Showing posts with label (ဗဟုသုတ). Show all posts
မင်္ဂလာရှိသော နှစ်သစ်သင်္ကြန်မှာ ကဲမယ်ဆိုတဲ့ စာဖတ်ပရိတ်သတ်တွေအတွက် ခရမ်းလွန်ရောင်ခြည်နဲ့ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ
Monday, April 1, 2013
Posted by Ye Kyaw Phyo
![]() |
| IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ |
ခရမ်းလွန်ရောင်ခြည် သတိပေးချက်
ရန်ကုန်မြို့ အပါအ၀င် အခြားမြို့ကြီးများ၌ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံ ချို့တဲ့သည့် ရောဂါများ ဖြစ်ပွားနိုင်သည့် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါး ကျရောက်နေကြောင်း “ရင်ထဲက အမွေ” သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတွင် မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဆိုပါသည်။
Ultraviolet Ray ဟုခေါ်သည့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြန်မာနိုင်ငံတွင် မြင့်တက်နေသည့်အတွက် အထူးသတိထား သွားလာကြဖို့ ၊ အထူးသဖြင့် သင်္ကြန်ကာလအတွင်း အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သတိပေးခဲ့သည်။
ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ (၁၁)အထက် ကျော်နေသောကြောင့် သတ်မှတ်စိုးရိမ် ညွှန်းကိန်းအထက်သို့ ရောက်ရှိနေတာဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။"မြန်မာပြည်မှာ သင်္ကြန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ်၊ တစ်နေရာရောက်ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သင်္ကြန်ကာလဆို မဏ္ဍပ်တွေဘာတွေ သွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာနေရမယ့် သဘောရှိနေတယ်၊ အန္တရာယ်ပိုကြီးတယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန်ရောင်ခြည်က ရေပေါ်မှာကျလို့ အလင်းပြန်ရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့သင်္ကြန်မှာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပိုရှိတယ်"
သင်္ကြန်ကာလ ဧပြီလအတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း ပိုများမယ်လို့ ယူဆရပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ဖို့ ဦးထုပ် အဝိုင်းကြီးကြီးဆောင်းဖို့ ၊ နေရောင်ခြည်ကာ မျက်မှန်တပ်ဖို့နဲ့ အဝတ်အထည်များ လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးခဲ့သည်။
ကမ္ဘာ့လေထုအထက်မှာရှိနေတဲ့ အိုဇုန်းလွှာ ပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်တာဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်းလည်း သိရသည်။
အညွှန်းကိန်း ၈၊ ၉၊ ၁၀၊ ၁၁ အထိ သက်ရောက်ပါက အရေပြားဆိုင်ရာ ရောဂါများ၊ အမြင်အာရုံ ချို့တဲ့သည့် ရောဂါများနှင့် ၁၃၊ ၁၄ အထိ သက်ရောက်ပါက သားသမီး မရနိုင်သည့် သုတ်ပိုးသေတဲ့ ရောဂါများအထိ သက်ရောက်နိုင်ပါတယ်။
ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ရန်ကုန်မြို့၌ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအမှတ် ၁၂ ဒသမ ၈ အထိ ကျရောက်ခဲ့ပြီး ကော့သောင်းမြို့တွင် ၁၃ ဒသမ ၂၊ ထားဝယ်မြို့တွင် ၁၃ ဒသမ ၂၊ ပုသိမ်မြို့တွင် ၁၃ ဒသမ ၁၊ နေပြည်တော်တွင် ၁၁ ဒသမ ၇၊ မော်လမြိုင်မြို့တွင် ၁၂ ဒသမ ၈၊ ဘားအံမြို့တွင် ၁၂ ဒသမ ၈၊ လွိုင်ကော် ၁၂ ဒသမ ၄ ၊ တောင်ကြီးတွင် ၁၂ ဒသမ ၀ အထိ အသီးသီး ကျရောက်ခဲ့သည်။
“မနှစ်က မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုက အဆင့် ၁၀၊ ၁၁ ပဲရှိတယ်။ ဒီနှစ်မှာ ၁၃ အထိ ရှိလာတယ် ဆိုတော့ ပိုများလာတယ်လို့ ဆိုနိုင်တယ်။ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာပါ ခရမ်းလွန်ရောင်ခြည် အဆင့် ၁၃ နီးပါး ကျရောက်နေတယ်” ဟု ဦးထွန်းလွင်က ပြောသည်။
“နေကထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည်က စွမ်းအင်မြင့်တဲ့အတွက် လူတွေနဲ့ထိရင် အန္တရာယ်ရှိတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကို အန္တရာယ်ရှိသော ရောင်ခြည်များလို့လည်း ခေါ်တယ်။ ဒါတွေကို လူသားတွေဆီ မရောက်အောင် သဘာဝတရားက လေထုထဲမှာ ကာကွယ်ပေးထားတာ ရှိတယ်။ အဲဒါက အိုဇုန်းလွှာပဲ။ ကမ္ဘာမှာ ဓာတ်ငွေ့ထုတ်လုပ်မှု များလာတဲ့အတွက် အိုဇုန်းလွှာက ပေါက်သွားပြီ။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်က ကမ္ဘာကို တိုက်ရိုက်ထိလာပြီ” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။
မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင်တိုင်းတာခဲ့ခြင်း ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို တိုင်းတာရာတွင် သုညမှ ၃ အထိကို အနိမ့်စား၊ အဆင့် ၄ မှ ၇ အထိကို အသင့်အတင့်၊ ၈နှင့် အထက်ကို အန္တရာယ်ရှိ အဆင့်အဖြစ် သတ်မှတ်ထားသည်။
“ခရမ်းလွန်ရောင်ခြည် သက်ရောက်မှု အများဆုံး အချိန်က မွန်းတည့်ချိန်ပေါ့။ တစ်နေ့လုံး မဟုတ်ပါဘူး။ မွန်းတည့်ချိန်ကို ရှေ့တစ်နာရီ နောက်တစ်ရီဆိုတော့ နံနက် ၁၁ နာရီကနေ မွန်းလွဲ၂ နာရီလောက် အထိကို နေပူထဲသွားလာတာတွေ သတိပြုပါ။ အကာအကွယ်မဲ့ မသွားပါနဲ့။ ထီး၊ နေကာမျက်မှန်၊ အင်္ကျီ ထူထူ စတာတွေကို ၀တ်ဆင်သင့်ပါတယ်၊ အညွှန်းကိန်း ၉ အထက် အဆင့်က အမြင်အာရုံ ချို့ယွင်းတာတွေ၊ အရေပြားဆိုင်ရာ ပြဿနာတွေ သတိပြုသင့်တယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးလဖြစ်ပြီး မေလ၀န်းကျင်အထိ အပူချိန်မြင့်မားမှုဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ဒါကြောင့် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို တစ်ခု သတိပေးချင်တာကတော့ သင်္ကြန်မှာ ကဲမယ်ဆိုရင်လဲ ဦးထုပ် ၊ အနွေးထည်လက်ရှည်ထူထူ တို့ဝတ်ဆင်ထားသင့်ပါတယ်။သင်္ကြန် အချိန်အခါ မဟုတ်လဲ နွေရာသီမှာ ကိစ္စတစ်ခုခုကြောင့် အပြင်သွားရတယ်ဆိုရင်ပဲ ဦးထုတ်၊ ထီးတို့ကို ယူသွားသင့်ပါတယ်။နေရောင်ခြည် ကာကွယ်နိုင်တဲ့ အကာအကွယ်တစ်ခုခု ယူသွားပါလို့ ကျွန်တော် အထူးအကြံပေးချင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site ကို လာလည်တဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး နှစ်သစ်မင်္ဂလာမှာ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကျပြီး နှစ်သစ်မှာ ဘေးအန္တရာယ်တွေ ကင်းရှင်းစွာဖြင့် နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Online ပေါ်က Web Site တွေကနေ အနည်းငယ်ကူးယူဖော်ပြပေးထားတာဖြစ်ပါတယ်ဗျာ။
ကြိုးစားလျက်....!
(YeKyawPhyo)
သင့် နံနက်စာကို သစ်သီးဖျော်ရည်တစ်ခွက်နဲ့ တွဲဖက်စားသုံးခြင်းဖြင့် ကောင်းမွန်သော ကျန်းမာရေးအလေ့အထတစ်ရပ်ကို ရွေးချယ်ကြပါစို့။
Sunday, March 17, 2013
Posted by Ye Kyaw Phyo
Tag :
(ကျန်းမာရေး),
(ဗဟုသုတ)
![]() |
| Fig ~ 1 |
ကျွန်တော် ဒီ တစ်ခါတော့ IT Bank Site က စာဖတ်ပရိတ်သတ်လေးတွေ အတွက် ကျန်းမာရေးနဲ့ သတ်ဆိုင်တဲ့ ဗဟုသုတလေး တစ်ခုနဲ့ ကျွန်တော် လေ့လာထားသလောက်လေး မိတ်ဆက်ပေးပါ့ရစေဗျာ။ကျွန်တော်တို့ နံနက်ခင်း စောစောမှာ အစာစားဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သင်လည်း သိမှာပါနော်။ကျွန်တော်တို့ လူသားတွေ တစ်နေ့လုံး အလုပ်ခွင်မှာ တက်တက်ကြွကြွနဲ့ အလုပ်တွေကို ရွှင်လန်းစွာ သွားလာ လှုပ်ရှားနိုင်ဖို့ နံနက်စာက ကျွန်တော်တို့ လူသားတွေအတွက် အားဖြည့်လောင်စာ တစ်မျိုး ပါပဲ။အာဟာရ ပြည့်ဝပြီး အရသာရှိတဲ့ နံနက်စာက ကျွန်တော်တို့ လူသားတွေရဲ့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ခွန်အားတွေကိုကောင်းစွာ ပေးစွမ်း နိုင်ပါတယ်။ကျွန်တော်တို့က တစ်ခါတစ်လေ အလုပ်ချိန်မမှီတော့တာတို့ ဗိုက်မဆာလို့ နံနက်စာ မစားမိတာမျိုးဆိုရင်တော့ တစ်နေကုန်ရင်ခံ သွားပြီး နေ့လယ်စာပါ စားမဝင် နိုင်တာမျိုး ရင်ပြည့်သွားတာမျိုးတို့ ဖြစ်တတ်ပါတယ်။ဒါမှမ ဟုတ် နေ့လယ်စာကို ပိုစားမိတာ မျိုးတွေ ဖြစ်တတ်ပါတယ်။တကယ်တော့ ကျွန်တော်တို့လူသားတွေဟာ နံနက်စောစော အချိန်မှာ လူတစ်ယောက် အတွက် အားအင်တွေ အပြည့်အဝ ရှိနေရမယ့် အချိန်ပါ။ဒါမှလဲ ကျွန်တော်တို့ လူသားတွေအတွက် တစ်နေကုန်လုပ်ဆောင်ရမဲ့ လုပ်ဆောင်ချက်တွေကို တက်ကြွလန်းဆန်းစွာနဲ့ လုပ်ဆောင်နိုင်မှာလဲ ဖြစ်ပါတယ်။နံနက် အိပ်ရာ ထချိန်မှာ သင်ဟာ အစာနဲ့ ၁ဝ နာရီလောက် ကင်းကွာ နေပါလိမ့်မယ်။ အဲဒီလောက် ကင်းကွာနေပြီး အိပ်ရာ နိုးချိန်မှာ နံနက်စာ မစားဘဲ နေမယ်ဆိုရင် သင့် အစာအိမ်ကို ဒုက္ခပေးနိုင် သလို သင့်ရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေ အတွက် တက်ကြွလန်းဆန်းမှုတွေ မရှိတော့ဘဲ စိတ်ထဲမှာ ထုံထိုင်းစေပြီး တစ်နေတာရဲ့ လုပ်ဆောင်မှုတွေကိုလည်း နှေးကွေး စေပါတယ်။နံနက်စာ မစားလို့ နေ့လယ်စာကို ပိုစားမိ ပြန်တော့လည်း သင့်ခန္ဓာကိုယ် အလေးချိန်ကို ထိန်းမထား နိုင်တာတွေ ကြုံတွေ့နိုင်ပါတယ်။ကျွန်တော်တို့ လူသားတွေဟာ နံနက်စာကိုသာ ကောင်းကောင်း အချိန်မှန်မှန်နဲ့ စားထားခဲ့မယ်ဆိုရင် သင့် တစ်နေ့တာ အတွက် အလွန် အကျိုးရှိနိုင် သလို နေ့လယ်နေ့ခင်း သရေစာ စားသောက်တာလည်း လျော့နည်း သွားနိုင်ပါတယ်။ ဒါကြောင့် သင့်ရဲ့ တစ်နေ့တာ လုပ်ဆောင် တာတွေကို ခွန်အား အပြည့်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်ဖို့ အာဟာရ ပြည့်ဝတဲ့ နံနက်စာကို မှန်မှန်ကန်ကန် ရွေးချယ် စားသောက် တတ်ဖို့ လိုအပ်ပါတယ်။မှန်ကန်တဲ့ နံနက်စာ ရွေးချယ် စားသောက်မှု ဆိုတာက အဆီဓာတ်၊ ကိုလက် စထရောနဲ့ ဆား(အငန်ဓာတ်) ပါဝင်မှု နည်းတဲ့ အစားအစာတွေ စားသုံးတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က အာဟာရ ပြည့်ဝပြီး ခွန်အား ဖြစ်စေတဲ့ နံနက်စာကို ရွေးချယ် စားသောက်နိုင်အောင် ဖော်ပြ လိုက်ရပါတယ်။
နံနက်စာကို ဂျုံအပြည့် အဝ ပါဝင်တဲ့ ပေါင်မုန့်၊ နံပြား၊ ခေါက်ဆွဲ စတာတွေ စားပေးရပါမယ်။
အဆီ ထုတ်ထားတဲ့ နို့နဲ့ နို့ထွက် ပစ္စည်းတွေ ဒါမှမဟုတ် သစ်သီးဖျော်ရည် တစ်ခုခုကိုပါ သောက်သုံးပေးရ ပါမယ်။သစ်သီး ဖျော်ရည်ကို ဗီတာမင် စီဓာတ် အပြည့်အဝ ပါဝင်တဲ့ စတော်ဘယ်ရီသီး၊ သံပရာသီးတွေ လိမ္မော်သီးတွေ ကို ဖျော်ရည် ပြုလုပ်ပြီး သောက်သုံး ပေးနိုင်ပါတယ်။ဒါပေမဲ့ နံနက်စာကို အာလူးကြော်၊ အီကြာကွေး၊ စမူဆာ၊ ပလာတာ၊ ဘူးသီးကြော် စတဲ့ ထပ်ကာ ထပ်ကာ အသုံးပြုထားတဲ့ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစားအစာ တွေကိုတော့ လျှော့စား သင့် ပါတယ်။မစားရင်တော့ ကိုယ့် ကျန်းမာရေးအတွက် ပိုကောင်းတာပေါ့ဗျာ။ဒီတော့ ကျွန်တော်တို့က နံနက်စာ စားသောက်ပုံကို ကျန်းမာရေးနဲ့ညီညွတ်အောင် ပြောင်းလဲ သင့်ပါပြီ။နံနက်စာက ကျွန်တော်တို့လူသားတွေရဲ့ တစ်နေ့တာ အတွက် အရေးပါ အရာရောက်တဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သင် လက်ခံတယ် ဆိုရင် ဒီနေ့ပဲ မှန်ကန်တဲ့ ပြောင်းလဲမှုကို ရွေးချယ်လိုက်ကြရအောင်ဗျာ။တကယ်ဆိုရင် ကျွန်တော်တို့က နံနက်စာကို ကော်ဖီ၊ လက်ဖက်ရည်တို့ အပူတွေ သောက်မယ့်အစား နံနက်စောစော စီးစီးမှာ ရင်ကို အေးမြပြီး လန်းဆန်းစေတဲ့ သစ်သီး ဖျော်ရည် တစ်ခုခုနဲ့ တွဲဖက် စားသုံးတာက သင့်ကို ကျန်းမာပြီး နုပျို စေပါတယ်။ဒါ့အပြင် ဝမ်းမှန် စေတာကြောင့် သင့် တစ်နေ့တာလုံး ပေါ့ပါး သွက်လက်စွာ လုပ်ကိုင် ဆောင်ရွက် နိုင်မှာပါ။ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် တစ်ခွက်မှာ ဗီတာမင်(Vitamin) နဲ့ သတ္တုဓာတ်(Zinc) တွေ ပြည့်ဝစွာ ပါဝင်နေပါတယ်။ဗီတာမင်အေ(Vitamin A) က သင့်အမြင်(မျက်လုံး) ကို ကြည်လင်စေပြီး အသားအရေ လှပ စေပါတယ်။ ဗီတာမင်ဘီ(Vitamin B) အုပ်စုက ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ တစ်သျှုးတွေကို အသစ်တွေ ဖြစ်ပေါ်စေခြင်း၊ စွမ်းအင်အဖြစ် ပြောင်းလဲ ပြုလုပ်ပေးခြင်း၊ခန္ဓာကိုယ်ရှိ သွေးနီဥတွေ ဖြစ်ပေါ်စေခြင်း၊ အာရုံကြောတွေ အားကောင်းစေခြင်း ဖြစ်စေပါတယ်။ ဗီတာမင်စီ(Vitamin C) က ခန္ဓာကိုယ် အတွက် သံဓာတ် စုပ်ယူမှုကို အားပေးပါတယ်။ သွားနဲ့ သွားဖုံးတွေကို ခိုင်ခံ့ ကျန်းမာစေပြီး ဆဲလ်အသစ် ဖြစ်ပေါ် စေတာကြောင့် ခန္ဓာကိုယ်မှာ တစ်ခါတစ်ရံဖြစ်ပေါ်တက်တဲ့ အနာများကို အကျက် မြန်စေပါတယ်။ ဗီတာမင်ဒီ(Vitamin D) က အရိုးနဲ့ သွားတွေကို သန်မာ စေပါတယ်။ ဗီတာမင်အီး(Vitamin E) က အိုမင်း ရင့်ရော်စေတဲ့ ခန္ဓာကိုယ်တွင်းရှိ ဓာတ်တိုး ပစ္စည်းတွေကို ဟန့်တားပေးတဲ့ အင်တီ အောက်ဆီးဒင့် အဖြစ် လုပ်ဆောင် ပေးပါတယ်။ ဗီတာမင်ကေ က သာမန် သွေးခဲတာကို အားပေးပါတယ်။ ဖောလစ်အက်စစ် ကီဗြီ ဖြစ်ေ ပ်ါမှုနဲ့ သွေးနီဥ ဖြစ်ပေါ်တာကို အားပေးပါတယ်။ဒါကြောင့် ကျွန်တော်တို့က နံနက်စာကို ဖျော်ရည် တစ်ခွက်နဲ့ တွဲဖက် သောက်သုံး လိုက်ရုံနဲ့ သင့် ခန္ဓာကိုယ် အတွက် အကျိုးရှိတဲ့ ဗီတာမင် ဓာတ်တွေကို ရရှိပြီး ကောင်းမွန်တဲ့ ကျန်းမာရေးဘ၀ ကို သင့်ရွှေးချယ်မှုကနေ ဆုံးဖြတ်ပြီး ပိုင်ဆိုင်နိုင်မှာလဲ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အနေနဲ့လဲ အာဟာရပြည့်ဝပြီး ကောင်းမွန်တဲ့ နံနက်စာကို ရွေးချယ်ပြီး ကျန်းမာသော ဘ၀လမ်းခရီးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးထဲက စာသား တစ်ချို့တွေကို မြ၀တီ Web Portal မှ ကူးယူထားပြီး တစ်ချို့စာသား တွေကိုတော့ အနည်းငယ် ပြင်ဆင်ထားပါတယ်ဗျာ။

ကြိုးစားလျက်......!
(YeKyawPhyo)
မြန်မာပြည်၏ ပထမဦးဆုံးသော IT လောကရဲ့ Hacking Magazine ထွက်ပါပြီ။
Saturday, March 9, 2013
Posted by Ye Kyaw Phyo
![]() |
| http://ghostarea.net |
ဒီ တစ်ခါ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်တာကတော့ Computer IT နည်းပညာတွေနဲ့ ဆက်စပ်လေ့ရှိတဲ့ Hacking သတင်းတွေနဲ့ Hacking နည်းပညာတွေကို ရေးသားဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ ပထဦးဆုံး မြန်မာနိုင်ငံလူငယ်လေးများ (Ghost Area) မှစုစည်းရေးသားထားတဲ့ မဂ္ဂဇင်းလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ မဂ္ဂဇင်းလေး ဖတ်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူငယ် IT သမားလေးတွေကို လိုအပ်တာတွေ ရှိနေသေးရင် ဝေဖန်အကြံပေးပြီး အားပေးကြပါဦးလို့ ကျွန်တော်က အထူးမေတ္တာရပ်ခံချင်ပါတယ်ဗျာ။အဲ့ဒီ မဂ္ဂဇင်းလေးထဲမှာ Hacking နည်းပညာတွေ Hacking နဲ့ပတ်သတ်တဲ့ သတင်းတွေ Hacking အခြေခံ နည်းပညာ အတိုအထွာလေးတွေ စတဲ့ Hacking နဲ့ ပတ်သတ်တဲ့ နည်းပညာတွေကို စုစည်းပေးထားတဲ့ မြန်မာလို ဘာသာပြန်ပေးထားတဲ့ မဂ္ဂဇင်းစာအုပ်လေးကို အဆင်ပြေစွာ ဖတ်ရှုနိုင်အောင်လို့ အောက်မှာ Download Link နဲ့တကွ ကျွန်တော်က ပြန်ပြီး မျှဝေပေးလိုက်ပါတယ်ဗျာ။Hacking အကြောင်း စိတ်ဝင်စားသည် ဖြစ်စေ စိတ်မ၀င်စားသည်ဖြစ်စေ Internet အသုံးပြုတက်သူတစ်ဦးအနေဖြင့် ဗဟုသုတအနေဖြင့် သိသင့်သိထိုက်တဲ့ လေ့လာစရာ စာအုပ်ကောင်းလေး တစ်အုပ်ဖြစ်လိမ့်မယ် ကျွန်တော်အနေနဲ့ မြင်မိပါတယ်။ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးရဲ့ အမြင်ကကော.......ဘယ်လိုပါလဲ။
ကြိုးစားလျက်.......!
(Yekyawphyo)