Showing posts with label (အထွေထွေ). Show all posts

ကျွန်တော် IT Bank Site လေးမှာ Post မတင်ဖြစ်တာတောင် ကြာနေပြီနော်။ဟဲ......ဟဲ IT Bank က Admin အကြောင်းပြချက် သိတယ် မဟုတ်လား။အလုပ်မအားဘူး ဆိုတာပဲလေ။ဒီ တစ်ခါလဲ တကယ်ပါဗျာ။ကျွန်တော့ အလုပ်ကိစ္စလေးတွေကော ပြီးတော့ ဒီ ကြားထဲ ကျွန်တော် နေမကောင်းဖြစ်လိုက်ပါသေးတယ်။အဲ့ဒါကြောင့် Post တွေ တော်တော်များများ တင်ဖို့ ပြတ်သွားတာပါ။ပြီးတော့ ကျွန်တော် တင်မဲ့ Post တွေကို သူများတွေက အရင်ဦးပြီး တင်သွားတော့ Post တွေနောက်ကျနေရတယ်ဗျာ။အဲ့ဒါကြောင့် ကျွန်တော့ iT Bank က စာဖတ်ပရိတ်သတ်တွေ နည်းပညာနဲ့ ပတ်သတ်ပြီး သိရတာ နောက်ကျသွားရင် ကျွန်တော် အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ။ကျွန်တော် အခု ပြောချင်တာကတော့ ကျွန်တော့ IT Bank Site မှာ Software နဲ့ ပတ်သတ်ပြီး ဖြစ်စေ E-Books နဲ့ ပတ်သတ်ပြီး ဖြစ်စေ ကျွန်တော် တင်ထားတဲ့ File Hosting တွေကြောင့် Download ဆွဲလို့မရတဲ့ File များ Download Link များ သေနေခဲ့ရင် ကျွန်တော့ကို အဲ့ဒီ Download ဆွဲလို့မရတဲ့ Software ဒါမှ မဟုတ် E-Books တွေ တင်ထားတဲ့ Post ရဲ့ လိပ်စာ Software နာမည် E-Books နာမည်တွေကို welcometoitbank@gmail.com ကို Mail ပို့ပြီး တောင်းဆိုနိုင်သလို Post ရဲ့အောက်မှာ Comments ပေးပြီးတော့လဲ တောင်းဆိုနိုင်ပါတယ်ဗျာ။ကျွန်တော်လဲ အချိန်ရရင် ရသလို Hosting မှာ တင်ထားတဲ့ အလုပ်မလုပ်တော့တဲ့ File တွေ Software တွေ E-Books အားလုံးကိုလဲ ပြန်ပြင်ပေးနေပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးနဲ့ ပတ်သတ်ပြီး အဆင်မပြေတာတွေ လိုအပ်ချက်တွေ ရှိနေသေးရင်လဲ ဝေဖန်အကြံပေး ထောက်ပြပေးပါလို့ တောင်းဆိုပါတယ်ဗျာ။
ကျွန်တော့ IT Bank Site လေးကို အမြဲ အားပေးနေတဲ့ စာချစ်သူ စာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
ကြိုးစားလျက်.....!
(YeKyawPhyo)
IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော့ IT Bank Site က သင်္ကြန်မှာ ကဲမယ်ဆိုတဲ့ စာဖတ်ပရိတ်သတ်တွေ အတွက် နွေရဲ့ နေရောင်နွေးနွေးလေး နဲ့ကျွန်တော်တို့ လူသားတွေရဲ့ ကျန်းမာရေးအကြောင်းလေး ကျွန်တော် လေ့လာထားသလောက်ဖတ်ရှုထားသလောက်လေး စာဖတ်ပရိတ်သတ်တွေကို မျှဝေပေးပါ့ရစေဗျာ။ကျွန်တော်ကတော့ သင်္ကြန်မှာ မကဲပါဘူး။ဘုန်းကြီးဝတ်မှာ ဆိုတော့ ကျွန်တော့ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ကော ကျန်းမာရေးအရကော သတိပေးတဲ့ အနေနဲ့ပါ။
ခရမ်းလွန်ရောင်ခြည် သတိပေးချက်

ရန်ကုန်မြို့ အပါအ၀င် အခြားမြို့ကြီးများ၌ အရေပြားဆိုင်ရာ ရောဂါများနှင့် အမြင်အာရုံ ချို့တဲ့သည့် ရောဂါများ ဖြစ်ပွားနိုင်သည့် ခရမ်းလွန်ရောင်ခြည် အဆင့် (၁၃) နီးပါး ကျရောက်နေကြောင်း “ရင်ထဲက အမွေ” သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆွေးနွေးပွဲတွင် မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်က ဆိုပါသည်။
Ultraviolet  Ray ဟုခေါ်သည့် ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြန်မာနိုင်ငံတွင် မြင့်တက်နေသည့်အတွက် အထူးသတိထား သွားလာကြဖို့ ၊ အထူးသဖြင့် သင်္ကြန်ကာလအတွင်း အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က သတိပေးခဲ့သည်။
ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ (၁၁)အထက် ကျော်နေသောကြောင့် သတ်မှတ်စိုးရိမ် ညွှန်းကိန်းအထက်သို့ ရောက်ရှိနေတာဖြစ်ကြောင်း ၎င်းကပြောခဲ့သည်။
"မြန်မာပြည်မှာ သင်္ကြန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ်၊ တစ်နေရာရောက်ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သင်္ကြန်ကာလဆို မဏ္ဍပ်တွေဘာတွေ သွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာနေရမယ့် သဘောရှိနေတယ်၊ အန္တရာယ်ပိုကြီးတယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန်ရောင်ခြည်က ရေပေါ်မှာကျလို့ အလင်းပြန်ရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့သင်္ကြန်မှာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပိုရှိတယ်"
သင်္ကြန်ကာလ ဧပြီလအတွင် ခရမ်းလွန်ရောင်ခြည်ညွှန်းကိန်း ပိုများမယ်လို့ ယူဆရပြီး ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်နိုင်ဖို့ ဦးထုပ် အဝိုင်းကြီးကြီးဆောင်းဖို့ ၊ နေရောင်ခြည်ကာ မျက်မှန်တပ်ဖို့နဲ့ အဝတ်အထည်များ လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးခဲ့သည်။
ကမ္ဘာ့လေထုအထက်မှာရှိနေတဲ့ အိုဇုန်းလွှာ ပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန်ရောင်ခြည် ကျရောက်တာဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်ဟာ ကျန်းမာရေးအတွက် အန္တရာယ်ရှိကြောင်းလည်း သိရသည်။
  အညွှန်းကိန်း ၈၊ ၉၊ ၁၀၊ ၁၁ အထိ သက်ရောက်ပါက အရေပြားဆိုင်ရာ ရောဂါများ၊ အမြင်အာရုံ ချို့တဲ့သည့် ရောဂါများနှင့် ၁၃၊ ၁၄ အထိ သက်ရောက်ပါက သားသမီး မရနိုင်သည့် သုတ်ပိုးသေတဲ့ ရောဂါများအထိ သက်ရောက်နိုင်ပါတယ်။

ယခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးပတ်က ရန်ကုန်မြို့၌ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးအမှတ် ၁၂ ဒသမ ၈ အထိ ကျရောက်ခဲ့ပြီး ကော့သောင်းမြို့တွင် ၁၃ ဒသမ ၂၊ ထားဝယ်မြို့တွင် ၁၃ ဒသမ ၂၊ ပုသိမ်မြို့တွင် ၁၃ ဒသမ ၁၊ နေပြည်တော်တွင် ၁၁ ဒသမ ၇၊ မော်လမြိုင်မြို့တွင် ၁၂ ဒသမ ၈၊ ဘားအံမြို့တွင် ၁၂ ဒသမ ၈၊ လွိုင်ကော် ၁၂ ဒသမ ၄ ၊ တောင်ကြီးတွင် ၁၂ ဒသမ ၀ အထိ အသီးသီး ကျရောက်ခဲ့သည်။

“မနှစ်က မြန်မာနိုင်ငံမှာ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုက အဆင့် ၁၀၊ ၁၁ ပဲရှိတယ်။ ဒီနှစ်မှာ ၁၃ အထိ ရှိလာတယ် ဆိုတော့ ပိုများလာတယ်လို့ ဆိုနိုင်တယ်။ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတွေမှာပါ ခရမ်းလွန်ရောင်ခြည် အဆင့် ၁၃ နီးပါး ကျရောက်နေတယ်” ဟု ဦးထွန်းလွင်က ပြောသည်။

“နေကထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည်က စွမ်းအင်မြင့်တဲ့အတွက် လူတွေနဲ့ထိရင် အန္တရာယ်ရှိတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ကို အန္တရာယ်ရှိသော ရောင်ခြည်များလို့လည်း ခေါ်တယ်။ ဒါတွေကို လူသားတွေဆီ မရောက်အောင် သဘာဝတရားက လေထုထဲမှာ ကာကွယ်ပေးထားတာ ရှိတယ်။ အဲဒါက အိုဇုန်းလွှာပဲ။ ကမ္ဘာမှာ ဓာတ်ငွေ့ထုတ်လုပ်မှု များလာတဲ့အတွက် အိုဇုန်းလွှာက ပေါက်သွားပြီ။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်က ကမ္ဘာကို တိုက်ရိုက်ထိလာပြီ” ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို ၂၀၁၂ ခုနှစ်တွင် စတင်တိုင်းတာခဲ့ခြင်း ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည်၏ အညွှန်းကိန်းကို တိုင်းတာရာတွင် သုညမှ ၃ အထိကို အနိမ့်စား၊ အဆင့် ၄ မှ ၇ အထိကို အသင့်အတင့်၊ ၈နှင့် အထက်ကို အန္တရာယ်ရှိ အဆင့်အဖြစ် သတ်မှတ်ထားသည်။

“ခရမ်းလွန်ရောင်ခြည် သက်ရောက်မှု အများဆုံး အချိန်က မွန်းတည့်ချိန်ပေါ့။ တစ်နေ့လုံး မဟုတ်ပါဘူး။ မွန်းတည့်ချိန်ကို ရှေ့တစ်နာရီ နောက်တစ်ရီဆိုတော့ နံနက် ၁၁ နာရီကနေ မွန်းလွဲ၂ နာရီလောက် အထိကို နေပူထဲသွားလာတာတွေ သတိပြုပါ။ အကာအကွယ်မဲ့ မသွားပါနဲ့။ ထီး၊ နေကာမျက်မှန်၊ အင်္ကျီ ထူထူ စတာတွေကို ၀တ်ဆင်သင့်ပါတယ်၊ အညွှန်းကိန်း ၉ အထက် အဆင့်က အမြင်အာရုံ ချို့ယွင်းတာတွေ၊ အရေပြားဆိုင်ရာ ပြဿနာတွေ သတိပြုသင့်တယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဧပြီလသည် အပူဆုံးလဖြစ်ပြီး မေလ၀န်းကျင်အထိ အပူချိန်မြင့်မားမှုဒဏ်ကို ခံစားရမည်ဖြစ်ကြောင်း သိရသည်။ဒါကြောင့် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို တစ်ခု သတိပေးချင်တာကတော့ သင်္ကြန်မှာ ကဲမယ်ဆိုရင်လဲ ဦးထုပ် ၊ အနွေးထည်လက်ရှည်ထူထူ တို့ဝတ်ဆင်ထားသင့်ပါတယ်။သင်္ကြန် အချိန်အခါ မဟုတ်လဲ နွေရာသီမှာ ကိစ္စတစ်ခုခုကြောင့် အပြင်သွားရတယ်ဆိုရင်ပဲ ဦးထုတ်၊ ထီးတို့ကို ယူသွားသင့်ပါတယ်။နေရောင်ခြည် ကာကွယ်နိုင်တဲ့ အကာအကွယ်တစ်ခုခု ယူသွားပါလို့ ကျွန်တော် အထူးအကြံပေးချင်ပါတယ်ဗျာ။ကျွန်တော့ IT Bank Site ကို လာလည်တဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး နှစ်သစ်မင်္ဂလာမှာ စိတ်၏ ကျန်းမာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကျပြီး နှစ်သစ်မှာ ဘေးအန္တရာယ်တွေ ကင်းရှင်းစွာဖြင့် နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီ Post လေးကို Online ပေါ်က Web Site တွေကနေ အနည်းငယ်ကူးယူဖော်ပြပေးထားတာဖြစ်ပါတယ်ဗျာ။
ကြိုးစားလျက်....!
  (YeKyawPhyo)

ကဲ.....သူငယ်ချင်းတွေ ဒီနေ့ ဘာနေ့လဲ သိလား။ပြာသိုလပြည့်နေ့ အမေများနေ့ပေါ့ဗျာ။မြန်မာနိုင်ငံမှာ စခဲ့တဲ့ ဘဘဦးသုခ ပြုလုပ်ခဲ့တဲ့ အမေများနေ့ကတော့ ပြာသိုလပြည့်နေ့ ဖြစ်ပါတယ်ဗျာ။ချစ်သူတွေ အတွက် ချစ်သူများနေ့ဆိုပြီး ရှိသလို ကျွန်တော်တို့ကို မွေးထုတ်ပေးခဲ့တဲ့ မိခင်အတွက်လဲ အမေများနေ့ဆိုတာ ရှိပါတယ်ဗျာ။ကျွန်တော်တို့တွေ  ချစ်သူများနေ့ကိုကျတော့ မမေ့ကြဘူးနော်။အမြဲလဲ သတိရနေတက်ကြပါတယ်။ကျွန်တော်တို့ကိုမွေးတဲ့ အမေများနေ့ကို ကျတော့ ဘာလို့ သတိမရကြတာလဲဗျာ။အဲ့ဒါ ကျွန်တော် စဉ်းစားလို့မရဘူးဗျာ။ဝမ်းလဲ နည်းမိပါတယ်။သူငယ်ချင်းတွေ ကိုကျွန်တော် မေးခွန်းလေး ရိုးရိုးလေး တစ်ခုမေးချင်ပါတယ်ဗျာ။အဲ့ဒါကတော့ အမေများနေ့မှာ သူငယ်ချင်းတွေကို မွေးခဲ့တဲ့ အမေအတွက် လက်ဆောင်လေး တစ်ခုပေးဖူးရဲ့လားဆိုတာပါပဲ။လက်ဆောင်ပေးဖို့ မတိုက်တွန်းချင်သေးပါဘူးဗျာ။``အမေ နေကောင်းရဲ့လား အမေ ဘာလုပ်နေတာလဲ အမေဘာစားချင်လဲ အမေ အိမ်အလုပ်တွေ လုပ်နေရတာ ညောင်းနေပြီလား သား နှိပ်ပေးရမလား ဘယ်နားနာသေးလဲ´´ လို့ မေးဖူးကြရဲ့လားဗျာ။ကျွန်တော် ပြောသလိုလေးပဲ မိမိ အိမ်ရောက်ရင် အမေ့ကို အများကြီးမဟုတ်ရင်တော့ အမေဘာစားမလဲ ဆိုတဲ့ မေးခွန်းလေးတစ်ခုပဲ မေးလိုက်ပါ။အဲ့ဒီ အခါ အမေဟာ ဘယ်လောက်ထိ သူ့စိတ်ထဲမှာ ဘယ်လောက် ကျေနပ်သွားလိုက်မလဲဗျာ။အော်.......ငါ့ သားလေး သမီးလေး က အမေ့ကို သိတက်သားပဲ ဆိုပြီးတော့ပေါ့ဗျာ။ကိုယ့် အမေကို စိတ်ချမ်းသာအောင် လုပ်ပေးရင်း ကျေးဇူးဆပ်လိုက်ကြပါဗျာ။ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားတောင် သူ့အမေ ကို နို့တစ်လုံးဖိုးပဲ ကျေးဇူးဆပ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ကလဲ ကိုယ့် အမေကို ကိုယ်တက်အားသရွှေ့လေး ဖြစ်ဖြစ် ကျေးဇူးဆပ်သင့်ပါတယ်ဗျာ။ကိုယ့် အမေ စိတ်ဆင်းရဲအောင်တော့ မလုပ်ကြပါနဲ့လို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်ဗျာ။မိဘ မျက်ရည်တစ်စက် သားသမီး ဆင်းရဲတစ်သက် ဆိုတဲ့ စကားပုံလေးလဲ ကြားဖူးလောက်မှာပါ။ကိုယ့် အမေကတော့ ကိုယ့်သားသမီးတွေ မျက်နှာ ပျော်ရွှင်နေတာ ပြုံးနေတာကိုပဲ ဘယ်မိဘ မဆိုမြင်ချင်ကြမှာပါပဲ။ကျွန်တော်တို့ ကလဲ တစ်ဖန် ကိုယ့် မိခင် ရဲ့ မျက်နှာလေး ပြုံးပျော်နေအောင် မလုပ်ပေးသင့်ဘူးလားဗျာ။ အမေ ဆိုတာ လူတိုင်းအတွက် မရှိမဖြစ်ပါပဲ။အမေ မရှိပဲ မွေးလာတဲ့ သားသမီးရယ်လို့ မရှိပါဘူး။အမေ ဆိုတာ လူတိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မေတ္တာပုံကြီးလို့လဲ ပြောလို့ရပါတယ်ဗျာ။ကျွန်တော် စာရေးသိပ်မတော်တာတော့ ခွင့်လွှတ်ပေးပါဗျာ။မိခင် မေတ္တာကို တကယ်တည်း စာဖွဲ့မယ်ဆိုရင်တော့ စာဖွဲ့လို့ မမှီပါဘူးဗျာ။မိခင် မေတ္တာဟာ မြင့်မိုရ်တောင်တက်မက ကြီးမားလှပါတယ်ဗျာ။အမေများနေ့မှာ ကျွန်တော်ချစ်တဲ့ အမေ အတွက် ကျွန်တော် ရေးထားတဲ့ ကဗျာလေး တစ်ပုဒ်လက်ဆောင် အနေနဲ့ ပေးပါရစေဗျာ။
                                                                     (အမေ)

                      ဘ၀မှာဖြတ်သန်းမှုတွေအမျိုးမျိုးနဲ့ ဘ၀တိုက်ပွဲကြီးကို ကံ၊ညဏ်၊၀ီရိယ
                                စစ်သူကြီးသုံးဦးက ဦးဆောင်တိုက်ခိုက်နေကြတယ်..

                     အမေပေးတဲ့ အသိလေးနဲ့  ငါလူဖြစ်ခဲ့ရင်း ရောင်စုံပန်ချီကားအောက်မှာ
                                   ဆေးစက်ကျရာအရုပ်ထင် ရေးနေကြရတယ်လေ

                             အပုပ်ကောင်ကို သရုပ်ဆောင်တဲ့ငါတို့ ရုပ်ခန္ဒာတွေကိုလည်း
                              ရုပ်ပြောင်မဖြစ်အောင်လည်း အမေအလှဆင်ပေးခဲ့တယ်
                                                     အဟံဝန္ဒာမိပါအမေ.....!
                               စေတနာကိုသေချာမသိပဲ ပေတစ်ရာပေါ်က ဂေါ်လီလုံးလို
                                                    လိမ့်ချင်ရာလိမ့်ခဲ့ကြမှာပါ

                                     လက်ချောင်းညီညာမှုမရှိတဲ့ လူ့လောကထဲမှာ 
                                            အပျံသင်စငှက်တစ်ကောင်လိုလည်း
                                                ပြုတ်ကျခဲ့တာအကြိမ်ကြိမ်ပေါ့...

                            ဘ၀တစ်ဆစ်ချိုးမှာ အပေါ်ယံအချစ်မျိုးတွေနဲ့ပုံမှားရိုက်တာခံခဲ့ရလို့
                                   စိတ်ညစ်လို့အမေ့ကိုတမ်းတ လွမ်းခဲ့မိပါတယ် အမေ။
                           အဲ့ဒီ နောက်တော့ အသိတစ်ချက်ဆေးတစ်ခွက်အဖြစ်သောက်သုံးရင်း

                                မနက်ဖြန်အတွက် ဘ၀အသစ်ကို အုတ်မြစ်ရနိုင်ခဲ့တယ်လေ။

                               အမေ ကျွန်တော်ဟာ ခလုတ်ထိမှ အမိတတဲ့သားလေးပါအမေ
                                                 သားကို နားလည်ပေးပါနော်။
                                          သား သိလိုက်ပြီ (အမေ) (ဘ၀)ဆိုတာကို
                                   အမေပေးတဲ့ အသိလေးကို တစ်ကျော့ပြန် ပြန်ကျက်ပြီး
                         (လု၊လူ၊လူး) ဆိုတဲ့ လူသုံးမျိုးတွေနဲ့ နေတက်အောင်ကြိုးစားနေပါပြီ အမေ
               
                                  လူ့ဘ၀ကြီးထဲကို ခေါ်ဆောင်အသက်သွင်းပေးတဲ့အမေရေ
                                သားလေး လက်အုပ်မြင့်မိုးရှိခိုး ကန်တော့လိုက်ပါတယ် ခင်ဗျာ။
        မေမေ စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့ နေနိုင်ပါစေလို့ သားလေး ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

အမေ ရေ သားအတွက် အမေဟာ ဘယ်သူဖြစ်နေပါစေ အမေဟာ အမေပါပဲ။ဘာဖြစ်လို့လဲ ဆိုတော့ အမေဟာ သားကို မမွေးခင် သားရဲ့ ကိုယ်လုံးလေး ကို ကိုးလလုံးလုံးအလေးခံပြီး သွယ်ပေးထားရတယ်လေ။ပြီးတော့ အမေ သားကို မမွေးခင်ပဋိသန္ဓေ ရှိတယ်ဆိုကတည်းက အမေစားချင် တဲ့ အစားအစာတွေ အချဉ်အစပ်တွေ ကောင်းကောင်းမစားခဲ့ရဘူးလေ။ငါ ဒီဟာတွေကို စားရင် ငါ့ ဗိုက်ထဲက သားလေး သမီးလေး များ တစ်ခုခုဖြစ်နေမလားဆိုပြီး စိုးရိမ်နေတာကို အမေ့ရဲ့ မေတ္တာကို သားလေး ရခဲ့ပါတယ်။အမေ့ဗိုက်ထဲမှာ သားကို ပဋိသန္ဒေယူတယ်ဆိုကတည်းက သင်္ချီုင်းဂုန်းကို ကိုး ကြိမ် တိတိ မျက်စောင်းထိုးခဲ့ရသေးတယ်နော်။ပြီးတော့ သားကို လူ့လောက ထဲကို သားမမြင်ဘူးတာတွေ မသိတာတွေ ကို သင်ကြားပြသပေးပြီး ဆွဲခေါ်ပေးခဲ့တဲ့ ``မေမေ´´ ရေ သားလေး ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။အမေ ရေ နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ လို့ပြောပါရစေ။သားအတွက် အမေဟာလေ ဘာသာခြားရယ်လို့ မရှိပါဘူး အမေ အမေမှန်ရင်လေ သားအတွက်တော့ အမေဟာ အမေပါပဲ။အမေ ဟာလေ ကျွန်တော့ မျက်စိထဲမှာ မိန်းမရွှင်ဖြစ်နေပါစေ အမေဟာ အမေပါပဲ။အမေဟာ ဘယ်လောက်ထိ စိတ်ဓာတ်မကောင်းပါစေ သားအတွက်တော့အမေဟာ အမေပါပဲ။အမေမှာ နူနာရောဂါ စွဲကပ်နေပါစေ သားအတွက်တော့ အမေဟာ အမေပါပဲ။လူတွေ က အမေ့ကို ဘယ်လောက်ထိ မကောင်းပြောပါစေ သားအတွက်တော့ အမေဟာ အမေပါပဲ အမေရယ်။အမေ မေတ္တာဟာ သားအတွက်တော့ စမ်းရေထက်မက အေးမြလှပါတယ် အမေရယ်။ဘာပဲ ဖြစ်ဖြစ် အမေ မေတ္တာကို စာဖွဲ့ရင် လောက်မှာတောင် မဟုတ်ပါဘူး အမေရယ်။ဘာပဲ ဖြစ်ဖြစ် သား ဒီ Post လေးတင်ရင်း အမေကို သား လက်အုပ်မြင့်မိုး ရှိခိုး ကန်တော့ပါတယ် အမေရယ် သားကို လူပုံအလယ်မှာ လူတွေကြားထဲ ၀င်ဆံ့နိုင်အောင် မွေးထုတ်ပေးခဲ့ပြီး သား ဒီအရွယ်ထိရောက်အောင် ပညာတွေသင်ပေးပြီး ကျွေးမွေးစောင့်ရှောက်ပေးခဲ့လို့လေ။အမေ့ မေတ္တာ အေးအေးမြမြလဲ သားရခဲ့ပါတယ်။ကျေးဇူးလဲ တင်လို့မဆုံးပါဘူး အမေရယ်။သား အရမ်းပျော်တယ် အမေ ဒီနေ့မှာကျရောက်တဲ့ အမေများနေ့မှာ အမေ့အတွက် အမှတ်တရ Post လေးတစ်ခုကို သားရင်ထဲကနေ မှတ်မှတ်ရရ တင်ပြနိုင်ခဲ့လို့လေ။

                                                                                                                      မေမေ့ ရဲ့ အချစ်ဆုံးသားလေး
                                                                                                                               (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -