Showing posts with label (Destop Gadgets). Show all posts

ကျွန်တော် Blog လေးမှာတောင် Post တွေမရေးဖြစ်တာတော်တော်တောင် ကြာခဲ့ပါပြီဗျာ။မရေးဖြစ်တာလဲ ကျွန်တော် အချိန်တိုင်း Facebook က ကျွန်တော့ Group လေးတစ်ခု ဖြစ်တဲ့ Myanmar IT Knowledge Organization Group လေးမှာ IT နဲ့ ပတ်သတ်တဲ့ အသိပညာလေးတွေ မျှဝေပေးနေရတာနဲ့ Post တွေတင်ဖို့ လစ်ဟင်းခဲ့ပါတယ်။အဲ့ဒီ အတွက် ကျွန်တော့ IT Bank ရဲ့ စာဖတ်ပရိတ်သတ်တွေကို အနူးအညွှတ် တောင်းပန်ပါရစေဗျာ။အခုတော့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်လေးတွေ စိတ်ပြေလက်ပျောက်လေး ဖြစ်သွားအောင် ဆိုပြီး ကျွန်တော် တစ်နေ့က ကြိုးစားပမ်းစားရှာထားတဲ့ Software လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့ဒီ Software လေးက ဘယ်လိုမျိုးလေးလဲ ဆိုတော့ ပြောပြမယ်နော်။အယ်.......ပြောပဲပြောမယ်နော် ပြ၀ူး ရှက်စရာကြီး ဟိဟိ.။ကျွန်တော်တို့ သုံးနေတဲ့ Computer Destop မှာ ရှိနေတဲ့ Mouse Cursor  မြှားရဲ့သွားလေရာနောက်မှာ ရောင်စုံ ဘောလုံးလေးတွေ ရောင်စုံ တိရစ္ဆာန်အကောင်လေးတွေ ရောင်စုံ သီချင်းသံစဉ်လေးတွေ ကြယ်လေးတွေ လိုက်ပါလာမဲ့ Software လေးပေါ့ဗျာ။အဲ့ဒီ Software လေး နာမည်က Vi Vi Coursor ဆိုတဲ့ Software လေးပါပဲ။ဘာရယ်တော့ မဟုတ်ပါဘူး။ကိုယ့် ကွန်ပျူတာမှာ အမြင်လေးတစ်မျိုးတော့ပြောင်းသွားတာပေါ့ဗျာ။သူ့ မူရင်း ဆိုဒ်က Download ဆွဲရင်တော့ ပိုက်ပိုက်ပေးရမှာပေါ့ဗျာ။ကျွန်တော်ကတော့ ပိုက်ပိုက်မပေးရအောင် ကြံစည်ထားတာပေါ့ဗျာ။အောက်မှာလဲ ကျွန်တော် Screen Short ဖမ်းပြီး ဓာတ်ပုံတွေနဲ့ တကွ ပြပေးထားပါတယ်ဗျာ။
Fig ~ 1
Fig ~ 2

Fig ~ 3
Fig ~ 4

ကဲ........ဘယ်လိုလဲ ဘော်ဒါတို့ မိုက်လားဗျ။ကြိုက်ရင် ဒီ က ကျွန်တော်က ပေးဖို့ Ready ပဲဗျာ။အောက်က Link လေးမှာ Download သွားယူလိုက်ပါဦးနော်။Serial Number ပါ ပါတဲ့ အတွက် အားလုံး အဆင်ပြေကြလိမ့်မယ်လို့လဲ ထင်ပါတယ်ဗျာ။

ViVi Cursor Version 2.0.2 Mediafire Download Page

ကျွန်တော့ IT Bank Site လေးကို အခုလို လာလည် အားပေးကြတဲ့ သူငယ်ချင်းများကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။တခြား မသိသေးတဲ့ သူငယ်ချင်းတွေ ရှိသေးရင်လဲ ကျွန်တော့ IT Bank လေးကို လမ်းညွှန်ပေးကြပါလို့ တောင်းဆိုပါရစေဗျာ။

ကြိုးစားလျက်.........!
   (Yekyawphyo)


ကျွန်တော် ဒီတစ်ခါ သူငယ်ချင်းတွေကို ပေးချင်တဲ့ လက်ဆောင်လေးကတော့ မိမိ အတွက်လဲ အကျိုးရှိမဲ့ Screen Saver Software လေးတစ်ခုနဲ့ မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်ဗျာ။အဲ့ဒီ Screen Saver လေးကို အပျော်သက်သက် အလှ သက်သက်အနေနဲ့ အသုံးမပြုစေချင်ပါဘူးဗျာ။ဒီ Software လေးဟာ မိမိနေတဲ့  နိုင်ငံ မြို့တွေအလိုက်သူက ရာသီဥတု အခြေအနေကို 3 မိနစ်ခြားတစ်ခါဖော်ပြပေးပါတယ်ဗျာ။ပြီးတော့ လေထုဖိအား လေတိုက်နှုန်းတွေ အစရှိတာတွေကို ပြသပေးတဲ့ Screen Saver လေးတစ်ခုပေါ့ဗျာ။ပြီးတော့ မိမိ လေ့လာချင်တဲ့ နိုင်ငံတွေရဲ့ မြို့တွေရဲ့ ရာသီဥတုအနေအနေတွေကိုပါ ဖော်ပြပေးနိုင်ပါတယ်ဗျာ။Screen Saver အနေနဲ့လဲ 3D Style လေး မိမိကွန်ပျူတာမှာ မြင်တွေ့ရမှာဖြစ်ပြီး ရာသီဥတုအခြေအနေကိုလဲ ဖော်ပြပေးနိုင်တဲ့ အကျိုးရှိတဲ့ Software ကောင်းလေး တစ်ခုဆိုရင်လဲ မမှားဘူးပေါ့ဗျာ။ကဲ ဘယ်လောက်ကောင်းလိုက်လဲဗျာ။အော် နောက်တစ်ခုက မနက်ဆိုလဲ မနက်အလိုက် ဒီ Software လေးရဲ့ ကောင်းကင်နေရာမှာလင်းနေပြီး နေရောင်လေးတွေကိုလဲ မြင်ရမှာဖြစ်ပြီး ညဆိုရင် ညအတိုင်း မှောင်သွားမှာ ဖြစ်ပါတယ်ဗျာ။လပြည့်နေ့ရောက်တဲ့ နေ့ဆို လထွက်နေမှာ ကို မြင်ရမှာဖြစ်ပါတယ်ဗျာ။ကျွန်တော်တို့ အပြင်က ပုံစံအတိုင်းကို မြင်တွေခံစားရမှာဖြစ်ပါတယ်ဗျာ။ကဲ သူငယ်ချင်းတွေလဲ စိတ်ဝင်စားကြတယ်ဆိုရင်တော့ ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲဗျာ။အောက်က Link မှာ Download ယူသွားလိုက်ပါဦးနော်။အပေါ်က ပုံလေး အတိုင်းပေါ့ဗျာ။အော် တစ်ခုကျန်သေးတယ်ဗျ။ဒီ Software လေးအတိုင်း  ရာသီဥတုအခြေအနေကို မိမိဆိုဒ်မှာ လာလည်တဲ့ သူတွေမြင်ရအောင် ချိတ်ဆွဲထားချင်တဲ့ သူတွေအတွက်ကတော့ အောက်က Post လေးမှာ သွားပြီးဖတ်ရှုနိုင်ပါတယ်နော်။
(ဒီ Post လေးမှာ သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်နော်။)

Screen Saver အတွက် Download Link လေးကတော့ အောက်က Link လေးပါနော်။
ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။

 ကဲ သူငယ်ချင်းတွေ အားလုံး ကျွန်တော်ပေးတဲ့ လက်ဆောင်လေးကို သဘောကျလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သဘောကျရင် အောက်မှာ Comments လေးတွေပေးခဲ့ပါဦးလို့ တောင်းဆိုပါရစေဗျာ။သူငယ်ချင်းတွေ ရဲ့ ဝေဖန်အကြံပေးချက်လေးဟာ IT Bank Site လေးအတွက် အားဆေးတစ်ခွက်ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                          (Yekyawphyo)
ကျွန်တော် ဒီ တစ်ခါတော့ Windows 7 အသုံးပြုတဲ့ သူတွေ အတွက် Start Button Animator ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ကျွန်တော်တို့ က တစ်ခါတစ်ခါ ဒီ Computer ကြီးပဲ တစ်ချိန်လုံး ကြည့်နေရတာ ကြာတော့ ပျင်းကုန်ကြပြီပေါ့ဗျာ။ဒီတော့ တစ်ခါတစ်လေ ပျင်းရင် အပျင်းပြေလေး မိမိ Computer  ကို အလှဆင်ပြီး ကလိကြပေါ့ဗျာ။မဟုတ်ဘူးလားဗျ။ကျွန်တော်လဲ ပျင်းရင် တစ်ခါတစ်လေ Computer မှာ အလှဆင်ဖို့ Funny Software လေးတွေ လိုက်ရှာတာပေါ့။ရှာတဲ့ အတိုင်းလေးတွေ့တော့ ကျွန်တော် အရမ်းသဘောကျတာနဲ့ ကျွန်တော့ IT Bank Site လေးကိုအားပေးတဲ့ သူငယ်ချင်းတွေလဲ သဘောကျလိမ့်မယ် ထင်လို့ ကျွန်တော်က ပြန်မျှဝေပေးလိုက်ပါတယ်နော်။လိုချင်ရင် အောက်မှာ Download ယူသွားလိုက်ပါနော်။ဖိုင်ဆိုဒ်လေးက 365.23 KB ပဲ ရှိတာမို့ အမြန်ဆုံးသာ Download ယူလိုက်ကြပါနော်။အောက်ကပုံလေး အတိုင်း မိမိ Computer ရဲ့ Start Menu လေးမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်ဗျာ။ပုံလေးတွေက သူငယ်ချင်းတွေ စိတ်ကြိုက်ပုံလေးတွေ ချိန်းလို့ရပါတယ်နော်။ဒါမဲ့ တစ်ခု သတိထားရမှာက သူငယ်ချင်းတွေ ချိန်းရမဲ့ ဓာတ်ပုံတွေရဲ့ Format က .gif  ပုံဖြစ်ရပါမယ်ဗျာ။နောက် သတိထားရမှာက Windows 7 Only ဖြစ်ပါတယ်ဗျာ။Windows XP သမားတွေ အတွက်တော့ စိတ်မကောင်းပါဘူးဗျာ။ဒါမဲ့ Windows XP သမားတွေအတွက် အဲ့ဒီလို Software လေးရလာရင်လဲ ကျွန်တော် ဆက်ဆက်တင်ပေးပါ့မယ်ဗျာ။XP သမားတွေ အားလုံး  အားမငယ်ကျပါနဲ့ဗျာ။
အောက်က ပုံလေး ကတော့ မိမိတို့ ချိန်းချင်တဲ့ ပုံတွေကို ချိန်းလို့ရအောင် လုပ်ပေးတဲ့ နေရာလေးပေါ့ဗျာ။


ဒီ Link လေးမှာ Download သွားယူလိုက်ပါနော်။

 ကဲ သူငယ်ချင်းတွေ အားလုံး မိမိ ကွန်ပျူတာကို ကလိရင်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။သူငယ်ချင်းတွေ ပျော်ရွှင်တဲ့ မျက်နှာကို မမြင်ရပေမဲ့ သူငယ်ချင်းတွေ မျက်နှာလေး ပျော်ရွှင်နေခဲ့မယ် ဆိုရင် ကျွန်တော် အချိန်ကုန်ခံရကျိုးနပ်ပါတယ်ဗျာ။

                                                                                                                                        ကြိုးစားလျက်.....!
                                                                                                                                          (Yekyawphyo)
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော့ ဆိုဒ်လေးကို လာလည်ကြတဲ့ သူငယ်ချင်းတွေ အားလုံးအတွက် Christmas အတွက် အထူးလက်ဆောင်လေးတစ်ခုပေးပါရစေဗျာ။သူငယ်ချင်း မကြိုက်ရင် Comment တစ်ခုတောင်မပေးနဲ့ဗျာ။ကြိုက်ရင်တော့ Comment လေးတွေပေးခဲ့ကြပါလို့ တောင်းဆိုပါရစေဗျာ။ကျွန်တော့ အခုလက်ဆောင်လေးကို သူငယ်ချင်းတွေ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ကျွန်တော့ ဆိုဒ်လေးမှာ Post တွေ မတင်ရတာ တော်တော်ကြာနေပါပြီဗျာ။အလုပ်တွေ မအားလို့မတင်ဖြစ်တာပါဗျာ။အဲ့ဒီ အတွက် သူငယ်ချင်းတွေ အားလုံးကို တောင်းပန်ပါရစေဗျာ။ကျွန်တော် ဆိုဒ်လေးကို အမြဲအားပေးနေတဲ့ သူငယ်ချင်းတွေ အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ကျွန်တော် ပေရှည်နေမိပြီဗျာ။Sorry ပါဗျာ။သူငယ်ချင်းတွေ အားလုံး Christmas နေ့မှာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။Christmas နေ့ဆိုတာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ကိုယ့်ဘာသာ မဟုတ်ပေမဲ့ ခရစ်ယာန်ဘာသာတွေ အတွက်တော့ ရက်ထူးရက်မြတ်တစ်ခု ပါ။ဒါမဲ့ သူတို့ဘာသာအတွက် အထူးလက်ဆောင်ဆိုပေမဲ့ တခြားဘာသာတွေနဲ့ မဆိုင်ဘူးဆိုပေမဲ့ ကျွန်တော့လို ဗုဒ္ဓဘာသာဝင်တောင် သူတို့ဘာသာရဲ့ အမှတ်တရ Christmas လက်ဆောင်လေးကို လှလို့ သဘောကျမိတာတော့ အမှန်ပါဗျာ။သူငယ်ချင်းတို့လဲ သဘောကျလိမ့်မယ်လို့ထင်ပါတယ်ဗျာ။ကျွန်တော် အခုပေးမဲ့ Software လေးကတော့ Christmas Trees လေးတွေပါ။မိမိ ကွန်ပျူတာ Destop မှာ Christmas Tree လေးတွေနဲ့ အလှဆင်ချင်ရင်တော့ ကျွန်တော် အောက်မှာ Download Links လေးတွေ ပေးထားပါတယ်ဗျာ။ဖိုင်ဆိုဒ်လေးတွေက သေးသေးလေးတွေ ဆိုတော့မြန်မာနိုင်ငံ Connection နဲ့ ဆိုရင်  Download လုပ်ရတာ အရမ်းအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။Style လေးတွေက မျိုးစုံဆိုတော့ လိုချင်ရင်တော့ အားလုံးသာ Download လုပ်သွားကြတော့ပေါ့။အားလုံး အလန်းလေးတွေနော်။ကျွန်တော် အောက်မှာ ပုံလေးနဲ့ တကွပြပေးထားပါတယ်ဗျာ။ကဲ သူငယ်ချင်းအားလုံး ပုံလေးကြည့်ပြီးသဘောကျသွား ကြပြီမဟုတ်လား။အဲ့ဆိုရင်တော့ အမြန်ဆုံးသာ Download ယူသွားတော့ဗျာ။မိမိ ကွန်ပျူတာ Destop လေးမှာ Christmas သစ်ပင်လေးတွေက မီးရောင်စုံမှိတ်လိုက်ဖွင့်လိုက် လင်းလက်နေမှာဖြစ်ပါတယ်ဗျာ။

အော်...တစ်ခုပြောဖို့ မေ့သွားလို့ မိမိချစ်သူ ရဲ့ ကွန်ပျူတာမှာ မိမိချစ်သူမသိခင်လေး အဲ့ဒီ Software လေးထည့်ပြီး နောက်လို့ရတယ်နော်။


ကဲ သူငယ်ချင်းတွေ အားလုံး Marry Christmas မှာ ပျော်ရွှင်ကြပါစေနော်။Christmas မဟုတ်တဲ့ သူငယ်ချင်းတွေလဲ မိမိ Destop လေးမှာ အလှဆုံးလေး ဆင်ပြီး လန်းနိုင်သမျှ လန်းနိုင်ကြပါစေဗျာ။ကျွန်တော့ ဒီ Post လေးကို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါတယ်ဗျာ။ဒါမဲ့ Post ပိုင်ရှင် နာမည်လေးတော့ ထည့်ပေးကြပါလို့တော့ တောင်းဆိုပါရစေဗျာ။
                                                                                                                                      ကြိုးစားလျက်......!
                                                                                                                                     (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -