Showing posts with label (System Tools). Show all posts
Blue Screen Error Page ကြီးဖြစ်သွားလို့ စိတ်ညစ်နေရတဲ့ သူတွေအတွက် ဖြေရှင်းနည်းလေးတွေပါ။
Tuesday, October 23, 2012
Posted by Ye Kyaw Phyo
![]() |
| Fig ~ 1 |
1. ဒါမှ မဟုတ် တစ်ဦးတစ်ယောက်က Windows OS ရဲ့ System File တစ်ခုခုကို ဖျက်သွားတာတို့ Virus ကြောင့် အဲ့ဒီ ဖိုင်လေး ပျောက်သွားတာမျိုး ကျွန်တော် သိသလောက်များသောအားဖြင့် System32 ထဲမှာရှိတဲ့ .dll file တစ်ခုပျက်သွားတာမျိုးတို့တွင် ဖြစ်တက်ပါတယ်။
2. Memory RAM (သို့) Memory ချောင်းစိုတ်တဲ့ နေရာလေးတွေ ဒေါင့်နေရာလေးတွေမှာ ဖုန်တက်နေတာတို့ Memory Module ချောင်းများရဲ့အစွန်းဘက်တွေမှာ ဖုန်တွေကတ်နေတာတို့ ဂျီးတွေ ကက်နေတဲ့ အခါမျိုးတို့တွင်လဲ ဖြစ်တက်ပါတယ်။
3. Computer အတွင်းမှာ Run နေတဲ့ Driver Software တွေ Update မဖြစ်ချင်း၊Driver Software များ ကိုယ်တင်ထားတဲ့ Windows နဲ့ Compatible မဖြစ်ခြင်း။အထူးသဖြင့် ကိုယ့် Windows ရဲ့ System Type က 32 Bits ဖြစ်နေတယ် ကိုယ် တင်လိုက်တဲ့ Driver Software က 64 Bits အတွက်ပဲ လက်ခံတဲ့ အခါမျိုးတွေပေါ့ဗျာ။
4. ကျွန်တော် တို့ Memory ပေါ် Install လုပ်ထားတဲ့ Software တွေက ကျွန်တော်တို့ Computer စဖွင့်ဖွင့်ခြင်း Windows တက်တဲ့ အခါမှာ Windows ကနေ ပြန်ပြီး System File တွေကို Loading မလုပ်နိုင်ခြင်း စတဲ့ အခါမျိုးတွင်မှာလဲ ဖြစ်တက်ပါတယ်။
5.Hard Disk မှာ Bad Sector တွေဖြစ်နေခြင်း။Hard Disk ပျက်နေတဲ့ အခါမျိုးတွေ Hard Disk ရဲ့ Sector ကြိုးက လွှတ်နေတဲ့ အခါမျိုးတွေမှာလဲ ဖြစ်တက်ပါတယ်။ကိုယ့် ကွန်ပျူတာကို အမြဲဂရုစိုက်သင့်ပါတယ်။
ကဲ.........Blue Screen Error Page ဘာကြောင့် ဖြစ်ရလဲဆိုတဲ့ မေးခွန်းတွေ မေးချင်တဲ့ သူတွေရဲ့ စိတ်ထဲကအမေးကို ဖြေပြီးသွားပြီဆိုရင်တော့ အဲ့ဒီလို မဖြစ်အောင် ဘယ်လို ကာကွယ်ရမလဲ ဘယ်လို အဲ့ဒီ ပြဿနာကို ဖြေရှင်းသင့်သလဲဆိုလဲ မေးခွန်းတွေကို မေးချင်တဲ့ သူတွေအတွက် အဖြေကတော့ ကျွန်တော် အောက်မှာ နည်းလမ်း 2 မျိုးနဲ့ ဓာတ်ပုံတွေနဲ့ကော စာတွေနဲ့ပါ ရှင်းပြပေးထားပါတယ်ဗျာ။သွားလေ့လာပေးပါဦးနော်။Blue Screen Error Page မဖြစ်အောင် အရင်ဦးဆုံး ပထမ တစ်နည်းကို ပြောပြပါ့မယ်။
1.ကိုယ့် Computer (PC) မှာ အသုံးပြုထားတဲ့ Anti Virus Software ကို အမြဲ Update ဖြစ်အောင်ထားပါ။
2.Laptop / Destop တို့ကို ဖုန်တွေ ကျရောက်နိုင်တဲ့ နေရာတွေမှာ သိပ်မထားပဲ တစ်လ တစ်ခါ ဖြစ်ဖြစ် သန့်ရှင်းအောင် လုပ်ပေးပါ။
3.Windows မှာ System Cleaning Software, Ccleaner, Tuneup Utility, Registry Mechanics, Disk Defraggler, Microsoft Security Essentials အစရှိတဲ့ Anti Virus Software မျိုး Registry Software မျိုးတစ်ခုခုကို မိမိ Computer ထဲမှာ တစ်ခုမဟုတ် တစ်ခု ရှိထားသင့်ပါတယ်။Disk Defraggler တို့လို Software မျိုးတွေကိုတော့ တစ်ပတ်တစ်ခါ အသုံးပြုပေးပါ။အဲ့ဒါမှ မိမိ အသုံးပြုနေတဲ့ PC မှာ သိသိသာသာနဲ့ လျှင်မြန်ပေါ့ပါးသွားတာကို တွေ့ရပြီး Blue Screen Error Page ရန်မှလဲ ကင်းဝေးသွားပါ့လိမ့်မယ်။
Blue Screen Error Page မဖြစ်အောင် ဒုတိယမြောက်နည်းလမ်းကောင်းလေး တစ်ခုကို ပြောပြပါဦးမယ်ဗျာ။
ဒီ နည်းလေးတွေကတော့ Windows XP, Windows Vista, Windows 7 အစရှိတဲ့ Windows တွေမှာပါ အသုံးပြုလို့ရတဲ့ နည်းလမ်းလေးပေါ့ဗျာ။
1. အရင်ဦးဆုံး Destop က Computer ဆိုတဲ့ Icon လေးကို Click တစ်ချက်ထောက် Right Click ထောက်ပြီး Properties ကိုသွားပြီး Click လိုက်ပါ။ဒါမှ မဟုတ် Start Menu Bar ကနေလဲ Computer ဆိုတာလေးကို Right Click ထောက်ပြီး Properties ကိုသွားနိုင်ပါတယ်။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
| Fig ~ 2 |
| Fig ~ 3 |
| Fig ~ 4 |
| Fig ~ 5 |
ကြိုးစားလျက်....!
(Yekyawphyo)
ဒီတစ်ခါ DriverChecker Update လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ စက်ထဲမှာရှိတဲ့Printer Drivers,USB Drivers, Sound/Audio Drivers, Vista Drivers, Bluetooth Drivers, Mouse Drivers, Keyboard Drivers, RAID Drivers, Scanner Drivers, Video Drivers, Modem Drivers, Network Drivers, Linksys Drivers, Webcam Drivers, Graphic Drivers, VGA Drivers စတဲ့ Drivers တွေအတွက် Check လုပ်ပေးပြီး၊ တစ်ခါတည်း Download ဆွဲ၊ Install လုပ်ပေးပါတယ်။ Window တင်ပြီးအသံမလာတာကအစ မိမိတို့ စက်ထဲက Update မဖြစ်တော့တဲ့ Driver တွေကိုလည်း Check လုပ်ပေးပြီး Install လုပ်ပေးနိုင်ပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့် Download Links ကနေသာယူသွားလိုက်ပါဗျာ။DriverChecker.2.7.5
Downloading from ifile.it
Downloading from mediafire
ဒါလေးကတော့ Install လုပ်ပြီး NetWork ရှိမှ Update လုပ်ပေးမှာဖြစ်ပါတယ်ဗျာ။Network မရှိရင်တော့ မိမိ စက်မှာ လိုအပ်တဲ့ Drivers တွေကိုဖော်ပြမှာဖြစ်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
ကျွန်တော်ဒီတစ်ခါ Fix Cleaner Update လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သုံးရတာလည်း
အဆင်ပြေပါတယ်။ သူ့အတွက် Patch ဖိုင်လေးနဲ့ Keygen လေးကိုပါတစ်ခါတည်းတွဲထည့်ပေးထားပါတယ်။
Keygen ကိုဖြည်တဲ့အချိန်မှာတော့ မိမိတို့ရဲ့ Antivirus Program လေးကို ပိတ်ထားဖို့လိုပါတယ်။ File Size
ကလည်း 4.71 MB ပဲရှိပါတယ်။အခုတော့ အောက်မှာယူသွားလိုက်ပါဗျာ။
ကျွန်တော်အောက်မှာ Download လုပ်ရန် နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့် Links လေးကနေသာယူသွားလိုက်ပါဗျာ။ကလည်း 4.71 MB ပဲရှိပါတယ်။အခုတော့ အောက်မှာယူသွားလိုက်ပါဗျာ။
FixCleaner 2.0.4287.701
Downloading from ifile.it
Downloading from mediafire
(From NayMinMaung)
ကြိုးစားလျက်........!
(Yekyawphyo)


