Showing posts with label (Android). Show all posts


ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော့ ရဲ့ နှစ်သစ်ကူး အထူးလက်ဆောင် အနေနဲ့ Android Phone/Tablet တွေအတွက် Text Smiley ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။ကျွန်တော်တခြား Text Smiley တို့ Text Art တို့ Software တော်တော်များများ သုံးဖူးပါတယ်။ဒါပေမဲ့ သူတို့ ဖန်တီးထားတဲ့ Text Smiley တွေက ကြည့်ရတာ စာသားတွေလဲ ရှည်ပြီး ကြည့်ရတာ မရှင်းပါဘူး။Happy Birthay Text Smiley တို့ Valentine Day Text Smiley တို့ အခြား Text Smiley တို့တွေဆိုရင်လဲ ကြည့်ရတာ ကျွန်တော့မျက်လုံးထဲမှာ ပုံတွေက မပေါ်ဘူးဗျ။အဲ့ဒါနဲ့ ကျွန်တော် တစ်နေ့ကျတော့ ကျွန်တော့ ညီလေး တစ်ယောက်ရဲ့ ဖုန်းထဲမှာ အမှတ်မထင်တွေ့လိုက်တဲ့ Text Smiley လေးကို သေချာလဲ ကြည့်လိုက်ရော Text Smiley တွေက တိုတိုလေးနဲ့ ကြည့်ရတာလဲရှင်းသလို ဒီဇိုင်းလေးတွေက လန်းလန်းလေးနဲ့ တော်တော်ကြည့်လို့ကောင်းပါတယ်။အဲ့ဒါနဲ့ ကျွန်တော် အဲ့ဒီ Software လေးနာမည်ကို မှတ်ထားပြီး Internet မှာ ပြန်ရှာ ပြီးတော့ ကျွန်တော့ ဖုန်းထဲမှာပါ တစ်ခါတည်း သုံးထားပါတယ်။ကျွန်တော် အပေါ်မှာ Screen Short လေးတွေ ရိုက်ပြီး တင်ပေးထားပါတယ်ဗျာ။အဲ့ဒီ Software လေးက တစ်ခု ထူးခြားတာက မိမိလိုချင်တဲ့ Text Art တွေကို မိမိစိတ်ကြိုက် ရွေးချယ်ပြီး မိမိ သူငယ်ချင်းတွေဆီကို ဒါမှမဟုတ် ချစ်သူလေးဆီကိုပဲ ဖြစ်ဖြစ် SMS အနေနဲ့ Text Art လှလှလေးတွေ ပို့ပေးနိုင်သလို Facebook တို့ Twitter တို့ကနေလဲ ပို့နိုင်ပါသေးတယ်။Text Smiley တွေကိုလဲ မိမိကိုယ်တိုင် ဖန်တီးနိုင်ပါသေးတယ်။ချစ်သူရှိတဲ့ သူတွေကတော့ မိမိချစ်သူ စိတ်ဆိုးစိတ်ကောက်နေတယ်ဆိုရင် ဒီ Software လေးကို မိမိ ဖုန်းမှာ Install လုပ်ပြီး Text Art လှလှလေးတွေ ပို့ပြီး စိတ်ကောက်ပြေအောင် ချော့ရင်း ချစ်သူနှစ်ဦးရဲ့ အချစ်တွေ တိုးပွားနိုင်ပါသေးတယ်။။အော်.......ကြေငြာဝင်လိုက်ဦးမယ်နော်။ကျွန်တော်ကတော့ ဖုန်းထဲမှာသာ ထဲထားတာ မသုံးဖြစ်ပါဘူးဗျ။ အဲ့လို Text Smiley လှလှလေးတွေ သုံးပြီး ကျွန်တော်လဲ ကျွန်တော့ ချစ်သူကို ပို့ပေးချင်တာပေါ့ဗျာ။ခက်တာက ကျွန်တော့မှာ အဲ့လို ပို့ပေးရမဲ့ ကောင်မလေးမှ မရှိတာဗျာ။ဟဲ........ဟဲ ထားပါတော့ဗျာ။ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အပေါ်က Screen Short လေးတွေ ကြည့်ပြီး သဘောကျသွားလို့ လိုချင်နေပြီ ထင်တယ်နော်။အောက်က Link လေးမှာ သွားပြီး Download ယူလိုက်ပါနော်။


ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်စွာ ချစ်သူနဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
  (YeKyawPhyo)
Fig ~ 1

ကျွန်တော် ဒီနေ့ တစ်နေ့လုံးကို ပျင်းနေတာနဲ့ ကျွန်တော့ IT Bank Site လေးမှာ ဘာ Post တွေ တင်ရင် ကောင်းမလဲလို့ စဉ်းစားနေတာဗျာ။အခုမှ သတိရတော့တယ်ဗျာ။အဲ့ဒါကတော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာပဲ ရောက်နေ ရောက်နေ ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်ကြီးဟာ မြန်မာ တစ်ယောက်ဖြစ်တယ်ဆိုရင် အင်တာနက် ရှိတယ်ဆိုတာနဲ့ အွန်လိုင်းကနေ အခမဲ့ ရေဒီယို နားထောင်နိုင်တဲ့ Application လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။အခု မိတ်ဆက်ပေးမဲ့ Radio လေးကတော့ Mandalay FM ပဲဖြစ်ပါတယ်ဗျာ။သိပြီးသား သူတွေလဲ ရှိချင်ရှိနေမှာပါ။မသိသေးတဲ့ သူတွေ အတွက်ကတော့ အောက်မှာ ကျွန်တော်အသေးစိတ် ရေးထားပါတယ်ဗျာ။သွားကြည့်လိုက်ပါနော်။ဒါမှ မဟုတ် သူရဲ့ Offical Page ကိုပဲ သွားပြီး သီချင်းလေးတွေ Ringtone လုပ်ဖို့ Download ရယူချင်တယ်ဆိုရင်တော့ အောက်က Link လေးကို သွားလိုက်ပါနော်။


အရင်ဦးဆုံး ကျွန်တော် ပြောပြချင်တာကတော့ Mandalay FM ကို ကျွန်တော်တို့ PC ကနေပဲ နားထောင်အသုံးပြုချင်တဲ့ သူတွေအတွက်ပါ။အရင်ဦးဆုံး အောက်မှာ Download လုပ်ဖို့ ပေးထားတဲ့ Link ကို သွားပြီး Download လုပ်လိုက်ပါဗျာ။


အဲ့ဒီ ဖိုင်လေးကို Download လုပ်ပြီး Click နှိပ်ချက် နှိပ်လိုက်ယုံဖြင့် Mandalay FM တွင် ထုတ်လွှင့်သမျှ သီချင်းတွေကို အဆက်မပြတ်နားထောင်နိုင်မှာဖြစ်ပါတယ်ဗျ။PC မှာ လိုအပ်တဲ့ Player တွေကတော့ Windows Media Player , Winamp , iTunes အဲ့ဒီ ထဲကမှ မိမိ PC တွင် Player တစ်ခုခု ရှိထားရမှာ ဖြစ်ပါတယ်ဗျာ။Window Media Player ကတော့ ကျွန်တော်တို့ PC တိုင်းမှာ ရှိနှင့် ပြီးသားလို့ထင်ပါတယ်ဗျာ။ကဲ.....PC အတွက်ကတော့ ဒီလောက်ပါပဲဗျာ။ဘာမှ ထွေထွေထူးထူး အလုပ်မရှုပ်ပါဘူးဗျာ။လွယ်လဲ လွယ်ကူပါတယ်ဗျာ။
နောက်တစ်ခု ကတော့ ကျွန်တော်တို့ Android Phone နဲ့ Tablet တွေကနေ နားထောင်နိုင်ပါတယ်ဗျာ။တစ်ခု စိတ်မကောင်းစရာကတော့ iOS တို့ Iphone သမားတွေအတွက်တော့ Application ကမထွက်သေးဘူးဗျ။Android OS သမားတွေ အတွက်တော့ လိုချင်ရင် အောက်က Download Link လေးမှာ သွားယူလိုက်ပါနော်။


Fig ~ 2
ကဲ......ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ပျင်းနေတဲ့ အချိန်လေး သီချင်းလေး နားထောင်ချင်တယ်ဆိုရင် ကျွန်တော်ပေးထားတဲ့ Application လေးတွေကိုသာ ဖွင့်ပြီးနားထောင်ကြပေါ့ဗျာ။
ကြိုးစားလျက်.......!
 (Yekyawphyo)



အခုပေးမယ့် Beautiful Quick Setting ဆော့ဝဲလေးက Android ဖုန်းပိုင်ရှင်တွေအတွက်မရှိမဖြစ်ဆောင်ထားသင့်တဲ့ ဆော့ဝဲလေးပါ။ Android ရဲ့ အလိုအပ်ဆုံး function တွေကိုစုစည်းပေးထားပြီး ဒီဇိုင်းကလည်း အရမ်းလန်းပါတယ်။ Wifi အဖွင့်အပိတ် ၊ 3G Data On/OFF ၊ Silent mode ၊ Aeroplane mode စတဲ့ အသုံးဝင် function လေးတွေကို တစ်ချက်နှိပ်ရုံနဲ့အကုန်ဖော်ပြပေးမှာပါ။ ဒီဆော့ဝဲလေးကို Google Play မှာ ၁ ဒေါ်လာနဲ့ဝယ်ယူရရှိနိုင်ပြီး Myanmar Mobile App Store Website မှာတော့ freedownload ရယူနိုင်ပါတယ်။ အောက်က link မှာရယူနိုင်ပါတယ်။ http://myanmarmobileapp.com/?p=20808 

Source by :http://myanmarmobileapp.com/
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -