Showing posts with label (ရသ). Show all posts
(အမေ)
ဘ၀မှာဖြတ်သန်းမှုတွေအမျိုးမျိုးနဲ့ ဘ၀တိုက်ပွဲကြီးကို ကံ၊ညဏ်၊၀ီရိယ
စစ်သူကြီးသုံးဦးက ဦးဆောင်တိုက်ခိုက်နေကြတယ်..
အမေပေးတဲ့ အသိလေးနဲ့  ငါလူဖြစ်ခဲ့ရင်း ရောင်စုံပန်ချီကားအောက်မှာ
ဆေးစက်ကျရာအရုပ်ထင် ရေးနေကြရတယ်လေ
အပုပ်ကောင်ကို သရုပ်ဆောင်တဲ့ငါတို့ ရုပ်ခန္ဒာတွေကိုလည်း
ရုပ်ပြောင်မဖြစ်အောင်လည်း အမေအလှဆင်ပေးခဲ့တယ်
အဟံဝန္ဒာမိပါအမေ.....!
စေတနာကိုသေချာမသိပဲ ပေတစ်ရာပေါ်က ဂေါ်လီလုံးလို
လိမ့်ချင်ရာလိမ့်ခဲ့ကြမှာပါ
လက်ချောင်းညီညာမှုမရှိတဲ့ လူ့လောကထဲမှာ
အပျံသင်စငှက်တစ်ကောင်လိုလည်း
ပြုတ်ကျခဲ့တာအကြိမ်ကြိမ်ပေါ့...
ဘ၀တစ်ဆစ်ချိုးမှာ အပေါ်ယံအချစ်မျိုးတွေနဲ့ပုံမှားရိုက်တာခံခဲ့ရလို့
စိတ်ညစ်လို့အမေ့ကိုတမ်းတ လွမ်းခဲ့မိပါတယ် အမေ။
အဲ့ဒီ နောက်တော့ အသိတစ်ချက်ဆေးတစ်ခွက်အဖြစ်သောက်သုံးရင်း
မနက်ဖြန်အတွက် ဘ၀အသစ်ကို အုတ်မြစ်ရနိုင်ခဲ့တယ်လေ။
အမေ ကျွန်တော်ဟာ ခလုတ်ထိမှ အမိတတဲ့သားလေးပါအမေ
သားကို နားလည်ပေးပါနော်။
သား သိလိုက်ပြီ (အမေ) (ဘ၀)ဆိုတာကို
အမေပေးတဲ့ အသိလေးကို တစ်ကျော့ပြန် ပြန်ကျက်ပြီး
(လု၊လူ၊လူး) ဆိုတဲ့ လူသုံးမျိုးတွေနဲ့ နေတက်အောင်ကြိုးစားနေပါပြီ အမေ
သားလေး လက်အုပ်မြင့်မိုးရှိခိုး ကန်တော့လိုက်ပါတယ် ခင်ဗျာ။
မေမေ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ နေနိုင်ပါစေလို့ သားလေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
အမေ ရေ သားအတွက် အမေဟာ ဘယ်သူဖြစ်နေပါစေ အမေဟာ အမေပါပဲ။ဘာဖြစ်လို့လဲ ဆိုတော့ အမေဟာ သားကို မမွေးခင် သားရဲ့ ကိုယ်လုံးလေး ကို ကိုးလလုံးလုံးအလေးခံပြီး သွယ်ပေးထားရတယ်လေ။ပြီးတော့ အမေ သားကို မမွေးခင်ပဋိသန္ဓေ ရှိတယ်ဆိုကတည်းက အမေစားချင် တဲ့ အစားအစာတွေ အချဉ်အစပ်တွေ ကောင်းကောင်းမစားခဲ့ရဘူးလေ။ငါ ဒီဟာတွေကို စားရင် ငါ့ ဗိုက်ထဲက သားလေး သမီးလေး များ တစ်ခုခုဖြစ်နေမလားဆိုပြီး စိုးရိမ်နေတာကို အမေ့ရဲ့ မေတ္တာကို သားလေး ရခဲ့ပါတယ်။အမေ့ဗိုက်ထဲမှာ သားကို ပဋိသန္ဒေယူတယ်ဆိုကတည်းက သင်္ချီုင်းဂုန်းကို ကိုး ကြိမ် တိတိ မျက်စောင်းထိုးခဲ့ရသေးတယ်နော်။ပြီးတော့ သားကို လူ့လောက ထဲကို သားမမြင်ဘူးတာတွေ မသိတာတွေ ကို သင်ကြားပြသပေးပြီး ဆွဲခေါ်ပေးခဲ့တဲ့ ``မေမေ´´ ရေ သားလေး ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။အမေ ရေ နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ လို့ပြောပါရစေ။သားအတွက် အမေဟာလေ ဘာသာခြားရယ်လို့ မရှိပါဘူး အမေ အမေမှန်ရင်လေ သားအတွက်တော့ အမေဟာ အမေပါပဲ။အမေ ဟာလေ ကျွန်တော့ မျက်စိထဲမှာ မိန်းမရွှင်ဖြစ်နေပါစေ အမေဟာ အမေပါပဲ။အမေဟာ ဘယ်လောက်ထိ စိတ်ဓာတ်မကောင်းပါစေ သားအတွက်တော့အမေဟာ အမေပါပဲ။အမေမှာ နူနာရောဂါ စွဲကပ်နေပါစေ သားအတွက်တော့ အမေဟာ အမေပါပဲ။လူတွေ က အမေ့ကို ဘယ်လောက်ထိ မကောင်းပြောပါစေ သားအတွက်တော့ အမေဟာ အမေပါပဲ အမေရယ်။အမေ မေတ္တာဟာ သားအတွက်တော့ စမ်းရေထက်မက အေးမြလှပါတယ် အမေရယ်။ဘာပဲ ဖြစ်ဖြစ် အမေ မေတ္တာကို စာဖွဲ့ရင် လောက်မှာတောင် မဟုတ်ပါဘူး အမေရယ်။ဘာပဲ ဖြစ်ဖြစ် သား ဒီ Post လေးတင်ရင်း အမေကို သား လက်အုပ်မြင့်မိုး ရှိခိုး ကန်တော့ပါတယ် အမေရယ် သားကို လူပုံအလယ်မှာ လူတွေကြားထဲ ၀င်ဆံ့နိုင်အောင် မွေးထုတ်ပေးခဲ့ပြီး သား ဒီအရွယ်ထိရောက်အောင် ပညာတွေသင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့လို့လေ။အမေ့ မေတ္တာ အေးအေးမြမြလဲ သားရခဲ့ပါတယ်။ကျေးဇူးလဲ တင်လို့မဆုံးပါဘူး အမေရယ်။သား အရမ်းပျော်တယ် အမေ ဒီနေ့မှာကျရောက်တဲ့ အမေများနေ့မှာ အမေ့အတွက် အမှတ်တရ Post လေးတစ်ခုကို သားရင်ထဲကနေ မှတ်မှတ်ရရ တင်ပြနိုင်ခဲ့လို့လေ။
မေမေ့ ရဲ့ အချစ်ဆုံးသားလေး
(Yekyawphyo)
ကဗျာဆရာ - သော်ဇင်အုန်းရဲ့ (အမေအို) ဆိုတဲ့ ကဗျာလေးပါ။
Tuesday, December 18, 2012
Posted by Ye Kyaw Phyo
ကျွန်တော် နည်းပညာ Post တွေနဲ့ ကျန်းမာရေး Post တွေချည်းပဲ တင်နေရတာ နည်းနည်းလေး ညှီးငွေ့နေတာနဲ့ ကဗျာလေးတစ်ပုဒ်လောက် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးကို စိတ်အပြောင်းအလဲ လေး ဖြစ်သွားအောင် မျှဝေပေးပါရစေဗျာ။ဒီ ကဗျာလေးကို ကျွန်တော် သိသိခြင်း အရမ်းကို ကြိုက်သွားတာပဲဗျာ။အခုခေတ် ကျွန်တော်တို့လို လူငယ်လေးတွေ စကားနဲ့ ပြောမယ်ဆိုရင် ဒီ ကဗျာလေးက ကျွန်တော့နှလုံးသားကို လုံးဝ Heart ထိသွားမိတယ်ဗျာ။ဘာဖြစ်လို့လဲ ဆိုတော့ ဒီ ကဗျာလေးက အမေနဲ့ ပတ်သတ်ပြီး ရေးသားထားတဲ့ ကဗျာလေး တစ်ပုဒ်မို့လို့ပါပဲ။ဒီ ကဗျာလေးကို ရေးသားထားတဲ့ ကဗျာဆရာ နာမည်ကတော့ ဆရာ သော်ဇင်အုန်း ပဲဖြစ်ပါတယ်ဗျာ။အဲ့ဒီ ကဗျာလေး နာမည်ကတော့ (အမေအို) ဖြစ်ပါတယ်ဗျာ။
``အမေ အို´´
ညဆိုတာနဲ့ အိပ်ပြစ်လိုက်ရမှာလား
သားလေးတွေ သမီးလေးတွေ ပြန်ငယ်သွားရင် ကောင်းမှာ
ပုံပြင်တွေ ပြောပြမယ် ကစားစရာတွေ ၀ယ်ပေးမယ်
တစ်ယောက် တစ်လှည့်လာတိုင်လှည့်ကြပါဦး..။
အမေ့မျက်နှာပြုံးလို့ ..... ဒါမင်းဖို့ ဒါမင်းဖို့
ချွေးခံအကျီင်္ အိတ်ကပ်ထဲက ထုတ်ပေးလိုက်မယ်
အားလုံး ........ အတူတူ။
ကဗျာဆရာ ~ (သော်ဇင်အုန်း)
![]() |
| Fig ~ 1 |
ကဗျာလေးက အနည်းငယ် တိုပေမဲ့ အဲ့ဒီ ကဗျာလေးရဲ့ အဓိပ္ပာယ်က အရမ်းကို နက်ရှိုင်းလွန်းလှပါတယ်ဗျာ။ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးလေးလဲ ဒီ ကဗျာလေးကို ကျွန်တော့လိုပဲ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် ရေးထားတာလေးပါ။အဲ့ဒီ စကားလုံးတွေဟာ ကျွန်တော် တွေ့တဲ့ နေရာကနေ ကူးယူထားတာလဲ မဟုတ်ပါဘူး။ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားဟောခဲ့တဲ့ အမှန်တရားတွေပါဗျာ။အဲ့ဒီ စကားလုံးတွေ အတိုင်းကျွန်တော် စဉ်းစားကြည့်မိတယ်ဗျာ။အမှန်တကယ်ကို ဖြစ်နေတာ ကျွန်တော် တွေ့ရပါတယ်။အခုခေတ်လူငယ်တော်တော် များများဟာ ဘာသာအသိတရားနှင့် တဖြည်းဖြည်းဝေးကွာ
လာကြပါတယ် ။ဒါတွေကိုကြိုမြင်လို့  ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားက'' နောင်တစ်ချိန်မှာ ဗုဒ္ဓဘာသာ (၅) မျိုးကွဲမယ်လို့ ဟောတော်မူခဲ့ ပါတယ်"
၁။ကုလဗုဒ္ဓဘာသာ
၂။လာဘဗုဒ္ဓဘာသာ
၃။ဘယဗုဒ္ဓဘာသာ
၎။သဒ္ဓါ ဓိကဗုဒ္ဓဘာသာ
၅။ပညာဓိကဗုဒ္ဓဘာသာ
မိရိုးဖလာအလိုက် လိုက်၍ကိုးကွယ်သူ ဗုဒ္ဓဆိုတာဘာမှန်းမသိ ၊ တရားဆိုတာဘာမှန်းမသိ ရိုသေရကောင်းမှန်းမသိတဲ့ ဗုဒ္ဓဘာသာဝင်။
လာဘဗုဒ္ဓဘာသာ ။ ။ လာဘ်လာဘကြောင့်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ။ တစ်ချို့
အိမ်တွေမှာ ဒီဘုရားကငါနဲ့ မတည့် ဘူး ။ ဘာနေ့ နံနဲ့ ထုထားတဲ့ ဘုရားကမှ
ငါနဲ့ တည့် တာ ။ အိမ်မှာရန်မဖြစ်စေဘူး ။စီးပွားတတ်တယ် စတာတွေပေါ့  အ
ပြင်မှာတစ်ကယ်တွေ့ ဖူးပါတယ် ဒီလိုဗုဒ္ဓဘာသာဝင်တွေ။
ဘယဗုဒ္ဓဘာသာ။ ။ ဘေးဘယာကိုကြောက်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ။
အန္တရာယ်ကင်းရှင်းစေဖို့ ၊ အသက်ရှည်စေဖို့  စတဲ့ ခလုပ်ထိမှသတိရတတ်
ကြတဲ့ ဗုဒ္ဓဘာသာဝင်။
သဒ္ဓါ ဓိကဗုဒ္ဓဘာသာ ။ ။ သဒ္ဓါတရားဆိုတာအကြမ်းအားဖြင့် ယုံကြည်ချက် ။
ပါဠိဘာသာကဆင်းသက်လာပြီး မြန်မာမှုပြုဖို့ တူညီတဲ့ စကားလုံးမရှိလို့ သဒ္ဓါလို့ သာတိုက်ရိုက်ခေါ်ဆိုသည်ဖတ်ဖူးပါသည်။။ဘုရား တရား ကိုတစ်ကယ်
သစ္စာတရား သဒ္ဓါတရားဖြင့် ယုံကြည်သက်ဝင်သူ ။
ပညာဓိကဗုဒ္ဓဘာသာ။ ။ သစ္စာတရားကိုသေချာသိတဲ့ဗုဒ္ဓဘာသာ။ ရမ်းယုံ
တာမဟုတ်ဘူး ခန္ဓာသိဖြင့် အသေအချာသိပြီးယုံတာ။ သိတာကိုပညာလို့ 
ခေါ်ပါတယ်။ခန္ဓာကိုယ်က ဖြစ်ခြင်းပျက်ခြင်းတရားကို ပညာဖြင့် သေချာသိ
မြင်သော ဗုဒ္ဓဘာသာဝင်တို့ ဖြစ်ပါတယ်။ ( ဗုဒ္ဓဘာသာငါးမျိုးနှင့် သစ္စာလေးပါး)
ကဲ....ကျွန်တော်နဲ့ အတူ ကျွန်တော့ သူငယ်ချင်း ဗုဒ္ဓဘာသာဝင်တွေကော ဘယ်ထဲမှာပါသလဲ ဆိုတာကို ကိုယ့်ကိုကိုယ် စဉ်းစားကြည့်ကြပါဦးဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အမှတ်ရစရာ ချစ်မြတ်နိုးစရာကောင်းတဲ့ နိုင်ငံခေါင်းဆောင်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမှတ်တရ ပိုက်ဆံပုံလေးတွေကို သူငယ်ချင်းတွေ သတိတရနဲ့ ဖြစ်အောင် တင်ပေးလိုက်ပါတယ်ဗျာ။နောင်လာနောက်သားတွေလဲ ဗဟုသုတရအောင်လို့ ပါ။ဒီ ပိုက်ဆံပုံလေးတွေက တော်တော် နှစ်တွေကြာခဲ့ပါပြီဗျာ။မသိသေးတဲ့ သူငယ်ချင်းတွေ ရှိနေသေးရင်လဲ ဗဟုသုတအနေနဲ့ အောက်မှာ ကြည့်သွားလိုက်ပါနော်။ကျွန်တော် ဒီပုံလေးတွေကို ရထားတာတော့ ကြာပါပြီဗျာ။အခု မှ အားလို့ တင်ပေးလိုက်ရတာပါဗျာ။နောက်ကျသွားရင် ဒီ Post လေးတင်ရင်းနဲ့ ပဲ တောင်းပန်ပါရစေဗျာ။
ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အားလုံး ဗိုလ်ချုပ်အောင်ဆန်းလို နှလုံးသားလေးတွေ လှနိုင်ကြပြီး စည်းကမ်းလေးတွေ ရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကဲ သူငယ်ချင်းတွေ အားလုံး ကျွန်တော့ရဲ့ IT Bank Site လေးကို လာလည်ရင်း နည်းပညာဗဟုသုတလေးကော ကျန်းမာရေး ဗဟုသုတလေးကော တခြား ဗဟုသုတလေးတွေပါ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

သိစိတ်ကမေ့လိုက်ချင်ပေမယ့်
မသိစိတ်ကမေ့မရခဲ့ဘူး
ဘာမှန်းရေရေရာရာမသိတဲ့
ဒွိဟစိတ်နစ်ခုကြား
ငါ့နလုံးသား နာကျင်မူတွေ
လည်ပြန်ရရှိခဲ့ပေါ့.....။
နိုးတစ်ဝက်နဲ့ နာမည်လေးညည်းမိတဲ့အထိ
စွဲလမ်းခဲ့မိတော့
ရူးမတက်ပေါ့ ကောင်လေး၇ယ်
မတန်မှန်းသိပေမယ့်
တုံးခုလို့ လက်လှမ်းချင်ခဲ့မိတယ်.....။
နင်နဲ့ငါ့ကို ဆုံစည်းစေတဲ့
ကံကြမ္မာကို နာကျည်းစွာ
အပြစ်တင်မိတယ်
မေ့လို့လည်းမရ
မုန်းဖို့လည်းမဖြစ်
ချစ်ဖို့လည်းမမှီနိုင်တဲ့ဘ၀ကြီး
ပွင့်လင်းလွန်းတဲ့ငါ အေးစက်လွန်းတဲ့နင်
ဘ၀တွေက မဆုံနိုင်တဲ့မျဉ်းနစ်ကြောင်းလို ပဲ
ကမ္ဘာကြီးရဲ့ နိယာမကြားလူးလွန့်နေခဲ့တော့
မောပန်းလွန်းလို့ ထွက်သွားချင်မိပြီ
ငါမရှိမှနင်ပျော်မယ့်ဘ၀မို့
ငါ ကျေကျေနပ်နပ်ကြီးထွက်သွားလိုက် ပါပြီ
နင်ပျော်ပါစေတော့
ဟိုး ဝေးဝေးကငါ.....................
ကြိုးစားလျက်........!
(ခေတ်ဆူးငယ်)
မသိစိတ်ကမေ့မရခဲ့ဘူး
ဘာမှန်းရေရေရာရာမသိတဲ့
ဒွိဟစိတ်နစ်ခုကြား
ငါ့နလုံးသား နာကျင်မူတွေ
လည်ပြန်ရရှိခဲ့ပေါ့.....။
နိုးတစ်ဝက်နဲ့ နာမည်လေးညည်းမိတဲ့အထိ
စွဲလမ်းခဲ့မိတော့
ရူးမတက်ပေါ့ ကောင်လေး၇ယ်
မတန်မှန်းသိပေမယ့်
တုံးခုလို့ လက်လှမ်းချင်ခဲ့မိတယ်.....။
နင်နဲ့ငါ့ကို ဆုံစည်းစေတဲ့
ကံကြမ္မာကို နာကျည်းစွာ
အပြစ်တင်မိတယ်
မေ့လို့လည်းမရ
မုန်းဖို့လည်းမဖြစ်
ချစ်ဖို့လည်းမမှီနိုင်တဲ့ဘ၀ကြီး
ပွင့်လင်းလွန်းတဲ့ငါ အေးစက်လွန်းတဲ့နင်
ဘ၀တွေက မဆုံနိုင်တဲ့မျဉ်းနစ်ကြောင်းလို
ကမ္ဘာကြီးရဲ့ နိယာမကြားလူးလွန့်နေခဲ့တော့
မောပန်းလွန်းလို့ ထွက်သွားချင်မိပြီ
ငါမရှိမှနင်ပျော်မယ့်ဘ၀မို့
ငါ ကျေကျေနပ်နပ်ကြီးထွက်သွားလိုက်
နင်ပျော်ပါစေတော့
ဟိုး ဝေးဝေးကငါ.....................
ကြိုးစားလျက်........!
(ခေတ်ဆူးငယ်)
ရင်ထဲကမပါပေမယ့်
အသည်းနာပါတယ်
ပြောချင်တာကတစ်ခု
ပြောခဲ့တာကတစ်ခုနဲ့
သံသရာတွေရှည်ပါတယ်
သူငယ်ချင်းရယ်........။
ငါ့ရင်ထဲကို နင်ဘယ်လိုမြင်နိုင်မှာလဲ
အပြောမတက်တဲ့ ငါ့အကျင့်ကြောင့်
ဝေးရမှာလား
မခေါ်တာကြာပြီပေါ့အ
ခုထွက်သွား မလာနဲ့ မမြင်ချင်ဘူး
ပြောနေပေမယ့်
ငါ့ရင်ထဲမှာတော့ ဆန့်ကျင်ဘက်ပါ
သူငယ်ချင်းရယ်
ငါ့ရင်ထဲက တိတ်တခိုးတွေကို
နင်မြင်လှည့်စမ်းပါ
လွပ်လပ် ပွင့်လင်းစွာ ပြောတက်တဲ့ငါ
နင်နဲ့ကျမှငါကွယ်ဝှက်တက်ခဲ့
တကယ်ဆိုတိတ်တခိုးဘ၀ကို
ငါကြောကိတက်ခဲ့ပြီလေ
ငါမဖွင့်ဘဲနဲ့ ငါ့ရင်ထဲက
တိတ်တခိုးတွေကို
နင်မြင်နိုင်ရင်သိပ်မှာ
မိန်းမသားဆန်စွာ
သိသွားမှာကိုလည်းစိုးထိတ်ပါရဲ့
မချစ်နိုင်မှာကိုလည်း
သိရက်နဲ့ ရူးမိုက်စွာငါရှေ့ဆက်တိုးနေမိ တယ်
ရဲဝံတက်ကြွ တဲ့မိန်းမတစ်ယောက်ရဲ့
အချစ်ကြောင့်အရူံးက
ဒါပဲလေ~~~
အရင်ကပျော်၇ွှင်ခဲ့တဲ့ငါ
ပျော်ရွှင်ခြင်းတွေပျောက်ဆုံးကု န်တာ
ငါ့ကိုငါတောင်မသိလိုက်ရပါလား
တကယ်တမ်းတော့
နင်နဲ့ငါသူငယ်ချင်းပဲလေ........ ။
တစ်ယောက်သောသူမြင်နိုင်ပါစေေ လ......။
ကြိုးစားလျက်.....!
(ခေတ်ဆူးငယ်)
အသည်းနာပါတယ်
ပြောချင်တာကတစ်ခု
ပြောခဲ့တာကတစ်ခုနဲ့
သံသရာတွေရှည်ပါတယ်
သူငယ်ချင်းရယ်........။
ငါ့ရင်ထဲကို နင်ဘယ်လိုမြင်နိုင်မှာလဲ
အပြောမတက်တဲ့ ငါ့အကျင့်ကြောင့်
ဝေးရမှာလား
မခေါ်တာကြာပြီပေါ့အ
ခုထွက်သွား မလာနဲ့ မမြင်ချင်ဘူး
ပြောနေပေမယ့်
ငါ့ရင်ထဲမှာတော့ ဆန့်ကျင်ဘက်ပါ
သူငယ်ချင်းရယ်
ငါ့ရင်ထဲက တိတ်တခိုးတွေကို
နင်မြင်လှည့်စမ်းပါ
လွပ်လပ် ပွင့်လင်းစွာ ပြောတက်တဲ့ငါ
နင်နဲ့ကျမှငါကွယ်ဝှက်တက်ခဲ့
တကယ်ဆိုတိတ်တခိုးဘ၀ကို
ငါကြောကိတက်ခဲ့ပြီလေ
ငါမဖွင့်ဘဲနဲ့ ငါ့ရင်ထဲက
တိတ်တခိုးတွေကို
နင်မြင်နိုင်ရင်သိပ်မှာ
မိန်းမသားဆန်စွာ
သိသွားမှာကိုလည်းစိုးထိတ်ပါရဲ့
မချစ်နိုင်မှာကိုလည်း
သိရက်နဲ့ ရူးမိုက်စွာငါရှေ့ဆက်တိုးနေမိ
ရဲဝံတက်ကြွ တဲ့မိန်းမတစ်ယောက်ရဲ့
အချစ်ကြောင့်အရူံးက
ဒါပဲလေ~~~
အရင်ကပျော်၇ွှင်ခဲ့တဲ့ငါ
ပျော်ရွှင်ခြင်းတွေပျောက်ဆုံးကု
ငါ့ကိုငါတောင်မသိလိုက်ရပါလား
တကယ်တမ်းတော့
နင်နဲ့ငါသူငယ်ချင်းပဲလေ........
တစ်ယောက်သောသူမြင်နိုင်ပါစေေ
ကြိုးစားလျက်.....!
(ခေတ်ဆူးငယ်)
ဂျင်းဘောင်းဘီကို ခါးအောက်လျောကျဝတ်ဆင်တက်တဲ့ ယောကျာ်းလေးများ၊မိန်းကလေးများ သိစေဖို့
Tuesday, February 14, 2012
Posted by Ye Kyaw Phyo
ဂျင်းဘောင်းဘီ ခါးအောက်ချ ဝတ်ဆင်ခြင်းရဲ့ ယဉ်ကျေးမှု ဇစ်မြစ်ဟာ အမေရိကန် နိုင်ငံမှ စတင်ခဲ့ခြင်း ဖြစ်ပါသည်။
တိတိကျကျညွန်းဆိုရသော် အမေရိကန်နိုင်ငံရှိ ထောင်များမှ အကျဉ်းသားတို့ စတင်ဝတ် ဆင်ခြင်း ဖြစ်သည်။ ယင်းသို့
ဝတ်ဆင်ခြင်းမှာ အဓိပ္ပါယ်တစ်မျိုးရှိသည်။အမျိုးသားချည်းသက်သက် ဖမ်းဆီးထားသော အကျဉ်းထောင်များတွင် တစ်ယောက်နှင့်တစ်ယောက် အပျော်တမ်း ဖော်ချွတ်
ဆက်ဆံလိုသူများ (အများအားဖြင့် အခြောက်များ) သည် ဂျင်းဘောင်းဘီကို တင်ပေါ်တင်ရုံမျှသာ ဝတ်ဆင်ပါသည်။
ယင်းသို့ဝတ်ဆင်မှုမှာ အကျဉ်းသားထောင်လုံခြုံရေးရဲများမှလွဲ၍ အခြား တွေ့မြင်သူ အကျဉ်းသားများမှာလည်း
သဘောပေါက်ပြီး အပြန်အလှန် လိင်တူဆက်ဆံခြင်းများ ရှိကြတယ်လို့ သိရှိကြသည်။ ထို့နောက် လူမသိ သူမသိတွေ့ဆုံမှုများပြုလုပ်ကာ မသင့်တော်သောအမူကိစ္စတို့ကို ပြုလုပ်ပါသည်။
ဘောင်းဘီတင်ပါးလျော ဝတ်ဆင်ခြင်းမှာ My Butt Available To Be Penetrated By Other Inmates ဟူသော အဓိပ္ပါယ်ရကြောင်း သိရသည်။
ယနေ့ခေတ်အချိန်ခါ ဂျင်းဘောင်းဘီ ခါးအောက်လျောကျဝတ်ဆင်သူ လူငယ် အမျိုးသမီး၊အမျိုးသားတို့ အား
ဗဟုသုတရရှိစေရန် ရည်ရွယ်ပါသည်။ကဲ သူငယ်ချင်းတွေ အားလုံး အဲ့လို ၀တ်ဆင်လို့ကော ကိုယ့်ကိုကိုယ် လှတယ်လို့ ထင်နေပါသလား.......?။
From - www.facebook.com
ကြိုးစားလျက်......!
(Yekyawphyo)
ဒီ တစ်ခါတော့ ကျွန်တော်က သူငယ်ချင်းတွေ နည်းပညာချည်းလေ့လာနေရတာ ပျင်းနေကြပြီပေါ့ဗျာ။တစ်ခါတစ်လေကျတော့ လဲ ကျွန်တော်တို့ တွေရဲ့ ဦးနှောက်လေးကို ဆေးတဲ့ အနေနဲ့ ပျော်စရာရွှင်စရာ ဟာသလေးတွေကို ကျွန်တော်ကရေးပြီး သူငယ်ချင်းတွေ အတွက် လက်ဆောင်လေးပေးပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
``အခန်းမကျော်အောင်´´
၅နှစ် အရွယ် နှင့် ၇နှစ်အရွယ် ညီအကို ကလေးငယ်နှစ်ယောက်တို့ တီဗွီကိုထိုင်ကြည့်နေကြစဉ် အငယ်ကောင်က တီဗွီခလုတ်ကို ပိတ်လိုက်သည်။
“ကြည့်လို့ကောင်းနေတုန်း ဘာလို့တီဗွီပိတ်ရတာလဲ”
“ငါရှူးရှူးသွားပေါက်နေတုန်း အခန်းကျော် သွားမှာစိုးလို့”
..............
ချစ်ရတဲ့ မြေးလေး
အငြိမ်းစား တရားသူကြီးသည် စာသင်ကျောင်းထဲ ၀င်သွားခဲ့သည်။
“ကျွန်တော်ဟာ သူငယ်တန်းက ဆန်းနီလေး ရဲ့ အဘိုးပါ။ ကျွန်တော့မြေးလေး ကျောင်းတက်တာကို လာကြည့်တာပါ”
“သြော်ဟုတ်ကဲ့၊ ဆန်းနီလေးဟာ သူ့အဘိုး အငြိမ်းစားတရားသူကြီးရဲ့ ဈာပနာကို လိုက်ပို့စရာရှိလို့ဆိုပြီး ခွင့်ယူသွားပါတယ်ရှင်”
............................................
ဧည့်နှင်နည်း
“ကလေးမရယ် အသံလည်းမကောင်းဘဲနဲ့ ဘာလို့ သီချင်းအော်ဆိုရတာလဲကွဲ့”
“သမီးက မဆိုချင်ပါဘူး။ ဒါပေမယ့် မေမေက ဧည့်သည်တွေ နှင်ချင်တဲ့အခါမှာ အခုလို အော်ဆိုခိုင်းလို့ပါ”
...........................................
ရိုက်မှာစိုးလို့
“သားရေ ဟောဒါ အသစ်ပြောင်းလာတဲ့ ဘေးခန်းက အန်တီလေးကွယ့်။ မိတ်ဆက်တဲ့ အနေနဲ့ အန်တီ့ ကို မွှေးမွှေးပေးလိုက်ပါဦး”
“ဟင့်အင်း၊ သားကြောက်တယ် မေမေ”
“ဘာဖြစ်လို့လဲ”
“မနေ့က သူ့ကို ဖေဖေသွားနမ်းတာ ပါးရိုက်လွှတ်တယ်ဗျ”
.....................................................................
သူဆိုရင် လက်တည့်တယ်
“ဟေ့လူ ဟောဟိုမှာစုပြီး ကစားနေတဲ့ကလေးငယ်တွေထဲက ကျွန်တော့ကို ခဲနဲ့လှမ်းပေါက်တာ ခင်ဗျား သားဖြစ်မယ်ထင်တယ်”
“ခင်ဗျားကို ထိသွားလို့လား”
“ဟင့်အင်း”
“အဲ့ဒါဆို ကျွန်တော့်သားမဟုတ်ဘူး”
................................................................................................
ယုံကြည်လာသူ
“ငါ့မိန်းမက င့ါကို ဘာသာရေးသမားဖြစ်အောင် လုပ်ပေးလိုက်တယ်ကွ”
“ဘယ်လိုလုပ်ပေးတာလဲ သူငယ်ချင်း”
“သူနဲ့လက်မထပ်ခင်အထိ ငရဲရှိတယိဆိုတာငါ မယုံခဲ့ဘူးလေ”
...................................
သမက်ရဲ့ စေတနာ
“ယောကျာ်းရေ မေမေ ပြောနေတယ်။ ရှင် ပြောတဲ့ ဟာသတွေက အရမ်းရယ်ရလွန်းလို့ အူတက်ပြီးသေမတတ်ပဲတဲ့”
“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”
....................................................
ပေါက်ကရ မပြောနဲု့
ယာဉ်ထိန်းရဲက အမြန်မောင်းလာသာကိုပြောလိုက်သည်။
“လူကြီးမင်းရဲ့ ကားမောင်းနှုန်းက တစ်နာရီ ၈၅မိုင်ဖြစ်နေပါတယ်”
“ပေါက်ကရမပြောနဲ့။ ငါမောင်းလာတာမှ ဆယ်မိနစ်ပဲ ရှိသေးတယ်”
.....................................................................
မိထားတဲ့သူက
“ဟဲလို.. ဋ္ဌာနချုပ်ကလား။ ကုန်တိုက်ရှေ့မှာ လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ တစ်ယောက်ကိုတော့ ကျွန်တော် မိထားပါတယ်။”
“ဘယ်တစ်ယောက်လဲ”
“အလုပ်ခံရတဲ့သူ”
..........................................................................................
သဘာဝ
“မင်းက င့ါကို အရူးလုပ်နေတာလား”
“ဟင့်အင်း၊ ခင်ဗျားရဲ့ ပင်ကိုသဘာဝပေါ်မှာ ကျွန်တော် ဘယ်တော့မှ အနှောက်အယှက် မပေးတတ်ပါဘူး။”
..........................................................................
ထိုင်ခုံမရှိလို့
“ရုရှားစစ်သည်တော်နှစ်သန်းက စစ်မြေပြင်ရောက်တဲ့အခါ မတ်တတ်ရပ်ပြီး အသင့်ပြင်နေတာ ဘာကြောင့်လဲ မောင်မောင်ဖြေစမ်း။”
“ဟုတ်ကဲ့ဆရာ၊ သူတို့မှာ ကုလားထိုင်မရှိလို့ပါ။”
................................................
မေမေ မှာထားလို့
“ကောင်းကင်ဘုံကို ရောက်ချင်သလား မေးတော့ ကျောင်းသားအားလုံး လက်ညှိုးထောင်ပြပေမယ့် မင်းက ဘာဖြစ်လို့ လက်ညှိုးမထောင်တာလဲ တိုနီ၊ ကောင်းကင်ဘုံကို မသွားချင်ဘူးလား”
“ဟင့်အင်း၊ မသွားချင်ဘူးဆရာ။ မေမေက မှာထားတယ်။ ကျောင်းလွှတ်ရင် အိမ်ကိုပဲတန်းပြန်လာခဲ့တဲ့”
သူငယ်ချင်းတွေ အားလုံး ပျော်ရွှင်ကြပါစေဗျာ။
ကြိုးစားလျက်....!

ဒီ တစ်ခါတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အသက်သွေးကြောလို့ ပြောလို့ရတဲ့ ဧရာဝတီမြစ်ကြီး အကြောင်းကို မြန်မာနိုင်ငံရဲ့ နာရေးကူညီမှုအသင်းကြီး ဥက္ကဠ ဦးကျော်သူ ရဲ့ ဟောပြောပွဲက (ဧရာဝတီကျိန်စာ) လို့ ခေါ်တဲ့ ကဗျာလေးကို သူငယ်ချင်းတွေ ဗဟုသုတ အနေနဲ့ ကော ကိုယ့်နိုင်ငံက မြစ်တစ်စင်း ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ အကြောင်း နောင်လာနောက်သားတွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ကာကွယ် သင့်ကြောင်း စည်းလုံးညီညွှတ်သင့်ကြောင်း ကိုယ့်နိုင်ငံက ထွက်တဲ့ သဘာဝ သံယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်သင့်ကြောင်းကို ဖော်ကြူးထားတဲ့ ကဗျာလေးဖြစ်ကြောင်းကို ဦးကျော်သူက ဒီလိုလေး ဖော်ပြပေးသွားပါတယ်ဗျာ။ကဗျာလေးရဲ့ စာသားအဓိပ္ပာယ်လေးကို ကျွန်တော် အရမ်းကြိုက်လွန်းလို့ သူငယ်ချင်းတွေကို ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်ဗျာ။
(ဧရာဝတီ ကျိန်စာ)
ငါ….မင်းတို့ မမွေးခင်ကတည်းက ရပ်တည်လာခဲ့တဲ့ငါ
မင်းတို့ လူမမယ် ဘ၀ကနေ ခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာခဲ့တဲ့ ငါ
မင်းတို့ ပျော်ပါးကူးခတ်ဖို့  ပျော်တော်ဆက်ခဲ့တဲ့ငါ
မင်းတို့ လျှော်ဖွတ်သန့် စင်ဖို့ စွမ်းဆောင်ပေးခဲ့တဲ့ ငါ
မင်းတို့ တံငါတွေ လှေယာဉ်စီးပြီး ပိုက်ချခွင့်ပြုပေးခဲ့တဲ့ ငါ
မင်းတို့ ယာသမား ကိုင်းသမားတွေ စိုက်ပျိုးခွင့်ပြုပေးခဲ့တဲ့ ငါ
မင်းတို့ လူမျိုးစုချင်း ပေါင်းစည်းဆက်သွယ်မှုအခွင့်အလမ်းပေးခဲ့တဲ့ ငါ
မင်းတို့ ဆေးဘက်ဝင် သစ်ဥ သစ်ဖု ပန်းမာလာတွေ ပွင့်ဖူးခွင့်ပြုပေးခဲ့တဲ့ ငါ
မင်းတို့ ရဲ့ ဇီဝမျိုးကွဲ ယာတိရိစ္ဆာန်တွေ ကျက်စားခွင့်ပြုပေးခဲ့တဲ့ ငါ
မင်းတို့ ရဲ့ အဖိုးတန် သယံဇာတ ကျောက်စိမ်း ရွှေတွေ မွေးဖွားပေးခဲ့တဲ့ ငါ
မင်းတို့ ရဲ့ အာရှ ကမ္ဘာမှာ အကြီးဆုံး အမြင့်မြတ်ဆုံးဖြစ်ခဲ့တဲ့ ငါ
ဟိုတုန်းက ငါ့ကို မင်းတို့ အိမ်ရှေ့ရေမြောင်းလောက်တောင် ဂရုမစိုက်ချင်ကြ
ခုတော့..ငါ့ရဲ့ ဧရာဝတီ သွေးတွေနဲ့ မင်းတို့ ဒေ၀ဒတ်တွေ မီးလင်းဖို့ ကြိုးစားနေလေရဲ့
အတိတ်တုန်းက လုပ်သမျှ ငုံ့ ခံခဲ့တဲ့ငါ
အနာဂတ်မှာ ကမ္ဘာ ကမ္ဘာ ကမ္ဘာ မကျေ ဟေ့…ဟေ့…အရိုးမတွန် ချင်တဲ့ ငါ
အခု ပစ္စုပ္ပန်မှာတော့ ငါ့သွေး ငါ့ဓါး ငါ့ဧရာဝနဲ့ဟေ့….
အေး..ငါဆိုတဲ့ ဧရာဝတီ သေရင် မင်းတို့ လူမျိုးပြုတ်မယ်..
မင်းတို့ တိုင်းပြည်ပျောက်မယ်…ကွ
ဒါကြောင့်  ငါ ကျိန်စာတိုက်လိုက်မယ်…
လူမျိုးမပျောက် တိုင်းပြည်မပျောက်ခင်
မင်းတို့ ဒေ၀ဒတ်တွေ အားလုံး…..
ကျော်သူ့ အကူမပါဘဲ..အရှင်လတ်လတ် မြေကြီးထဲရောက်စေသား…..။
(ဦးကျော်သူ)
ကြိုးစားလျက်.......!

ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ
ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံအချို့
နောက်ဆုံးနေ့ရက်များ
၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၇ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် ကလီမင့်အက်တလီတို့ဟာ လန်ဒန်မြို့မှာ တစ်နှစ်အတွင်း မြန်မာ့ လွတ်လပ်ရေးကို ပေးရမည်ဖြစ်ကြောင်း သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြခြင်းပါတယ်။
လူအချို့က ဗိုလ်ချုပ်ကို ကရင်လူမျိုးတို့အား ဗြိတိသျှတို့အပေါ်တွင် သစ္စာရှိမှု၊ ဂျပန်နှင့် ဘီအိုင်အေတပ်များကို ပြန်လည်တိုက်ခိုက်မှုတို့ကို အကြောင်းပြုနှိပ်ကွပ်ခဲ့တာနဲ့ပတ်သက်ပြီး တာဝန်ရှိသည်ဟု ယူဆခဲ့ကြပါတယ်။ စစ်အတွင်းတုန်းက သူကြီးတစ်ဦးကို ကွက်မျက်မှုနှင့် အရေးယူရန်လည်း ကြိုးစားအားထုတ်ခဲ့ပါသေးတယ်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ အခြားတိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ပင်လုံညီလာခံ တွင် စည်းလုံးညီညွတ်ရေး ဖော်ဆောင်သည့် သက်သေအဖြစ် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဧပြီမှာ ဖဆပလက တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲကြီးတွင် နေရာ ၂၀၂ နေရာအနက် ၁၉၆ နေရာကို ရရှိ အနိုင်ယူခဲ့ပြီးတော့ ဇူလိုင်လမှာတော့ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးအတွက် ဆွေးနွေးပွဲများကို ရန်ကုန်မှာရှိတဲ့ `ဆိုရန်တာဗီလာ´မှာ ကျင်းပခဲ့ပါတယ်။ လွတ်လပ်ရေးမရမီ
လအနည်းငယ် အလိုမှာတော့ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ သူရဲ့အစ်ကိုဦးဘဝင်း အပါအဝင် အသစ်ဖွဲ့စည်းထားသော ကက်ဘိနက်ဝန်ကြီး ခြောက်ဦးတို့နှင့်အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ လုပ်ကြံမှုက သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ ဂဠုန်ဦးစောရဲ့ လက်ချက်လို့ယူဆရတဲ့အပြင် ဦးစောရဲ့ တရားခွင်စစ်ဆေးချက်များမှာလည်း သံသယဖြစ်စရာများ တွေ့ရှိခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရပေမယ့် လွှတ်တော်ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်နေတဲ့ဦးနုက တိုင်းပြည်လွတ်လပ်ရေး ကြိုးပမ်းမှုများကို အရှိန် မပျက် ဆက်လက် ထမ်းဆောင်ခဲ့တဲ့အတွက် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပေမယ့်လည်း လွတ်လပ် ရေးရဲ့ အရသာကိုတော့ ခံစားခွင့် မရလိုက်ပါဘူး။
ဗိုလ်ချုပ်အောင်ဆန်း၏ဘ၀ဖြစ်စဉ်နေ့စွဲများ
၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် မကွေးတိုင်း နတ်မောက်မြို့၌ဖွားမြင်သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသောလည်း အကိုဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်းဟုခေါ်တွင်ခဲ့သည်။
၁၉၂၂။ ။ အသက် ၇ နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတထံတွင် ကျောင်းနေခဲ့သည်။
၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောငိးသို့ ပြောင်းနေခဲ့သည်။
၁၉၃၀။ ။ သတ္တမတန်းအောင်ကာ ဦးရွှေရိုးစကောလားရှစ်ရသည်။ တစ်လ ၁၀ဖြင့် သုံးနှစ်စာ စကောလားရှစ်ရခဲ့သည်။
၁၉၃၂။ ။ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္တသိုလ်ရောက်သည်။
၁၉၃၄။ ။ ဥပစာတန်းအောင်သည် (စာမေးပွဲခုံအမှတ် ၂၃၁)။ တကသ အမှုဆောင်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။
၁၉၃၅-၃၆။ ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးမဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌ "ခွေးသရမ်းကြီးလွတ်နေသည်" (Hell Hound At Large) ဆောင်းပါးရေးသူကို ထုတ်ဖော်မပြောသဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံရသည်။
၁၉၃၆။ ။ တကသ ဒုဥက္ကဌရွေးချယ်ခံရသည်။ ရန်ကုန်မြို့ ဂျူဘာလီဟောခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံတွင် မိန့်ခွန်းပြောကြားသည်။
၁၉၃၇။ ။ အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒ ဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့် စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)တွင် နေခဲ့သည်။
၁၉၃၇-၃၈။ ။ တကသဒဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သည်။
၁၉၃၈။ ။ ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဥက္ကဌ နေရာမှ၎င်း နှုတ်ထွက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော နယူဘားမား သတင်းစာ အယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက် လုပ်ကိုင်သည်။ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။
၁၉၃၈-၃၉။ ။ တကသဥက္ကဌအဖြစ် ဆောင်ရွက်သည်။
၁၉၃၉။ ။ ဇန်န၀ါရီလတွင် ရန်ကုန်အရေးတကြီး လုံခြုံရေးအက်ဥပဒေဖြင့် (၁၅)ရက် ဖမ်းဆီးထောင်ချခံရသည်။ ဖေဖော်ဝါရီ (၂၅)ရက်နေ့ သန်းခေါင်ကျော် ၂ နာရီခွဲတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအလုပ် အမှုဆောင် အစည်းအဝေးသို့ တက်ရောက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၅နာရီတွင် ဗမာပြည် နန်းရင်းဝန်၊ မြို့မိမြို့ဖ အဖွဲ့ဝင်လူကြီးများနှင့် ကျောင်းသား ခေါင်းဆောင်များ (ကျောင်းသားသပိတ် အရေးနှင့် စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆ ရက်မှ ၉ ရက် အထိ ကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှုးအဖြစ် တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ ၁၃ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံး တည်နေရာ၌ သခင်ဆောင်ဆန်း၊ သခင်လှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံး အတွင်းတွင် ကွန်မြူနစ်အဖွဲ့လေးတရပ် စတင်ဖွဲ့စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း ၄၉လမ်း အိမ်နံပါတ် ၁၈၈တွင် ဗမာပြည် ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင် ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေ အတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘမော်အိမ်၌ ကျင်းပသော အစည်းအဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်း ခံရသည်။ နိုဝင်ဘာ ၁၈ ရက်ေ န့တွင် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို စတင်တည်ထောင်ကာ သခင်အောင်ဆန်းအား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။ ၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄၀ ဇန်န၀ါရီလ အတွင်း ဗမာတစ်ပြည်လုံးသို့ တရားလှည့်လည် ဟောပြောခဲ့သည်။
၁၉၄၀။ ။ မတ်လ ၂၂ရက်နေ့ အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့တွင် ကျင်းပသော အိန္ဒိယအမျိုးသား ကွန်ဂရက်ညီလာခံသို့ သခင်သန်းထွန်း၊ သခင်ခင်အောင်၊ သခင်တင်မောင်၊ သခင်ဆင်ဂူပတား၊ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ ကိုဗဟိန်း တို့နှင့်အတူ တက်ရောက်ခဲ့ကာ မေလ ၅ရက်၌ ရန်ကုန်ပြန်ရောက်သည်။ ဇွန်လ ၂၉ ရက်တွက် ဟင်္သတခရိုင် ရာဇ၀တ်ဝန် မစ္စတာဇေးဗီးယားက ဇွန်လ ၁ရက်နေ့ ဇလွန်မြို့၌ ချင်းတောင် အကြောင်း ဟောပြမှုဖြင့် သခင်အောင်ဆန်းကိုဖမ်းရန် ၅ ကျပ်တန် ၀ရမ်းကို ထုတ်ခဲ့သည်။ သြဂုတ်လ ၈ ရက်နေ့တွင် သခင်လှမြိုင်နှင့်အတူ ဟိုင်လီအမည်ရှိ သင်္ဘောဖြင့် ဗမာပြည်မှ တရုတ်ပြည်သို့ လျှို့ဝှက်စွာ ထွက်ခွါခဲ့ကြသည်။ သြဂုတ်လ ၂၄ရက်နေ့တွင် တရုတ်ပြည် အမွိုင်သို့ ရောက်ရှိကာ ထိုမှတဆင့် နိုဝင်ဘာ ၁၂ရက်နေ့တွင် ဂျပန်ပြည် တိုကျိုမြို့သို့ ရောက်ရှိခဲ့သည်။
၁၉၄၁။ ။ မတ်လ ၃ရက်နေ့တွင် ဗမာပြည်သို့ပြန်လာပြီး မတ်လ ၉ ရက်နေ့၌ ရဲဘော်သုံးကျိပ်ထဲမှ ပထမအသုတ်လူငယ်တစ်စုကို တပါးတည်းခေါ်ယူပြီး ဂျပန်ပြည်သို့ လျို့ဝှက်စွာ ပြည်လည် ထွက်ခွာခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဂျပန်ပြည်တိုကျိုမြို့သို့ ပြန်လည် ဆိုက်ရောက်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလ ၀ရမ်းပြေးနေစဉ် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ နှုတ်ထွက်သည်။ ဒီဇင်ဘာ ၂၇၊ ၁၉၄၁ စနေနေ့ည ၁ နာရီအချိန်တွင် ယိုးဒယား ပြည်ဘန်ကောက်မြို့ရှိ မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးလွန်းဖေ၏နေအိမ်တွင် ဘီအိုင်အေ ခေါ် ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းပြီး လက်မောင်းသွေး ဖောက်သောက်ကြသည်။
၁၉၄၂။ ။ ဇန်န၀ါရီ ၁ ရက်တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရ၏ ရန်သူတော် စာရင်းတွင် အမှတ်စဉ် ၂ အဖြစ် ကြေညာခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်။ သြဂုတ်လ ၁ရက်တွင် ဘီအိုင်အေ ဗမာလွတ်လပ်ရေး တပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ်သို့ ပြောင်းလဲရာတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ တပ်မတော်၏ သေနာပတိ ဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ လက်ထပ်ပွဲတွင် ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။ နိုဝင်ဘာလ ၈ရက်တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာ ဖြစ်သင်တန်းတွင် သေနင်္ဂဗျူဟာ စစ်ပညာအကြောင်း ဟောပြောသည်။
၁၉၄၃။ ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇ရက်တွင် ဒေါက်တာဘမော်နှင့် အတူဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး ၁၉၄၃ မတ် ၂၂ ရက်တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (order of the risingsun) ဖြင့် ချီးမြှင့်ခံရသည်။ သြဂုတ်လ ၁ရက်တွင် ဗမာ့တပ်မတော် စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ (First Class Order of The Sacred Treadsure) ချီးမြှင့်ခြင်း ခံရသည်။ အောက်တိုဘာ ၂ ရက်တွင် ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။

၁၉၄၄။ ။ သြဂုတ်လ ၄ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး ဖက်ဆစ်တိုက်ဖျက်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီး (ဖဆပလ) ကို ပဲခူးမြို့ဗမာ့တပ်မတော် တိုင်း ၄ စခန်း၌ လျို့ဝှက်စွာ ဖွဲ့စည်းခဲ့သည်။ ထိုသို့ ဖွဲ့စည်းရာ၌ ဗိုလ်ချုပ်အောင်ဆန်ုးသည် ဖဆပလ ဗဟိုဦးစည်း အဖွဲ့တွင်၎င်း၊ ဖဆပလ ဗဟိုစစ်ကောင်စီတွင်၎င်း၊ စစ်ရေး ခေါင်းဆောင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ သြဂုတ်လ ၂၃ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့ ပတ်လမ်းနှင့် ဦးထွန်းမြင့် လမ်းထောင့်ရှိ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေအိမ်၌ ဗမာ့တပ်မတော် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် ပြည့်သူ့အရေးတော်ပုံ ပါတီတို့ ပါဝင်ဖွဲ့စည်းသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကို ပြည်လည်ဖွဲ့စည်းသည်. စက်တင်ဘာ ၃ ရက်တွင် ဗိုလ်မှူးကြီး စောကြာဒိုး၊ ဗိုလ်ကြီး စောစံဘိုးသင်၊ ဗိုလ်မှူးရဲထွက်၊ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည့် နှင့်အတူ မြောင်းမြမြို့သို့ ရောက်လာကြသည်။ စက်တင်ဘာ ၇ရက်တွင် ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်ကြီးစောစံဘိုးသင်၊ ဒုဗိုလ် သိန်းဆွေ၊ ဗိုလ်မှူးကြီး ဇေယျ၊ ဗိုလ်မှူးရဲထွက်တို့နှင့်အတူ ပုသိမ်ခရိုင် ကန်ကြီးထောင့်ရွာသို့ ခရီးထွက်ကြသည်။
၁၉၄၅။ ။ မတ်လ ၁၇ ရက်တွင် ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်ပြီး စစ်မြေပြင် ထွက်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၆ ရက်တွင် ဗိုလ်ချုပ်စလင်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန် ၂၀ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘော ကမ်ဘာလင် (H.M.S Cumberland) ပေါ်၌ အခြား နိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေသည်။ သြဂုတ်လ ၁၉ ရက် နေသူရိန် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ သြဂုတ်လ ၂၉ ရက် မြို့တော်ခန်းမ၌ ကျင်းပသည့် အရှေ့အနောက်အသင်း (East And West Association) တွင် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၄ ရက်တွင် အရှေ့တောင်အာရှဆိုင်ရာ သေနာပတိ လော့မောင်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက် တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း၊ ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ဂန္ဓီမြို့သို့ သွားသည်။
၁၉၄၆။ ။ ဇန်န၀ါရီ ၂၀ရက်တွင် ရွှေတိဂုံအလယ် ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံတွင် ဖဆပလ ဥက္ကဌအဖြစ် တင်မြောက်ခံရသည်။ မတ်လ ၄ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့ ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ေ ရာက်သည်။ မတ်လ ၇ ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁၀ ရက်တွင် စစ်တွေကိုရောက်ပြီး၊ မတ်လ ၁၁ရက်နေ့၌ စစ်တွေမြို့တွင် တရားဟောသည်။ မတ်လ ၂၆ ရက်တွင် စထရင်း ဟော်တယ်၌ အိန္ဒိယခေါင်းဆောင် ပဏ္ဍစ်နေရူးနှင့် ၃နာရီကြာ ဆွေးနွေးသည်။ မေလ ၂၈ ရက် ညနေ၄ နာရီ အချိန်၌ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အားလုံးကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့တည်ရာ ဌာန၌ သြ၀ါဒမိန့်ခွန်း ပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏ အမှူဆောင် ကောင်စီ၌ ဒုသဘာပတိ အဖြစ် ရာထူးလက်ခံပြီး အစိုးရအဖွဲ့ အသစ်ကိုဖွဲ့သည်။ နိုဝင်ဘာလ ၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ်ကို စစ်ဆေးသည်။ နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အထက်ဗမာပြည်သို့ ခရီးထွက်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယားပြည်နယ် လွယ်ကော်မြို့၌ ကျင်းပသည့် ကရင်အမျိုးအသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။ ဒီဇင်ဘာလ ၂၄ ရက် နံနက်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော၌ စော်ဘွားများနှင့် ပထမဆုံးအကြိမ်ဆွေးနွေးသည်။

၁၉၄၇။ ။ ဇန်န၀ါရီ ၂ရက်တွင် သခင်မြ၊ ဦးတင်ထွတ်တို့နှင့် အတူ ဘိလပ်သို့ သွားသည်။ ဇန်န၀ါရီ ၅ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဒေလီရေဒီယိုမှ ဗမာပြည်သို့ ဟူသော မှာကြားချက် မိန့်ခွန်းကို အသံလွှင့်သည်။ အာရှညီညွတ်ရေးသို့ ဟူသော ဗိုလ်ချုပ်အသံသွင်း မိန့်ခွန်းကိုလည်း ထိုနေ့ည ၈ နာရီခွဲအချိန်တွင် ဒေလီရေဒီယိုမှ အသံလွှင့်သည်။ ဇန်န၀ါရီလ ၁၃ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ် အက်တလီ ခေါင်းဆောင်သော ဗြိတိသျှကိုယ်စားလှယ် အဖွဲ့တို့ ဆွေးနွေးပွဲကို လန်ဒန်မြို့အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဗြိတိသျှ ၀န်ကြီးချုပ်ဂေဟာ၌ ကျင်းပသည်။ ဇန်န၀ါရီ ၂၈ ရက်တွင် အောင်ဆန်း အက်တလီစာချုပ်အား လက်မှတ်ထိုးသည်။ ဖေဖော်ဝါရီလ ၂ ရက်နေ့ ရန်ကုန် ပြန်ရောက်သည်။ ဖေဖော်ဝါရီ ၈ ရက်နေ့ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့သို့ သွားရောက်သည်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပင်လုံစာချုပ် လက်မှတ် ရေးထိုးသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော မြို့တော်ဝန်၏ ဧည့်ခံပွဲ၌ မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၀ ရက်နေ့တွင် ဗမာပြည် အင်္ဂလိပ် ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်နေ့တွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၁၅ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ လေကြောင်းခရီးဖြင့် မြိတ်၊ ထားဝယ်၊ မော်လမြိုင်မြို့များသို့ ခရီးထွက်သည်။ မတ်လ ၁၇ရက်နေ့ ညနေ၄နာရီအချိန်တွင် မော်လမြိုင်မြို့ ဘုရင်မပန်းခြံတွင် မိန့်ခွန်းပြောကြားသည်။ မတ်လ ၂၀ ရက်နေ့တွင် ကျောက်ဆည်နှင့် မန္တလေးမြို့များတွင် တရားဟောသည်။
မတ်လ ၂၁ စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ် ၂၃ ရက် ညောင်ဦးမြို့တွင် တရားဟောသည်။ မတ်လ ၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ ၂၅ ရက် တွင် နတ်မောက်မြို့တွင် တရားဟောသည်။ မတ်လ ၂၇ ရက် အာလံ (အောင်လံ) တွင် တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန် ပြန်ရောက်သည်။ ဧပြီလ ၁ ရက်တွင် လေယာဉ်ဖြင့် စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေတပ်မတော်မှ စစ်သင်္ဘောဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့တွင် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနားမြို့များတွင် တရားဟောသည်။ ဧပြီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း၊ ရမည်းသင်းမြို့များတွင် တရားဟောသည်။ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့် အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလ အဖွဲ့သည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေလယ် ၂ နာရီတွင် ဗီယက်နမ် နိုင်ငံကိုယ်စားလှယ် ပါမောက္ခ ရန်ပင်လော့နှင့် တွေ့ဆုံသည်။ ဧပြီလ ၁၇ရက် နေ့လည် ၁ နာရီတွင် ကန်တော်ကြီးစောင်း အိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့် ဗီယက်နမ်အစိုးရ ကိုယ်စားလှယ်တော်များ ဧည့်ခံပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၁၈ ရက်နေ့တွင် နှစ်သစ်ကူး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။
ဗိုလ်ချုပ်အသံနဲ့ ရှားရှားပါးပါးမိန့်ခွန်းကို အောက်မှာ နားဆင်နိုင်ပါတယ်။
ကြိုက်လို့ သိမ်းထာချင်သူတွေအတွက် Download လုပ်ချင်သူတွေ အတွက် အပိုင်း (1) | အပိုင်း (2)
မေလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်နေအိမ်၌ ဖဆပလ ကိုယ်စားလှယ်များ ဆိုရှယ်လစ် ကိုယ်စားလှယ်များ၊ ပရသဖ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး နယ်များတွင် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်များ မသင့်တင့်သည့် ကိစ္စများဖြေရှင်းပေးသည်။ မေလ ၆ ရက်နေ့ည ၈နာရီတွင် ပြည်လမ်း ပဲခူးကလပ်၌ မျက်နှာဖြူ ကုန်သည်ကြီးများ နှင့် ဆွေးနွေးသည်။ မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပသျူးအစိုးရ ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စတာ ဂျာဇန်ဇူလေမန်တို့ကို လက်ဖက်ရည်ပွဲနှင့် ဧည့်ခံသည်။ မေလ ၁၀ရက်နေ့ ညနေ ၃နာရီအချိန်တွင် သတင်းစာဆရာများကို အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ၀န်ကြီးအဖွဲ့မှ ထုတ်ပယ်သည့်ကိစ္စနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြသည်။ မေလ ၁၂ရက်နေ့ည ၈နာရီတွင် အမေရိကန် သံအမတ် မစ္စတာ ပက်ကာ၏ နေအိမ်တွင် ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်သည်။ မေလ ၁၇ ရက်နေ့တွင် ယိုးဒယားဘုရင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီး ချန်ဘောနှင့် သမီးတော အာစီ မင်းသမီးတို့ကို တာဝါလိန်းနေအိမ်၌ ညစာဖြင့် ဧည့်ခံကျွေးမွေးသည်။ မေလ ၁၉ ရက်နေ့တွင် ဖဆပလ ပဏာမ ညီလာခံ ကျင်းပသည်။ မေလ ၂၅ ရက်နေ့တွင် ဗြိတိသျှရေတပ်မှ စစ်သင်္ဘော H.M.S FALE (ယခုစစ်ရေယာဉ် မေယု) အား ရေတပ်လက်ထောက် ဗိုလ်ချုပ် မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါ သင်္ဘောပေါ်၌ပင် လက်ခံသည်။ မေလ ၃၀ ရက်နေ့တွင် သတင်းစာ ကွန့်ဖရန့်ပြုလုပ်သည်။ ဇွန်လ ၁၆ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ အခြေခံဥပဒေနှင့် ပတ်သတ်သည့် လမ်းညွှန်ပြဌာန်းချက်ကို တင်သွင်းသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ဗမာပြည်ရှိ အိန္ဒိယ ငဋိညာဉ်ခံ ၀န်ထမ်းများ (I.C.S) နှင့် တွေ့ဆုံ ဆွေးနွေးသည်။ ဇူလိုင်လ ၁၃ရက် တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေပြီး လူထုသို့ မိန့်ခွန်းပြောကြားသည်။ ထိုမိန့်ခွန်းသည် နောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့သည်။ကျွန်တော် တို့ မြန်မာ နိုင်ငံ အတွက် အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်ဗျာ။ကဲ ကျွန်တော့ WebSite လေးကို အစဉ် တစိုက်ဖတ်ရှုပေးသော စာဖတ်ပရိတ်သတ်များ အားလုံး ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
(From MYM Club)
ကြိုးစားလျက်..........!
(Yekyawphyo)