Showing posts with label (Laptop Knowledge). Show all posts

Fig ~ 1

ဒီ တစ်ခါ ကျွန်တော် ပေးချင်တဲ့ Software လေးကတော့ SmartTweak ဆိုတဲ့ Update Driver Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ဒီ Software လေးကတော့ ကျွန်တော်တို့ PC/Laptop တွေ Windows အသစ်တင်ပြီးပြီးဆိုရင် ပြဿနာဖြစ်တက်တဲ့ Windows မှာ လိုအပ်တဲ့ Driver တောင်းတဲ့ ပြဿနာတွေကို Internet ရှိရုံဖြင့် လျင်မြန်စွာ Scan စစ်ပြီး Internet ပေါ်ကနေ Download ယူဖြေရှင်းပေးနိုင်တဲ့ Software လေးပေါ့ဗျာ။ဒီ Software လေးကို ကျွန်တော့ Facebook က အဖွဲ့မှာ Member တစ်ဦးက တောင်းဆိုလို့ ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေ အတွက်ပါ မျှဝေပေးလိုက်ပါတယ်ဗျာ။အရမ်းကောင်းတဲ့ Software လေးပေါ့ဗျာ။ပြီးတော့ အဲ့ဒီ Software လေးက Date Out သွားတဲ့ Driver တွေကိုလဲ Internet ရှိယုံဖြင့် Update ပြုလုပ်ပေးပါတယ်ဗျာ။ကျွန်တော် ဒီ Software လေးကို Keygen ပါ ထည့်သွင်းပေးထားပါတယ်ဗျာ။တစ်ခုတော့ သတိပေးချင်တယ်ဗျ။သူ့ပေးထားတဲ့ Keygen က ကျွန်တော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Opterating System Type ဖြစ်တဲ့ 32 Bits/64 Bits စတဲ့ နေရာမှာလဲ Key ဖြည့်တဲ့နေရာမှာ လိုအပ်ပါသေးတယ်။ကျွန်တော်တို့က 32 Bits အတွက် Key ကို ယူလိုက်ပြီး ကိုယ့် ကွန်ပျူတာရဲ့ Opterating System Type က 64 Bits ဆိုရင်လဲ Key ဖြည့်ရာတွင် အသုံးမ၀င်ပါဘူး။အဲ့တော့ ကိုယ့် ကွန်ပျူတာရဲ့ Opterating System Type ကို ကြည့်ပြီး Key ထည့်သွင်းပေးရမှာဖြစ်ပါတယ်။Opterating System Type မကြည့်တက်ဘူးဆိုရင်တော့ Keyboard က Windows + Pause Break ကိုတွဲနှိပ်လိုက်ပါ။အောက်က ပုံအတိုင်း ပေါ်နေမှာ ဖြစ်ပါတယ်။အနီရောင် ၀ိုင်းပြထားတဲ့ နေရာကို ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။
Fig ~ 2
Keygen ရဲ့ အလုပ်လုပ်ပုံကို အောက်မှာ ပုံလေးနဲ့ ထပ်ပြထားပါသေးတယ်ဗျာ။
Fig ~ 3

အပေါ်မှာ ပြထားတဲ့ ပုံလေးအတိုင်း ကိုယ့် ကွန်ပျူတာနဲ့ System နဲ့ ကိုက်ညီမဲ့ ဟာကို ရွေးပြီး Generate License \ Activate ကိုနှိပ်လိုက်ပါ။ဒါဆိုရင် Full Version အနေနဲ့ အသုံးပြုလို့ရသွားမှာ ဖြစ်ပါတယ်ဗျာ။
အောက်က Link ပေးမှာ သွားပြီး Download ယူလိုက်ပါဦးနော်။


ကဲ.......ဒီလောက်ဆိုရင် ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
ကြိုးစားလျက်.....!
(YeKyawPhyo)
Fig ~ 1

ကျွန်တော် လဲ အခုတစ်လော Post မရေးဖြစ်တာတောင် တော်တော်ကြာသွားပြီဗျာ။ကြာသွားတယ်ဆိုတာကလဲ ကျွန်တော် အလုပ်လေးတွေ အနည်းနဲ့ အများပြီးတော့ ကျွန်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ ရှုပ်နေတာနဲ့ပဲ ကျွန်တော့ IT Bank Site လေးမှာ Post မတင်ဖြစ်တာပါဗျာ။အဲ့ဒီ အတွက် ကျွန်တော့ရဲ့ စာဖတ်ပရိတ်သတ်ကြီးတွေကို ကျွန်တော် တောင်းပန်ပါရစေဗျာ။အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Microsoft က ထုတ်လုပ်လိုက်တဲ့နောက်ဆုံး OS ဖြစ်တဲ့ Windows 8 အကြောင်းနဲ့ ပတ်သတ်တဲ့ Post လေးပါဗျာ။ဒီလောက်ဆိုရင် ကျွန်တော့ IT Bank စာဖတ်ပရိတ်သတ်ကြီးတွေ စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။Windows 8 မှာ မြန်မာစာ ဖတ်လို့ရတယ်လို့ စတင်ထုတ်လုပ်ကတည်းက Microsoft က တရားဝင်ကြေငြာထားပြီး သားဖြစ်ပါတယ်။ဒါပေမဲ့ Windows 8 မှာ အသုံးပြုထားတဲ့ မြန်မာယူနီကုတ်(Unicode) စနစ်ဟာ ကျွန်တော်တို့ မြန်မာလိုစာသားများ တော်တော်များများ လွဲနေတာကိုတွေ့ရပါတယ်။Gtalk အသုံးပြုတဲ့ အခါမျိုးတွေ ကျွန်တော်တို့ Myanmar Blog Web Site တွေ ဖွင့်ကြည့်တဲ့ အခါမျိုးမှာ အခက်ကြုံရတာပေါ့ဗျာ။အဲ့ဒီလို ပြဿနာမျိုးကို ကျွန်တော့ကို Facebook မှာ ညီလေး တစ်ယောက်က အစ်ကို ကျွန်တော် Windows 8 တင်လိုက်ပြီတဲ့ ဒါပေမဲ့ မြန်မာလိုတွေ အပေါ်မှာ ကျွန်တော် ပြောသလို လွဲနေပါတယ်တဲ့ အဲ့ဒါနဲ့ ကျွန်တော်လဲ အဲ့ဒီ Unicode မရရင် ငါတို့ သုံးနေကြ Zawgyi-Font လေးပြောင်းပြီး သုံးကြည့်ပါလားလို့ ဆိုတော့ သူက Zawgyi-Font ရလို့လားလို့ မေးပါတယ်။ကျွန်တော်လဲ သုံးလို့ရတယ်လို့ အာမခံလိုက်ပါတယ်။တကယ်လဲ Windows 8 မှာ Zawgyi-Font သုံးလို့ရပါတယ်ဗျ။ကျွန်တော် ကိုယ်တိုင်လဲ စမ်းကြည့်ပြီးပါပြီ။Gtalk မှာကော မြန်မာလို ရေးသားထားတဲ့ Blog Web Site တွေမှာကော ကြည့်ရတာ အားလုံးအဆင်ပြေပါတယ်ဗျာ။အဲ့ဒီလို Windows 8 မှာ Zawgyi-Font အဆင်ပြေစွာဖတ်ရှုနိုင်ဖို့အတွက် ဘယ်လို Installation လုပ်ရသလဲ ဆိုတာကို ကျွန်တော် သိသလောက်လေ့လာထားသလောက်လေး ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ် ကြီးတွေကို ဓာတ်ပုံလေးတွေ နဲ့ကော စာလေးနဲ့ပါ သေချာရှင်းပြပေးပါ့မယ်ဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ Windows 8 မှာ Zawgyi-Font Installation လုပ်ဖို့အတွက် လိုအပ်တဲ့ Software လေးတွေ Download အရင်ဆွဲရအောင်ဗျာ။

1. Download Installation Required For ZawGyi-One Fonts  (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Windows မှာ Run နေတဲ့ Notepad တို့ Microsoft Office တို့လို့ Program တွေကို  မြန်မာလို ကောင်းကောင်းမြင်ရအောင် ထောက်ပံ့ပေးပါတယ်။

2.Download Installation Required For IE-Gtalk Zawgyi Fonts  (အဲ့ဒီ Link ကတော့ IE (Internet Explorer) ၊ Gtalk တို့မှာ မြန်မာလို မြင်ရအောင် အထောက်အပံ့ပေးပါတယ်။

3.Download Installation Required For ZawGyi-One Keyboard Layout (32 Bits)  ၊ ZawGyi-One Keyboard Layout (64 Bits) (အဲ့ဒီ Link ကတော့ ကျွန်တော်တို့တွေ Gtalk တို့ဘာတို့မှာ မြန်မာလို စာရိုက်နိုင်အောင် အထောက်အပံ့ပေးတဲ့ Keyboard အတွက် Software လေးပါ။တစ်ခု သတိထားရမှာက ကျွန်တော် Download ပေးထားတဲ့ Link နှစ်ခုလုံး Download ဆွဲရမှာ မဟုတ်ပဲ ကိုယ့် ကွန်ပျူတာ System နဲ့ကိုက်ညီမဲ့ 32 Bits ဒါမှ မဟုတ် 64 Bits ကိုသာ ရွေးချယ်အသုံးပြုရမှာ ဖြစ်ပါတယ်ဗျာ။ဒီ အကြောင်းကတော့ သိပြီးသားသူတွေလဲ ရှိမှာပါ။မသိသေးတဲ့ သူတွေ အတွက် ကျွန်တော် အသေးစိတ်ရှင်းပြပေးထားတာ ဖြစ်ပါတယ်ဗျာ။

အပေါ်မှာ ပေးထားတဲ့ ဟာတွေကို Download ဆွဲပြီးပြီးဆိုရင်တော့ ကျွန်တော်တို့က အရင်ဦးဆုံး ကျွန်တော်တို့က ZawGyi-One Fonts ဖိုင်ထဲက Zawgyi-One.ttf ကိုဖွင့်ပြီး Install လုပ်လိုက်ပါ။ပြီးသွားရင် နောက်ထပ် IE-Gtalk Zawgyi Fonts ဖိုင်ထဲက IEZawGyiGtalkfont.EXE ဆိုတဲ့ File လေးကို Install လုပ်လိုက်ပါ။မိမိ Computer က ခဏ Restart ကျသွားပါလိမ့်မယ်။ပြီးသွားရင် ကျွန်တော် ပေးထားတဲ့ Zawgyi-One Keyboard Layout (32 Bits/64 Bits) ဖိုင်ကို Install လုပ်လိုက်ပါ။အားလုံး ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော်တို့ Windows 8 မှာ မြန်မာလို မြင်ရဖို့ 50% လောက်လုပ်ငန်းပြီးဆုံးသွားပါပြီ။အခု ကျန်တဲ့ 50% အတွက် လုပ်ငန်းလက်စ သိမ်းရအောင်ဗျာ။ဒုတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Windows 8 ရဲ့ Start Menu Bar ကနေ Control Panel ကိုဖွင့်လိုက်ပါ။ပြီးရင် All Control Panel Items ကိုဆက်သွားလိုက်ပါ။ပြီးသွားရင်တော့ အောက်ကပုံလေး အတိုင်း Language ကို Click လိုက်ပါ။

Fig ~ 2
နောက်တစ်ဆင့်ကတော့ ညာဘက်ထောင့်နေရာလေးမှာ ရှိနေတဲ့ Advanced Setting ဆိုတာလေးကို Click တစ်ချက်နှိပ်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 3
နောက်ဆုံးအဆင့်ကတော့ Override for default input method ဆိုတဲ့ စာတန်းလေးကို တွေ့အောင်ရှာပါ။Override for default input method ဆိုတဲ့ စာတန်းလေးရဲ့ အောက်နားမှာရှိတဲ့ Drop Down Menu Bar လေးကထဲကနေ English(United States)- Zawgyi Myanmar Unicode L ဆိုတာလေးကို Select ရွေးပေးလိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။

Fig ~ 4
ပြီးသွားရင်တော့ Save လိုက်ပေါ့ဗျာ။ဒါဆို ကျွန်တော်တို့တွေ Windows 8 မှာ မြန်မာလိုတွေကို ကောင်းကောင်းကြီး ရေးနိုင် ဖတ်နိုင် စိတ်ကြိုက် အသုံးပြုလို့ရသွားပြီပေါ့ဗျာ။ကဲ.....ဘယ်လောက် ၀မ်းသာစရာကောင်းလဲဗျာ။ကျွန်တော်တို့ မြန်မာတွေလဲ ကိုယ်နည်းကိုယ်ဟန်နဲ့ ကောင်းတဲ့နေရာမှာ ဦးနှောက်ကို အကျိုးရှိစွာ အသုံးချနိုင်တယ်ဆိုတာကို ပြလိုက်တာလဲ ဖြစ်ပါတယ်ဗျာ။ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ ကြိုက်ကြလိမ့်မယ်လို့ ထင်ပါဗျာ။
ကြိုးစားလျက်.......!
  (YeKyawPhyo)
အခု ကျွန်တော် ပြောချင်တဲ့ Post လေးကတော့ ကျွန်တော်တို့ Computer အသုံးပြုပြီးလို့ ပိတ်တဲ့ အခါ Shutdown ချပြီး ပိတ်ကျတာများပါတယ်။ဒါပေမဲ့ တစ်ခါတစ်လေကိုယ်က အရေးကြီးနေတဲ့ အချိန်တွေကျရင် Computer ကိုပိတ်ချင်တယ်။Shutdown Time က နှေးနေတယ်ဗျာ။မြန်မြန်လေး Shutdown ကျသွားချင်တယ်ဆိုရင် ကျွန်တော့ ပေးတဲ့ ဒီ နည်းလမ်းလေးက အရမ်းရိုးရှင်းပြီး အသုံးပြုရတာ မြန်ဆန်လွန်းလှပါတယ်။ဘာ Software တွေမှလဲ အသုံးပြုစရာလဲ မလိုပါဘူး။ကဲ......နည်းလမ်းလေး စကြရအောင်လားဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ ပထမဦးဆုံး ပြုလုပ်ရမဲ့

နံပါတ် 1 အချက်ကတော့ Keyboard က Shortcut နှစ်ခုဖြစ်တဲ့ Windows + R ကို နှိပ်လိုက်ပါ။

နံပါတ် 2 အချက်ကတော့ Run Box မှာ regedit ဆိုပြီး စာလေးရိုက်လိုက်ပါ။

နံပါတ် 3 အချက်ကတော့ Registry Editor ဆိုတဲ့ Box တစ်ခုကျလာပါလိမ့်မယ်။

နံပါတ် 4 အချက်ကတော့ HKEY_LOCAL_MACHINE ကို Click လိုက်ပါ။

နံပါတ် 5 အချက်ကတော့ SYSTEM ကို Click လိုက်ပါ။

နံပါတ် 6 အချက်ကတော့ Current Control Set ကို Click လိုက်ပါ။

နံပါတ် 7 အချက်ကတော့ Control ကို Click တစ်ချက်နှိပ်လိုက်ပါ။

နံပါတ် 8 အချက်ကတော့ Control ရဲ့ ညာဘက်အခြမ်းမှာ ရှိတဲ့ စာကြောင်း 9 ကြောင်းမြောက်မှာ ရှိနေတဲ့ WaitToKillServiceTimeout ဆိုတဲ့ စာတန်းလေးကို Click တစ်ချက် ထောက်လိုက်ပါ။ပြီးရင် Right Click နှိပ်ပြီး Modify ကို ရွှေးလိုက်ပါ။ပြီးရင် WaitToKillServiceTimeout ရဲ့ စာကြောင်းအောက်က Value Data နေရာမှာ 1200 , 1000 စတဲ့ နံပါတ်တွေ က ရှိနေပြီးသားဖြစ်ပါလိမ့်မယ်။အဲ့ဒီ Value Data နေရာမှာ ကျွန်တော်တို့က 1200 တို့ 1000 တို့ အစား 150 , 200 လို့ပေးထားလိုက်ပါ။ပြီးရင် မိမိ Computer ကို Shutdown ပြန်ချကြည့်ပါ။အရင် Shutdown Time ထက် ပိုမြန်ဆန် သွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။Value Data မထည့်တက်ရင် ကျွန်တော် အောက်မှာ ဓာတ်ပုံနဲ့ တကွ ပြပေးထားပါတယ်ဗျာ။အောက်မှာ ကြည့်လိုက်ပါဦးနော်။

Fig ~ 1
ကဲ........ဒီလောက်ဆိုရင် ကိုယ့် Computer ရဲ့ Shutdown Time ကို မြန်ဆန်အောင် ပြုလုပ်ပြီး ကိုယ့် ဘ၀ရဲ့ အချိန်တစ်ပိုင်းတစ်စလေးကို ပိုလျှံအောင် ပြုလုပ်နိုင်ပြီး အောင်မြင်တဲ့ ဘ၀ခရီးကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
 (Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -