတ်လား။Design လေး က လန်းတယ်ဟုတ်။လိုချင်ရင်တော့ အောက်မှာ Download Link လေး ပေးထားပါတယ်ဗျာ။သွားယူလိုက်ပါဦးနော်။

(ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)

သူငယ်ချင်းတွေ အားလုံး သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ သဘောကျရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ အားရင် လာလည်ကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
                                                                                                                                       ကြိုးစားလျက်......!
                                                                                                                                        (Yekyawphyo)
ကျွန်တော် နေမကောင်းပါဘူး။ဒါမဲ့ ကျွန်တော့ ဆိုဒ်လေးကို အားပေးနေကြတဲ့ သူငယ်ချင်းတွေ အတွက် နည်းပညာတွေ ဖြန့်ဝေဖို့ ရက်အနည်းငယ်လေး ပျက်ကွက်ခဲ့ပါတယ်ဗျာ။အဲ့ဒီ အတွက်လဲ ဒီ Post လေးကို ရေးရင်းကနေ စာဖတ်ပရိသတ်လေးများကို အနူးအညွှတ်တောင်းပန်ပါရစေဗျာ။ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ သူငယ်ချင်းတွေ သိပြီးသားလဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်ဗျာ။ကျွန်တော်တို့ အင်တာနက်ဆိုင်တွေ မှာ သုံးတဲ့ အခါ ကိုယ်ပိုင် ကွန်ပျူတာတွေ သုံးတဲ့ အခါမှာ Gtalk ကို နှစ်ခု ဖွင့်မရတာတို့ ရှိတက်ပါတယ်။အင်တာနက်ဆိုင် အများစုကတော့ Gtalk ကို နှစ်ခု ဖွင့်လို့ရအောင် လုပ်ထားတာ များပါတယ်ဗျာ။ကိုယ်ပိုင် ကွန်ပျူတာမှာ ကျတော့ တစ်ခါတစ်လေ ကိုက Windows အသစ်တင်လိုက်လို့ Software တော်တော်များများ ဟာ အသစ်တွေ ဖြစ်နေပါပြီ။အဲ့လို အခါမျိုးတွေ ကျရင် တစ်ချို့ Software တွေကို ကိုကလိုက်ပြန်ပြင်ရတာ မျိုးတွေပေါ့။အဲ့ဒီ အခါ ကိုယ်က Gtalk Software လေးနှစ်ခုဖွင့်လို့ ရအောင် ပြင်ချင်တဲ့ သူငယ်ချင်းတွေ အတွက်ကတော့ ပေါ့ဗျာ။နှစ်ခု လို့သာကျွန်တော်က သူငယ်ချင်းတွေ နားလည်လွယ်အောင် ပြောလိုက်တာပါ။တကယ်ပေါ့ အကောင့် တွေ အများကြီး တစ်ခုခုပြီး တစ်ခု ဖွင့်ပြီး အသုံးပြုလို့ရပါတယ်ဗျာ။သိပြီးသား သူငယ်ချင်းတွေ ရှိရင်လဲ နားလည်ပေးကြပါဗျာ။မသိသေးတဲ့ သူငယ်ချင်းတွေ အတွက် ရည်ရွယ်ပြီးရေးထားပေးပါတယ်ဗျာ။ဒီ Post လေးကို ကျွန်တော် သိထားတာတော့ ကြာပါပြီဗျာ။ကျွန်တော့ကို လာမေးတဲ့ သူတွေ ရှိနေတာနဲ့ကော ကျွန်တော် ဒီ Post လေးကို မတင်ရသေးတာအတွက်ကော ရောပြီး တင်လိုက်တာပါဗျာ။သိချင်ရင် အောက်ကပုံ လေး ကိုကြည့်ပြီးလုပ်သွားလိုက်နော်။ကျွန်တော်တို့ က အရင် လုပ်ရမှာကို အောက်မှာ ရေးထားတဲ့ အတိုင်းကြည့်သွားလိုက်ပါ။မိမိ ကွန်ပျူတာ Destop မှာ Gtalk Software ရှိနေရင်တော့ တစ်မျိုးပေါ့။Gtalk Software ရှိပြီး နှစ်ခု ဖွင့်လို့မရရင်ပေါ့ဗျာ။နှစ်မျိုးလုံး ဒီပုံစံလေးပါဗျာ။
C:/Program Files/Google/Google Talk 
အဲ့ဒီ ထဲမှာ ရှိနေတဲ့ Gtalk Icon လေးကို Right Click ထောက်လိုက်ပါ။ပြီးရင် Send To ဆိုတာလေးကို တွေ့အောင်ရှာပါ။Send To ကိုတွေ့ရင် Destop(Create Shortcut) ဆိုတာလေးကို Click လိုက်ပါ။ဒါဆိုရင် မိမိ Computer Destop လေးမှာ Gtalk Icon ပုံ Gtalk Software လေးရောက်ရှိသွားမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင် လုပ်ရမဲ့ အဆင့်ကတော့ အောက်က ပုံလေးတွေ အတိုင်းပေါ့ဗျာ။အဲ့ဒီ Gtalk Icon လေးကို ခုနကလိုပါပဲ Right Click ထောက်လိုက်ပါ။ပြီးရင် Properties ဆိုတာလေးကို Click လိုက်ပါ။
အဲ့ဒီ ပုံလေး အတိုင်း လုပ်ပြီးရင်တော့ အောက်က ပုံလေးအတိုင်း Box လေးတစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီမှာ စတွေ့တော့တာပဲဗျာ။အဲ့ဒီ Box လေးက Shortcut ဆိုတဲ့ Tab လေးကိုသွားလိုက်ပါ။ပြီးရင်အဲ့ဒီ Tab လေးမှာ ရှိတဲ့ Target ဆိုတဲ့ နေရာလေးမှာ အရင်ဦးဆုံး ကျွန်တော်တို့ မြင်ရမှာက အောက်က စာလေးအတိုင်းပေါ့ဗျာ။
"C:\Program Files\Google\Google Talk\googletalk.exe   


အပေါ်က စာလေးအတိုင်း ကျွန်တော်တို့ မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ စာလေးနေရာမှာ ကျွန်တော်တို့ အနည်းငယ် ပြင်ပေးရပါမယ်။အောက်က စာလေး  ဖြည့်ရေးပေးလိုက်ယုံပါပဲဗျာ။googletalk.exe ဆိုတဲ့ စာလုံးလေးရဲ့ အနောက်မှာ ထည့်ပေးရမှာ ဖြစ်ပါတယ်ဗျာ။googletalk.exe'' နဲ့ /nomutex ရဲ့ ကြားမှာ Space Bar တစ်ချက်ခြားဖို့ မမေ့ပါနဲ့နော်။

"C:\Program Files\Google\Google Talk\googletalk.exe" /nomutex လေးဖြည့်ရေးပေးရုံပါပဲ။


အပေါ်က ပုံလေးအတိုင်းပေါ့ဗျာ။ပြီးရင် Apply ဆိုတာလေးကို နှိပ်ပြီး Ok လိုက်ကြပေါ့ဗျာ။ဒါဆိုရင် သူငယ်ချင်းတွေ လိုချင်တဲ့ Gtalk Account နှစ်ခု ဖွင့်လို့ရသွားကြပြီပေါ့ဗျာ။အယ် မှားလို့ နှစ်ခု မဟုတ်ဘူးနော်။အများကြီး ဖွင့်လို့ရသွားပြီပေါ့ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး မရှင်းတာ ဘာရှိသေးလဲဗျာ။မရှင်းရင်လဲ Cbox လေးမှာ ဖြစ်ဖြစ် Comments ပေးထားလို့ရပါပြီဗျာ။ကျွန်တော့ IT Bank ဆိုဒ်လေးကို သဘောကျရင် တခြားသူငယ်ချင်းတွေကိုလဲ လက်ဆင့်ကမ်းပေးကြပါဦးနော်။ပင်လယ်သမုဒ္ဒရာရေ ဆိုတာ တစ်ယောက်တည်းသောက်လို့မှ မကုန်တာပဲနော်။မဟုတ်ဘူးလားဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် နေမကောင်းရင်း Post တင်ရကျိုးနပ်ပါပြီဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                         (Yekyawphyo)
ဒီ တစ်ခါတော့ ကျွန်တော်က Gtalk အသုံးပြုနေကြတဲ့ သူငယ်ချင်းတွေ အတွက် နည်းပညာတစ်ခုလေး ပြောပြပါရစေဗျာ။ကျွန်တော်တို့ Gtalk အသုံးပြုနေကြတဲ့ သူတော်တော်များများဟာ Gtalk Account ကို 1 ထက်မက ရှိတက်ကြပါတယ်။တစ်ချို့ ဆို 6 ၊ 7 ခုလောက်တောင် ရှိတက်ပါတယ်။ဒါကတော့ ပြဿနာမရှိပါဘူး။တစ်ချို့တွေ က VIP Account ဆိုပြီး ထားထားကြပါတယ်။အဲ့ဒီလို  ထားထားတဲ့ သူတွေကျတော့လဲ။မိမိ Account လေးက ပြဿနာ တစ်စုံတစ်ခု ကြောင့် Lock ကျသွားတာတို့ သူများ Hack ခံထိတာတို့ ကျရင် မိမိ Account ထဲမှာ ရှိတဲ့ သူငယ်ချင်း မိတ်ဆွေတွေအားလုံး ကို ဆုံးရှုံးလိုက်ရရင် ကိုယ်လဲ စိတ်မကောင်းဖြစ်မိမှာသေချာပါပဲ။အဲ့တော့ Gmail Account နောက်တစ်ခု ရှိတဲ့ သူတွေ အတွက်တော့ ကျွန်တော် အခု ပြောတဲ့ နည်းလေးက သူငယ်ချင်းတွေ အတွက် အကူအညီပေးပါလိမ့်မယ်ဗျာ။ပြီးတော့ Account အဟောင်းထဲက သူငယ်ချင်းတွေကို Account အသစ်ထဲကို ရိုက်ထည့်နေစရာမလိုပဲ ရောက်ရှိနေအောင်လုပ်တဲ့ နည်းလေးပေါ့ဗျာ။မိမိ ရဲ့ Account ထဲက လူတွေကို မိမိ ရဲ့ VIP Account ထဲသို့ ပြောင်းသုံးချင်ရင်တော့ ကျွန်တော် ပြောတဲ့ အဆင့်လေးတွေ အတိုင်း လုပ်ဆောင် သွားလိုက်ပါတယ်နော်။ကျွန်တော် အောက်မှာ ဓာတ်ပုံလေးတွေ နဲ့ ပြပေးထားပါတယ်ဗျာ။ကဲ စကြတာပေါ့ဗျာ။
အရင်းဆုံး www.gmail.com ကို အရင်ဝင်လိုက်ပါ။မိမိ Gmail Account ရဲ့ ဘယ်ဘက်ထောင့်လေးက Contacts ဆိုတာလေးကို တွေ့အောင်ရှာပါ။ပြီးရင် Click လိုက်ပါ။
ခဏစောင့်လိုက်ပါ။ဒါဆိုရင် မိမိ Gtalk က သူငယ်ချင်းရဲ့ Account နာမည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ပြီးတော့ မိမိ Gtalk Account ထဲမှာ သူငယ်ချင်းတွေ ဘယ်နှစ်ယောက်တောင်ရှိလဲ ဆိုတာကိုပါ ဖော်ပြပေးထားပါတယ်ဗျာ။More ဆိုတဲ့ Tab လေးကို တွေ့အောင်ရှာပြီး  Click လိုက်ပါ။အောက်ကပုံ အတိုင်းတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။

အဲ့ဒီ ထဲကမှ Export ဆိုတဲ့ စာတန်းလေးကို တွေ့ပြီဆိုရင်တော့ Click လိုက်ပါ။အောက်ကပုံ အတိုင်းဆက်ပြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။
အပေါ်ပုံက အတိုင်း တွေ့ပြီဆိုရင် Export ဆိုတာကို Click လိုက်ပါ။ခဏစောင့်နေလိုက်ပါ။Download လုပ်ဖို့ Box လေးကျလာပါလိမ့်မယ်။

အပေါ်က ပုံလေး အတိုင်းပါဗျာ။Save File ကို အမှတ်ပေးထားရပါမယ်။ပြီးရင် Ok ပေါ့။Download ဆွဲနေမှာ ဖြစ်ပါတယ်။ပြီးရင် မိမိ Download လုပ်ထားတဲ့ ဖိုင်ပတ်လမ်း အတိုင်း မိမိ Save ထားတဲ့ ဖိုင်ကို သွားပြီးရှာထားပါ။ပြီးရင် မိမိ ရဲ့ Gmail Account ကို Sign out နဲ့ အပြီးထွက်လိုက်ပါ။ပြီးရင် မိမိ တို့ရဲ့ VIP Account လို့ သတ်မှတ်ထားတဲ့ Account ကို ခုန ဖွင့်ထားတဲ့ တဲ့ Gmail စာမျက်နှာမှာ ပြန်ပြီး Sign In ၀င်လိုက်ပါ။
ကျွန်တော် ပြောထားတဲ့ အပေါ်က အဆင့် အတိုင်းသွားလိုက်ပါ။More ကိုရှာပြီး ခုန ကျွန်တော်တို့ ပြောတဲ့ Expot ရဲ့ အပေါ်က Import ကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။
Browse ဆိုတာလေးကို Click လိုက်ပါကခုန ကျွန်တော်တို့ Download လုပ်ထားတဲ့ ဖိုင်လေးကို ဖိုင်ပတ်လမ်းအတိုင်းရှာပြီး Click လိုက်ပါ။ပြီးရင် Import ကို Click လိုက်ပါ။ အောက်ကပုံလေး အတိုင်းဆက်လက်တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။

ဒီ အဆင့်တွေ အားလုံး ပြီးသွားပြီ ဆိုရင်တော့ ခဏစောင့်လိုက်ပါ။ မိမိ ရဲ့ VIP Gmail Account လို့ သတ်မှတ်ထားတဲ့ Account  ရဲ့ Contacts မှာ အရင် Gmail Account က သူငယ်ချင်းတွေရဲ့ Account တွေ ရောက်ရှိနေတာကို တွေ့မှာ ဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ကျွန်တော် ဆုတောင်းပေးလိုက်ပါတယ်ဗျာ။အဆင်ပြေမပြေခဲ့ရင်လဲ CBox မှာ Comments ပေးထားခဲ့လို့ရပါတယ်ဗျာ။IT Bank Site လေးကို အားပေးနေတဲ့ သူငယ်ချင်းတွေ အားလုံး အဆင်ပြေခဲ့မယ်ဆိုရင် ကျွန်တော် အရမ်းဝမ်းသာပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                          (Yekyawphyo)
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Gmail Account အသစ်တွေ ဖွင့်လို့ မရဘူးဆိုလို့ နည်းလမ်းလေးတွေ ကို ကျွန်တော် အချိန်နဲ့ အမျှကြိုးစားပြီး လိုက်ရှာကြည့်ပါတယ်။လေ့လာတဲ့ အတိုင်းလေးလဲ တွေ့ဖြစ်အောင်ကို တွေ့ခဲ့ရပါတယ်။အဲ့ဒီ အတွက် ကျွန်တော် အရမ်းပျော်မိပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်လဲ တစ်ခါတုန်းက သူငယ်ချင်းတွေလိုပဲ အခက်အခဲတွေ များစွာနဲ့ ကြုံတွေ ခဲ့ရပါတယ်။အဲ့ဒါ ကြောင့် ကိုယ်ချင်းလဲ စာမိပါတယ်ဗျာ။ကျွန်တော့ တုန်းကဆို ကျွန်တော်သုံးနေတဲ့ Account လေးက Lock ကျသွားတာဘယ်လိုမှ လုပ်လို့ မရပါဘူး။အဲ့တော့ နိုင်ငံခြားက သူငယ်ချင်းတွေကို အကူအညီတောင်းရပါတယ်။သူငယ်ချင်းကလဲ ကျွန်တော့ ကိုကူညီပေးရှာပါတယ်။အဲ့ဒီ အတွက်လဲ ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောပါရစေဗျာ။ကျွန်တော် ပြောတဲ့ ဒီနည်းလေးကတော့ သူငယ်ချင်းတွေ အတွက် Gmail Account သစ်တွေလဲ ဖွင့်လို့ရတယ်။ပြီးတော့ Gmail Account Lock ကျသွားလို့ ဘယ်လိုမှ ပြန်လုပ်လို့ မရတဲ့ သူတွေ အတွက်ကော ကျွန်တော်ရှာထားတဲ့ ဒီနည်းလေးက အရမ်းအဆင်ပြေပါတယ်ဗျာ။အသုံးတည့်ကြလိမ့်မယ်လို့လဲ ကျွန်တော်မျှော်လင့်မိပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ တကွ အဆင့်ဆင့် ပြပေးထားပါတယ်ဗျာ။ကျွန်တော်တို့Gmail Account ဖွင့်ပြီးသွားရင် နောက်ဆုံးမှာ ဖုန်းနံပါတ်နဲ့ Verify Code ကို တောင်းတောင်းနေကြလို့ သူငယ်ချင်းတွေ အားလုံးစိတ်ညစ်နေကြတယ် မဟုတ်လား။ပြီးတော့ အဲ့ဒီ ဖုန်းက နိုင်ငံခြားက ဖုန်းနံပါတ်ထည့်ပြီး သုံးမှ အဆင်ပြေကြတယ်လို့ ထင်ကြမှာပါ။အဲ့ဆို မှားသွားပါလိမ့်မယ်။ပြီးတော့ ကိုယ့်နိုင်ငံကို အထင်သေးရာ ကျသွားမှာပေါ့။ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းနံပါတ်လဲ အသုံးပြုလို့ရပါတယ်။မသုံးတက်လို့ မလေ့လာလို့သာ မသိပဲ ကိုယ့်နိုင်ငံက အသုံးမကျဘူးလို့ ထင်မိကျမှာပါဗျာ။ကျွန်တော် ကတော့ ပေရှည်နေမိပြီဗျာ။စိတ်မဆိုးပါနဲ့နော်.။ကျွန်တော်က သူငယ်ချင်းတွေ နားလည်အာင် ရှင်းပြပေးတဲ့ အနေနဲ့ပါ။ကဲ....စကြတာပေါ့ဗျာ။ကျွန်တော်တို့  Gmail Account သစ်ဖွင့်ပြီး နောက်ဆုံး အဆင့်ရောက်ရင် အောက်ကပုံလေး အတိုင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီလို ပုံလေးက Gmail Account Lock ကျလို့ ဘယ်လိုမှ လုပ်လို့မရတော့အခါဆိုရင်လဲ မြင်ရမှာဖြစ်ပါတယ်။ နိုင်ငံခြားက ဖုန်းနံပါတ်ကို ထည့်ပေးရမယ်လို့ ကျွန်တော်တို့တွေက ထင်နေကြပါလိမ့်မယ်။အဲ့လိုလဲ အဆင်ပြေပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းက လူတွေဆိုရင်လဲ အထူးအဆင်ပြေပါတယ်။လုပ်နည်းလေးကတော့ လွယ်ပါတယ်ဗျာ။

မိမိတို့ရဲ့ GSM / CDMA ဖုန်းများရဲ့ နံပါတ်ကို Phone Number ဆိုတဲ့ နေရာမှာ ရိုက်ထည့်ရမှာပါ။မရိုက်ထည့်ခင် တစ်ခု သတိထားရမှာက Voice Call ဆိုတဲ့နေရာလေးမှာ Mark(အမှတ်) လေးအရင်ဦးဆုံးပေးလိုက်ပါ။ပြီးရင် ကျွန်တော်တို့ မြန်မာနိုင်ငံက ဖုန်းအများစုက ``09´´ နဲ့စတယ်ဆိုတာတော့ သူငယ်ချင်းတွေ အားလုံးသိကြမှာပါ။ဥပမာ - 09 1234567 ဆိုကျပါတော့ အရှေ့ဆုံးက ``0´´ ဆိုတဲ့နေရာမှာ ကျွန်တော်တို့က ``+´´ ဆိုပြီးပြောင်းလဲ ပေးရမှာ ဖြစ်ပါတယ်။ကျွန်တော် သူများဖုန်းနံပါတ်ကို ယူသုံးထားတဲ့ အတွက် ဖုန်းနံပါတ်များ တူညီမှုများရှိနေခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။နောက်ကတော့ မိမိရဲ့ ဖုန်းနံပါတ် အပြည့်အစုံကို ရေးပေးရမှာ ဖြစ်ပါတယ်ဗျာ။ပြီးရင်တော့ ``Call my phone with verification code´´ ကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းဆက်လက်တွေ့ ရှိမှာ ဖြစ်ပါတယ်ဗျာ။

အပေါ်က အတိုင်းလုပ်လို့ ပြီးသွားပါက မိမိ ဖုန်းကို ဖွင့်ထားပါ။ခဏ စောင့်နေပေးပါ။ဒါဆိုရင် Google ကနေ မိမိ ဖုန်းကို Voice Call Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါကျရင် မိမိ ဖုန်းကို ကိုင်လိုက်ပါ။အင်္ဂလိပ်လို Massage တစ်ခု ၀င်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ အခါ မိမိအနေနဲ့ သူပြောတာတွေကို သေချာ မှတ်သားရမှာ ဖြစ်ပါတယ်။လွယ်လွယ်လေးပါပဲ။အင်္ဂလိပ်လို ပြောနေတဲ့ ကြားက သချာင်္ဂဏန်း တွေ ပြောလာပါလိမ့်မယ်။အဲ့ဒီ အခါ အဲ့ဒီ သချာင်္ဂဏန်း နံပါတ်လေးတွေကို စာရွှက်လေးနဲ့ ဖြစ်ဖြစ် မှတ်ပြီး အပေါ်က ပုံလေးမှာ ပြထားတဲ့ အတိုင်း ``Verification Code´´ ဆိုတဲ့ နေရာမှာ ခုန ကျွန်တော်တို့တွေ မှတ်ထားတဲ့ Code လေးကို ရိုက်ထည့်ပြီးတာနဲ့ ``Verify´´ ဆိုတာလေးကို Click လိုက်ပါ။ဒါဆို ရင် ကျွန်တော် တို့တွေ လုပ်ရမဲ့ အဆင့်တွေ အားလုံးပြီးဆုံးသွားလို့ အောင်မြင်တဲ့ ပန်းတိုင် ကို ရောက်သွားပါပြီဗျာ။အောက်က ပုံလေး အတိုင်း သူငယ်ချင်းတွေ ရဲ့ မျက်နှာလေးမှာ ပျော်ရွှင်မှုများစွာနဲ့ ပြည့်စုံနေတဲ့ မျက်နှာလေးကို ကျွန်တော် မြင်ယောင်နေမိပါတယ်ဗျာ။


ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် အချိန်ကုန်ခံပြီး လေ့လာရကျိုး ပင်ပန်းခံရကျိုးနပ်ပါတယ်ဗျာ။သတင်းစာတွေ ထဲမှာလို့ Gmail Account သစ်တစ်ခုကို ပိုက်ဆံပေးပြီး ၀ယ်ယူစရာမလိုပဲ မိမိဘာသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော် Post လေးကို လွတ်လပ်စွာ ကူးယူ ဖော်ပြခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင် နာမည်လေးတော့ ထည့်ပေးကြပါလို့ တော့ တောင်းဆိုပါရစေလားဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                          (Yekyawphyo)
ကျွန်တော် ဒီတစ်ခါတော့ Gtalk Chat Window Box ရဲ့ အောက်ဆုံးက Gmail Icon လေးကို Click လိုက်တာနဲ့ မိမိ သုံးနေတဲ့ Account ရဲ့ Gmail တစ်ခါတည်းပွင့်သွားအောင် လုပ်တဲ့ နည်းလေးပါဗျာ။www.gmail.com တွေ ဘာတွေ ရိုက်စရာလဲ မလိုပါဘူးဗျာ။ကဲ စမယ်နော်။ကျွန်တော် ပုံလေးတွေ နဲ့ တကွ ရှင်းပြပေးသွားမှာပါ။
မိမိ Gtalk ကို ဖွင့်လိုက်ရင် အပေါ်က ပုံလေး အတိုင်းမြင်နေရမှာ ဖြစ်ပါတယ်ဗျာ။ဆက်လိုက်ကြတာပေါ့ဗျာ။Firefox ကို အရင် ဖွင့်လိုက်ပါ။ပြီးမှ အောက်ကပုံလေးတွေ အတိုင်းအဆင့်ဆင့် လုပ်လိုက်ယုံပါပဲဗျာ။
Friefox က Tools ကိုအရင်သွားပါ။ပြီးရင် Option ကို Click လိုက်ပါ။အပေါ်ကပုံလေး အတိုင်းပါ။အောက်မှာ ဆက်ကြည့်လိုက်ပါဦးဗျာ။

ကျွန်တော် ပြောတဲ့ အဆင့်လေးတွေ အတိုင်း သူငယ်ချင်းတို့ လိုက်လုပ်ကြည့်လိုက်ပါ။ပြီးရင်တော့ Ok ပေါ့။သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                                                       ကြိုးစားလျက်.......!
                                                                                                                                          (Yekyawphyo)
ဒီ တစ်ခါတော့ ကျွန်တော် Gtalk Box လေးမှာ အင်္ဂလိပ် စာလုံးတွေကို ရိုက်တဲ့ အခါမှာ သူများတွေနဲ့ မတူအောင် မိမိ ရိုက်လိုက်တဲ့ စာလုံးတိုင်းတွေဟာ လန်းလန်းလေး သုံးချင်သူတွေ အတွက်ပေါ့ ဗျာ။အောက်မှာ ကျွန်တော် ပုံလေး တွေနဲ့ နမူနာ ပြပေးထားပါတယ်ဗျာ။မြန်မာလိုတော့ မရပါဘူးဗျာ။
ကို ရိုက်လိုက်တဲ့ စာလုံးလေးဟာ အနက်ဆုံး အရောင်လေးနဲ့ ဖြစ်သွားမဲ့ Font Style လေးပါဗျာ။ဘယ်လို ရိုက်ရတာလဲ ဆိုတော့ Keyboard Shoutcut က Shift+8 ကို တွဲနှိပ်လိုက်ပါ ``*´´ ဒီကြယ်ပုံစံလေး ထွက်လိုက်မှာ ဖြစ်ပါတယ်။အဲ့ဒီ အတိုင်းလေးရိုက်သွားလိုက်ပါ။*မိမိ ထည့်ချင်တဲ့ အင်္ဂလိပ်စာလုံးထည့်ပါ* ဒါဆိုရင် ရသွားပါပြီ။နောက်တစ်ခု ကတော့ စာလုံး Font Style လေးက ဘေးနားလေးကို ခက်စောင်းစောင်းလေး ဖြစ်နေမဲ့ ပုံစံလေးပါ။ကျွန်တော် အောက်မှာ ပုံလေးနဲ့ တကွ ထပ်ပြီး ပြပေးထားပါတယ်ဗျာ။
အဲ့ဒီ လို စာလုံးစောင်းစောင်းလေးတွေ လုပ်ချင်ရင်တော့ Shift + - ကို တွဲပြီးနှိပ်လိုက်ပါ။``_´´ ဒီ မျဉ်းကြောင်းအတိုင်းထွက်လာမှာ ဖြစ်ပါတယ်ဗျာ။_မိမိ ထည့်ချင်တဲ့ အင်္ဂလိပ်စာလုံးထည့်ပါ_  ဒါဆိုရင် မိမိတို့လိုချင်တဲ့ အင်္ဂလိပ်စာလုံး စောင်းစောင်းလေးများကို မိမိအနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ ဒီလောက်ဆိုရင်တော့ သူငယ်ချင်းတွေ အားလုံး အင်္ဂလိပ်စာလုံးလှလှလေးများကို ရိုက်ပြီးအသုံးပြုလို့ရမှာ ဖြစ်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။
                                                                                                                                       ကြိုးစားလျက်....!
                                                                                                                                        (Yekyawphyo)
ကဲ ဒီတစ်ခါတော့ ကျွန်တော် Site လေးကို ဖတ်ရှုအားပေးနေကြတဲ့ သူငယ်ချင်းတွေ အားလုံး Gtalk သုံးနေရင်းကနေ မိမိ မသိတဲ့ English Meaning တွေကို မြန်မာလို ဘာသာ ပြန်ပေးတဲ့ အဘိဓာန် Account လေးတစ်ခုလက်ဆောင်ပေးပါရစေဗျာ။အရင်တုန်းက ကျွန်တော်တို့ သုံးနေတဲ့ en2mm10@mmgeeks.org လေးက အလုပ်သိပ်မလုပ်တော့ပါဘူးဗျာ။ပြီးတော့ ဘာသာပြန်ပေးတာလဲ သိပ်ပြီးမစုံလင်လှပါဘူး။အခု ကျွန်တော် ပေးမဲ့  Account လေးက သူငယ်ချင်းတွေ အတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။လိုချင်ရင်တော့ အမြန်ဆုံးလေးသာ eng2myn@gmail.com လေးကို မိမိ Gtalk မှာ Add ထားလိုက်ကြပါတော့ဗျာ။ကဲ သူငယ်ချင်းတွေ အားလုံးပျော်ရွှင်ပါစေဗျာ။သူငယ်ချင်းတွေ အတွက် အထောက်အကူဖြစ်မယ် ဆိုရင် ကျွန်တော် ကျေနပ်ပါတယ်ဗျာ။
                                                                                                                                          ကြိုးစားလျက်....!
                                                                                                                                           (Yekyawphyo)


ဒီတစ်ခါတော့ ကျွန်တော်တို့ အခုနောက်ပိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Gmail Account တွေ အလွယ်တကူဖွင့်လို့မရတာတွေ့နေရပါတယ်။Account တစ်ခု ဖွင့်ချင်ရင် နောက်ဆုံး အဆင့်မှာ Mobile Phone No. တွေတောင်းနေတာကိုလဲ တွေ့ရမှာပါ။အဲ့ဒီ အခါ ဖုန်းနံပါတ်တွေကိုလဲ ကိုယ့်နိုင်ငံက ဖုန်းနံပါတ်လဲ မကြိုးစားပေးပါဘူးဗျာ။အဲ့ဒီတော့ နိုင်ငံခြားနဲ့ အဆက်အသွယ်ရှိတဲ့သူတွေ ကျတော့ သူ့တို့ဆီက ဖုန်းနံပါတ်တောင်းပြီး အကောင့် ဖွင့်တာတို့ ဘာတို့ ရှိပါတယ်။နောက်ပြီးနိုင်ငံ ခြားသူတွေကို Account လုပ်ခိုင်းပြီး ဒီမှာ Account တွေကို ပိုက်ဆံနဲ့ ရောင်းနေကြတာကို တရားဝင် Internet ဂျာနယ်ထဲမှာ အပတ်စဉ်တွေ့နေရပါတယ်။Gmail Account တစ်ခုကို 9000 ကျပ်နှုန်းနဲ့ပါ ရောင်းနေတာကိုကျွန်တော် တွေ့ခဲ့ရပါတယ်။တကယ်လဲ အဲ့လို ရောင်းနေကြတာပါ။အဲ့ဒီ အတွက် သုံးတဲ့ သူတွေ အစားကျွန်တော် စိတ်မကောင်းတော်တော် ဖြစ်မိပါတယ်ဗျာ။ဒါလဲ ကိုယ်တက်တဲ့ ပညာကို လုပ်စားရတာဆိုတော့လဲ အပြစ်ပြောလို့တော့မရပါဘူးဗျာ။သူတို့လို တက်ချင်ရင် သူတို့တွေလို အချိန်တွေကိုပေး လေ့လာနိုင်ရဲ့လားဆိုတာ မိမိ ဘာသာစဉ်းစားကြည့်ပါဗျာ။အဲ့လို နိုင်ငံခြားမှာ အဆက်အသွယ်ရှိတော့ ကောင်းတာပေါ့ဗျာ။ကျွန်တော်တို့လို သာမန်လူတွေ အတွက်တော့ ငွေကြေးအရမ်းကုန်ပါတယ်ဗျာ။ဒါမဲ့ သူတို့ ဖွင့်ပေးတဲ့ Account တွေက 1 ပတ်ပဲ ခံပါတယ်။ပြီးရင် အကောင့် Lock ကျသွားတာတို့ ဖြစ်ပါတယ်ဗျာ။အဲ့ဒါ ကိုတော့ ကျွန်တော် လက်တွေ့ မြင်ခဲ့ရတာပါ။ G-Mail Account ဖာက် ချင်တယ်ဆိုရင် အရင်တုန်းကလို လွယ်လွယ်ကူကူ ဖောက်လို့မရတော့ ပါဘူး .. အကောင့် တစ်ခုဖောက်ချင်ပြီ ဆိုရင် Security ပိုင်းအရ ပိုပြီးလုံခြုံမှုရှိလာအောင် Verification လုပ်ပေးပြီး Code ထည့်ပေးမှ အကောင့်အသစ် တစ်ခုကို ဖောက်လို့ရမှာဖြစ်ပါတယ်။ကဲ ကျွန်တော်တို့ စကြရအောင်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ.ကော စာတွေနဲ့ကော အတက်နိုင်ဆုံး ရှင်းပြပေးသွားပါ့မယ်ဗျာ။အရင်ဦးဆုံး မိမိလက်ရှိသုံးနေတဲ့ Gmail Account တစ်ခုကို ဖွင့်လိုက်ပါ။အောက်က Link လေးမှာ အရင် ၀င်လိုက်ပါ။

http://www.gmail.com

မိမိ Gmail Account ကို ဖွင့်လိုက်ပါ။ဖွင့်ပြီးပြီ ဆိုရင် အောက်ကပုံလေး ကိုကြည့်ပါ။


Invite A Friend ဆိုတဲ့ အကွက်လေးမှာ မိမိ ဖောက်ချင်တဲ့  Account တစ်ခုခုကို Add လိုက်ပြီး Send Invite ကို နှိပ်လိုက်ပါ။တစ်ခု သတိထားရမှာက မိမိဖောက်ချင်တဲ့ Account ဟာ သူများအသုံးမပြုရသေးတဲ့ Account ဖြစ်ဖို့လိုအပ်ပါတယ်။Add ပြီးပါက အောက်ကပုံလေး အတိုင်း မိမိရဲ့ Gmail မှာ ရောက်ရှိနေမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ Mail ကို ဖွင့်လိုက်ပါ။
 အောက်က ကျွန်တော် ပြထားတဲ့ ပုံလေးအတိုင်း ဆက်လက်တွေ့ရှိမှာ ဖြစ်ပါတယ်ဗျာ။


အဲ့ဒီ မှာ Sign Up လုပ်ဖို့ Link လေးကို အဆင်သင့်ပေးထားပါလိမ့်မယ်။အဲ့ဒီ Link လေးကို Copy ကူးလိုက်ပါဗျာ။ကျွန်တော် တို့အခု Copy ကူးထားတဲ့ Link လေးကို Internet Explorer(IE) ရဲ့ Web Address Bar လေးမှာ Paste လုပ်လိုက်ပါ။ပြီးရင် ခဏစောင့်ပါ။Account အသစ်ဖောက်တဲ့ စာမျက်နှာ ကျလာပါက မိမိ စိတ်ကြိုက်နာမည် ဖြင့် Account အသစ် တစ်ခု ဖွင့်လို့ရမှာ ဖြစ်ပါတယ်ဗျာ။



တစ်ခု သတိထားရမှာကတော့ Re-enter Password ဆိုပြီး ရိုက်ပြီးသွားတာနဲ့ အောက်က Stay Signed in  နဲ့ Enable Web History ဆိုတဲ့ အကွက်လေး နှစ်ခုမှာ အမှန်ခြစ်လေး ပေးထားခဲ့ရင် အဲ့ဒီ အမှန်ခြစ်လေး နှစ်ခုကို ဖြုတ်ပေးရမှာ ဖြစ်ပါတယ်။အဲ့ဒါမှ အဆင်မပြေဘူးဆိုရင် Stay Signed in ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးဖြုတ်ပြီး Enable Web History ဆိုတဲ့နေရာမှာ အမှန်ခြစ်လေးပေးလိုက်ပြီး From ကိုဆက်လက်၍ ဖြည့်ကြည့်ပါဗျာ။ပြီးရင် အောက်မှာ လိုအပ်တဲ့ မေးခွန်းတွေရဲ့ အဖြေကို သေချာစစ်ဆေးပြီး ဖြေပါ။အားလုံး ပြီးသွားပြီဆိုရင်တော့ I accept Create my account ဆိုတဲ့ စာတန်းလေးကို Click တစ်ချက်နှိပ်လိုက်ပါ။ဒါဆိုရင်တော့ မိမိ လိုချင်လှပါတယ်ဆိုတဲ့ Gmail Account အသစ်လေးတစ်ခုကို ရရှိသွားမှာ ဖြစ်ပါတယ်ဗျာ။အားလုံး Ok သွားပြီဆိုရင်တော့ အောက်ကပုံလေး အတိုင်း ကျလာမှာ ဖြစ်ပါတယ်ဗျာ။
အဲ့ဒီ အခါကျရင် Show me my account ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။ပြီးရင်တော့ မိမိ ဖွင့်ထားတဲ့ Gmail Account အသစ်ရဲ့ Gmail Inbox ကြီးတစ်ခု ကျလာမှာ ဖြစ်ပါတယ်ဗျာ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။ဒါဆို မိမိတို့ လိုချင်တဲ့ Gmail Account သစ်ဖွင့်နည်းနဲ့ မြန်မာနိုင်ငံမှာ Gmail Account သစ်တွေကို ပိုက်ဆံနဲ့ ၀ယ်စရာမလိုပဲ Free အသုံးပြုလို့ရမှာ ဖြစ်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး အဆင်ပြေချောမွေ့ပါစေဗျာ။အခက်အခဲ တစ်စုံတစ်ရာများရှိခဲ့ပါက CBox တွင် Comment ရေး၍ထားခဲ့နိုင်ပါတယ်ဗျာ။ကျွန်တော် သိသလောက်တက်သလောက်လေး ပြောပြပေးပါ့မယ်ဗျာ။


(မှတ်ချက် - မိမိအနေနဲ့ Account အသစ် From ဖြည့်ရာတွင် အသုံးပြုထားခဲ့သော မေးခွန်းတွေ အဖြေတွေကို မိမိ အနေနဲ့ ဦးနှောက်နဲ့ ဖြစ်ဖြစ် NoteBook စာအုပ်လေးနဲ့ ဖြစ်ဖြစ် မပျောက်ပျက်အောင် သိမ်းစည်းပေးထားကြပါလို့တော့ ပြောပါရစေဗျာ။မသိမ်းထားပါက မိမိ Account ပြဿနာတစ်စုံတစ်ဖြစ်ခဲ့ပါက အဲ့ဒီ မေးခွန်း အဖြေလေးတွေက မိမိ တို့ကို သမာဓိရှိတဲ့ တရားသူကြီးတစ်ဦးအနေဖြင့် သက်သေခံအဖြစ် လိုက်ပေးမှာဖြစ်ပါတယ်ဗျာ။)
                                                                                                                                      ကြိုးစားလျက်......!
                                                                                                                                        (Yekyawphyo)

Connection တွေ မကောင်းတဲ့ ကြားက ကျွန်တော်  သူငယ်ချင်းတွေ ကို သတိရနေမိတာတော့ အမှန်ပါပဲဗျာ။ကဲ ဒီတစ်ခါလည်း မြန်မာနိုင်ငံမှာ Connection တွေ ကျနေတာတော့ လူတိုင်းသိပြိးသားဖြစ်မှာပါ။အဲ့ဒီလို အဆိုးတွေထဲက အကောင်းလေးတွေကို ကျွန်တော်က ရှာပြီး သူငယ်ချင်းတွေ ရဲ့ဖြစ်နေတဲ့ အခက်အခဲ အလုပ်တွေ အဆင်ပြေအောင်လို့ ကျွန်တော်ရဲ့ မအားတဲ့ အချိန်လေးတွေကို ဖျက်ပြီးသူငယ်ချင်းတွေ အတွက် သဘောအကျဆုံးဖြစ်မဲ့ လက်ဆောင်လေးတစ်ချို့ ပေးပါရစေဗျာ။ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတော်တော်များများဟာ Gtalk Gmail ကိုအသုံးအများဆုံး ဖြစ်တယ် ဆိုတာ လူတိုင်းသိကြမှာပါ။အဲ့လို အချိန်တွေမှာ ရုံးမှာ အလုပ်လုပ်တဲ့ သူတွေဆို အလုပ်ကလဲ အရေးကြီးနေပြီ။Connection ကလဲ မရဖြစ်နေ တော်တော်ခက်ခဲကြမှာပါ။အဲ့ဒီ အပြင် တစ်ချို့ ကိုယ်ပိုင်အင်တာနက်မရှိပဲ အင်တာနက်ဆိုင်တွေမှာ ပိုက်ဆံပေးသုံးပြီး Connection မရလို့ စိတ်ညစ်နေတဲ့ သူတွေ အတွက် တော့ ကျွန်တော့ လက်ဆောင်လေးက သူငယ်ချင်းတွေ အတွက် တန်ဖိုးရှိကောင်းရှိပါလိမ့်မယ်။ကဲ ထားပါလေ။ကိုရဲရဲ ကတော့ ပေရှည်နေပြီ လို့ ထင်နေကြဦးမယ်။ခုကနေ ပဲ စလိုက်ကြတာပေါ့ဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံလေးတွေ နဲ့ကော လိပ်စာတွေနဲ့ကော သူငယ်ချင်းတွေ ဖတ်လို့ အဆင်ပြေအောင် ကျွန်တော်တင်ပေးထားပါတယ် အောက်က ပုံလေးတွေရဲ့ Web Site လိပ်စာလေးတွေသာမှတ်ထားလိုက်ကြတော့ဗျာ။


ဒီပုံလေး အတွက် လိပ်စာကတော့ http://www.livego.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://karoolark.com  ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.iwantim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.iloveim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.meebo.com/messenger ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://www.koolim.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ http://express.instan-t.com ပါ။

ဒီပုံလေး အတွက် လိပ်စာလေးကတော့ https://imo.im ပါ။
ကဲ သူငယ်ချင်းတွေ ဒီလောက်ဆိုရင် အဆင်ပြေလောက်ပြီလို့ ထင်ပါတယ်ဗျာ။ကျွန်တော် အကြိုက်ဆုံး သုံးရတာအပေါ့ဆုံးနဲ့ အလျင်မြန်ဆုံး Site လေးကတော့ http://www.livego.com နဲ့ http://www.iwantim.com ပါဗျာ။သူငယ်ချင်းတွေလဲ သုံးကြည့်ကြပါဗျာ။နောက်တစ်ခု လက်ဆောင်လေးကတော့ Gtalk Box လေးက Connection Tab လေးမှာ အသုံးပြုလို့ရတဲ့ Proxy Number လေးတွေပါဗျာ။ဘယ်လို ထည့်ရတာလဲ လို့ မေးတဲ့ သူတွေ မရှိသေးခင် ကျွန်တော်က အရင်ပြောပြပေးသွားပါ့မယ်ဗျာ။သိပြီးသားသူတွေ ရှိနေခဲ့ရင်လည်း တောင်းပန်ပါတယ်ဗျာ။Gtalk Box ရဲ့ ညာဘက်ရဲ့ထပ်ဆုံးမှာ Setting/Help ဆိုတဲ့ နေရာလေးမှာ Setting ကို Click လိုက်ပါ။ပြီးရင် Connection ဆိုတဲ့ Tab လေးကိုရှာပါ။တွေ့ပြီင်္ဆိုရင် Click လိုက်ပါ။Use the following proxy:  ဆိုတဲ့ နေရာလေးမှာ အမှတ်ကလေးပေးလိုက်ပါ။ကျွန်တော် Sample တစ်ခုအနေနဲ့ နံပါတ်လေးသုံးပြထားမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီမှာ
Host: ဆိုတဲ့ နေရာမှာ 222.165.130.82 ဆိုပြီးရိုက်ထည့်လိုက်ပါ။Port: ဆိုတဲ့ နေရာမှာ 80 လို့ရိုက်လိုက်ပါ။ပြီးရင် Proxy requires Authentication ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ပေးပြီး အောက်ဆုံးက Ok လေးနှိပ်ပြီး မိမိ ရဲ့ Gtalk အကောင့်ကို ရိုက်ပြီး အသုံးပြုလို့ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော် သိသလောက် Proxy နံပါတ်လေးတွေပါဗျာ။
190.6.166.15:6588
201.80.179.2:6588
59.25.9.95:2188
218.182.178.22:8080
219.104.241.174:8080
221.16.4.101:80
80.76.139.61:3128
210.254.114.244:80
88.39.112.49:8080
68.47.125.229:2469
220.44.245.83:8080
71.240.120.60:8080
221.151.103.84:8080
81.202.122.246:6588
201.33.38.149:6588
213.179.245.125:80
201.33.32.136:6588
72.131.24.158:2385
24.63.158.103:2348
24.18.39.149:2230
219.10.112.92:8080
75.57.111.31:2274
65.96.84.33:2278
69.14.179.39:22248
24.239.205.150:2618
69.245.206.32:2552
71.142.76.141:2430
87.225.72.231:3128
61.135.206.11:9267
218.28.46.250:818
201.80.170.27:6588
202.181.246.68:4691
75.180.38.91:2384
211.97.104.225:3380
220.46.192.95:8080
218.253.180.37:8080
222.145.77.236:4827
200.251.238.93:6588
200.141.196.35:6588
58.221.249.34:28837
201.80.18.162:6588
74.136.104.48:2362
195.116.60.1:3128
61.75.192.135:8080
82.207.109.133:3128
66.63.96.96:7212
190.67.12.246:1080
218.28.6.154:15545
220.40.60.17:8080
61.60.21.226:80
196.3.143.25:6272
220.135.133.67:29610
201.80.176.131:6588
201.80.238.117:6588
61.105.174.6:23912
86.6.5.162:7212
210.221.146.126:8080
201.80.199.29:6588
220.176.78.62:11168
200.218.140.56:6588
220.176.78.62:10511
201.6.121.46:6588
71.80.66.88:19670
74.138.215.170:2597
71.238.54.181:6588
75.134.138.192:2539
12.214.227.97:2550
200.233.207.55:6588
148.244.244.182:8082
124.138.92.206:8338
68.3.171.31:2273
202.138.185.114:21476
210.192.124.167:8080
213.137.130.166:8080
202.64.220.99:8080
123.242.235.106:8080
201.252.27.72:6588
69.242.94.111:2516
194.90.18.23:8080
122.21.232.169:8080
190.3.39.134:6588
200.89.33.142:6588
218.242.245.230:808
219.240.36.173:4480
71.130.102.141:2444
212.0.126.202:80
210.180.236.137:8080
200.177.160.52:6588
220.70.191.37:3588
221.12.149.163:808
123.248.187.170:8080
69.247.70.13:2399
200.11.200.170:6588
66.98.212.79:8888
58.21.128.78:22172
69.140.67.5:2281
218.136.154.39:8080
61.156.35.210:8080
68.81.163.104:2416
58.85.145.115:1080
200.67.123.120:3128
211.211.124.94:8080
61.135.206.11:25497
60.190.96.26:6484
68.58.12.245:6641
123.236.97.16:6588
122.217.76.246:8080
122.214.74.85:8080
201.231.45.71:8000
121.92.130.198:30390
201.17.56.250:6588
201.17.237.240:6588
210.3.12.26:29628
201.21.152.178:6588
59.20.50.126:2255
58.79.237.25:8080
201.17.218.129:6588
125.103.13.232:8080
202.180.200.167:8080
76.20.206.253:7212
201.36.165.50:6588
213.96.216.84:80
213.84.178.50:8080
217.64.59.190:80
12.217.141.156:2526
61.135.206.11:32414
220.176.78.62:10034
210.167.186.17:80
61.135.206.11:15645
58.221.249.34:23856
71.140.173.217:2601
125.215.242.163:3128
59.159.111.66:8080
218.56.8.71:8080
87.245.133.131:3128
201.250.173.107:6588
200.67.31.248:3128
74.53.85.146:7845
24.193.14.194:7212
68.72.9.108:2257
217.219.148.68:3128
211.200.130.214:8080
58.79.204.83:8080
61.178.73.149:3167
70.177.247.69:2563
200.171.232.21:6588
24.107.188.127:2446
75.68.205.201:2549
200.78.117.240:3128
217.112.90.4:3128
200.78.117.243:3128
124.138.92.206:15642
221.11.11.202:30781
124.33.234.199:80
58.221.249.34:21467
121.182.35.233:2571
201.17.106.92:6588
200.164.231.157:6588
190.156.33.228:6588
190.128.30.80:8080
60.250.225.250:20463
125.135.15.194:8080
220.161.204.2:24408
201.54.165.35:6588
76.101.115.76:7212
82.40.203.177:7212
201.80.4.50:6588
72.131.51.153:2407
61.44.255.214:8080
24.13.177.31:7212
201.17.88.13:6588
125.212.41.123:16786
24.56.14.209:7212
201.0.9.156:6588
219.35.202.154:8080
201.82.43.167:6588
71.13.143.163:2390
59.30.41.147:8080
210.20.103.214:8080
71.59.0.31:2161
163.26.145.125:80
71.204.199.208:2682
68.112.130.123:2433
24.236.194.54:2508
207.191.199.229:282661.142.81.37:808
67.167.19.106:2359
216.10.77.2:8210
24.236.155.1:2416
76.171.16.198:2461
202.99.204.66:3128
221.88.197.27:8080
70.128.95.34:2327
201.136.159.129:3128
193.174.67.187:3124
222.101.93.146:2562
219.43.84.21:80
129.12.3.75:3127
129.12.3.75:3128
76.111.178.128:2493
219.240.36.175:4480
201.33.32.247:6588
            ကဲ သူငယ်ချင်းတွေ အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ အတွက် အကျိုးရှိတဲ့ Post လေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် မအားတဲ့ကြားက ပေးခဲ့ရတဲ့ အချိန်တွေ အတွက် ကျွန်တော် ကျေနပ်ဝမ်းသာမိပါတယ်ဗျာ။အခက်အခဲ တစ်စုံတစ်ရာများရှိရင် ကျွန်တော့ ကိုပြန်ပြောနိုင်ပါတယ်နော်။ဒီ Post လေးဟာကျွန်တော့ ကိုယ်ပိုင် Post လေးတစ်ခု ဖြစ်တာကြောင့် လွတ်လပ်စွာကူးယူဖော်ပြခွင့်ရှိပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင်နာမည်လေးတော့ ထပ်ပေးကြပါလို့တော့ တောင်းဆိုပါရစေဗျာ။
                                                                                                                                         ကြိုးစားလျက်.....!
                                                                                                                                           (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -