Showing posts with label (Phone Knowledge). Show all posts
စာဖတ်ပရိတ်သတ်တွေအားလုံးအတွက် နှစ်သစ်ကူးအထူးလက်ဆောင် ဒီဇိုင်းအလန်းဆုံး Text Smiley Application(For Android Phone/Tablet) လေးပါ။
Saturday, April 6, 2013
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ ကျွန်တော့ ရဲ့ နှစ်သစ်ကူး အထူးလက်ဆောင် အနေနဲ့ Android Phone/Tablet တွေအတွက် Text Smiley ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။ကျွန်တော်တခြား Text Smiley တို့ Text Art တို့ Software တော်တော်များများ သုံးဖူးပါတယ်။ဒါပေမဲ့ သူတို့ ဖန်တီးထားတဲ့ Text Smiley တွေက ကြည့်ရတာ စာသားတွေလဲ ရှည်ပြီး ကြည့်ရတာ မရှင်းပါဘူး။Happy Birthay Text Smiley တို့ Valentine Day Text Smiley တို့ အခြား Text Smiley တို့တွေဆိုရင်လဲ ကြည့်ရတာ ကျွန်တော့မျက်လုံးထဲမှာ ပုံတွေက မပေါ်ဘူးဗျ။အဲ့ဒါနဲ့ ကျွန်တော် တစ်နေ့ကျတော့ ကျွန်တော့ ညီလေး တစ်ယောက်ရဲ့ ဖုန်းထဲမှာ အမှတ်မထင်တွေ့လိုက်တဲ့ Text Smiley လေးကို သေချာလဲ ကြည့်လိုက်ရော Text Smiley တွေက တိုတိုလေးနဲ့ ကြည့်ရတာလဲရှင်းသလို ဒီဇိုင်းလေးတွေက လန်းလန်းလေးနဲ့ တော်တော်ကြည့်လို့ကောင်းပါတယ်။အဲ့ဒါနဲ့ ကျွန်တော် အဲ့ဒီ Software လေးနာမည်ကို မှတ်ထားပြီး Internet မှာ ပြန်ရှာ ပြီးတော့ ကျွန်တော့ ဖုန်းထဲမှာပါ တစ်ခါတည်း သုံးထားပါတယ်။ကျွန်တော် အပေါ်မှာ Screen Short လေးတွေ ရိုက်ပြီး တင်ပေးထားပါတယ်ဗျာ။အဲ့ဒီ Software လေးက တစ်ခု ထူးခြားတာက မိမိလိုချင်တဲ့ Text Art တွေကို မိမိစိတ်ကြိုက် ရွေးချယ်ပြီး မိမိ သူငယ်ချင်းတွေဆီကို ဒါမှမဟုတ် ချစ်သူလေးဆီကိုပဲ ဖြစ်ဖြစ် SMS အနေနဲ့ Text Art လှလှလေးတွေ ပို့ပေးနိုင်သလို Facebook တို့ Twitter တို့ကနေလဲ ပို့နိုင်ပါသေးတယ်။Text Smiley တွေကိုလဲ မိမိကိုယ်တိုင် ဖန်တီးနိုင်ပါသေးတယ်။ချစ်သူရှိတဲ့ သူတွေကတော့ မိမိချစ်သူ စိတ်ဆိုးစိတ်ကောက်နေတယ်ဆိုရင် ဒီ Software လေးကို မိမိ ဖုန်းမှာ Install လုပ်ပြီး Text Art လှလှလေးတွေ ပို့ပြီး စိတ်ကောက်ပြေအောင် ချော့ရင်း ချစ်သူနှစ်ဦးရဲ့ အချစ်တွေ တိုးပွားနိုင်ပါသေးတယ်။။အော်.......ကြေငြာဝင်လိုက်ဦးမယ်နော်။ကျွန်တော်ကတော့ ဖုန်းထဲမှာသာ ထဲထားတာ မသုံးဖြစ်ပါဘူးဗျ။ အဲ့လို Text Smiley လှလှလေးတွေ သုံးပြီး ကျွန်တော်လဲ ကျွန်တော့ ချစ်သူကို ပို့ပေးချင်တာပေါ့ဗျာ။ခက်တာက ကျွန်တော့မှာ အဲ့လို ပို့ပေးရမဲ့ ကောင်မလေးမှ မရှိတာဗျာ။ဟဲ........ဟဲ ထားပါတော့ဗျာ။ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေ အပေါ်က Screen Short လေးတွေ ကြည့်ပြီး သဘောကျသွားလို့ လိုချင်နေပြီ ထင်တယ်နော်။အောက်က Link လေးမှာ သွားပြီး Download ယူလိုက်ပါနော်။
ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်ကြီးတွေ အားလုံး နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်စွာ ချစ်သူနဲ့အတူ ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(YeKyawPhyo)
Mobile Phone မှတစ်ဆင့် Internet မလိုအပ်ဘဲ Offline အနေနဲ့မိမိ Facebook Wall ပေါ်သို့ Status များတင်လို့ရနေပါပြီ။(Only Myanmar)
Sunday, March 24, 2013
Posted by Ye Kyaw Phyo
![]() |
| Fig ~ 1 |
![]() |
| Fig ~ 2 |
အခု ကျွန်တော့ IT Bank Site က စာဖတ်ပရိတ်သတ်တွေကို မိတ်ဆက်ပေးချင်တဲ့ နည်းပညာဆိုင်ရာ Post လေးကတော့ ကျွန်တော်တို့ Mobile Phone(Smart Phone) ထဲကနေ မိမိ Facebook Wall ပေါ်ကို မိမိတင်ချင်တဲ့ စာသားတွေ Status တွေကို Internet မလိုအပ်ဘဲ Offline အနေနဲ့ SMS စနစ်ကိုအသုံးပြုပြီး တင်ချင်တဲ့ သူတွေအတွက် MMstatus(Myanmar Status) ဆိုတဲ့ Mobile Service တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။အဲ့ဒီ Mobile Service ကို ဘယ်လို အသုံးပြုရတယ်။ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် လေ့လာထားသလောက်လေး ကျွန်တော့ IT Bank က စာဖတ်ပရိတ်သတ်တွေကို ရှင်းပြပါ့မယ်ဗျာ။အဲ့ဒီ MMstatus SMS စနစ်သုံး Mobile Service ကိုစတင်လိုက်တဲ့ Company ကတော့ M188 Mobile Application Services Center မှ March မတ်လ 12 ရက်နေ့မှာ စတင်ကာ ဖန်တီးပြုလုပ်လိုက်တာ ဖြစ်ပါတယ်။မိမိတို့ Mobile Phone ကနေတစ်ဆင့် Offline အနေနဲ့ မိမိ Facebook Account ပေါ်သို့ တင်လိုသော Status များကို ဘယ်နေရာ၊ ဘယ်အချိန် မိမိစိတ်ကြိုက်တင်နိုင်မည်ဖြစ်ပြီး SMS (18880) သို့ မိမိတင်လိုသောစာသားများကို ပေးပို့ပြီး အလွယ်တကူ Offline မှနေ Update ပြုလုပ်ပေးနိုင်ပါတယ်။SMS ပေးပို့ပြီး မိမိရဲ့ Facebook Status တင်တဲ့ အခါမှာလဲ SMS Server အနေနဲ့ပေးပို့သူရဲ့ Password ကို Save မှတ်ထားမှာ မဟုတ်ပါဘူး။ဒီ စနစ်မှာအသုံးပြုရာတွင်လဲ အတွက် Mobile Phone ဘယ်ဖုန်းမဆို အသုံးပြုလို့ရပါတယ်လို့ M188 Mobile Application Services Center မှ Assistabt Manger ကိုရဲမြတ်အောင် က ပြောပါတယ်။Facebook မှ Notification များကိုလည်း SMS စနစ်ဖြင့် အခမဲ့ပြန်လည်ပေးပို့ပေးသွားမှာဖြစ်ပါတယ်။ဒီ SMS စနစ်သုံး MMStatus ၀န်ဆောင်မှုကို အသုံးပြုချင်တယ်ဆိုရင်တော့ မိမိ Mobile Phone ထဲမှာ ထည့်သွင်းထားတဲ့ Phone Bill ထဲကမှ တစ်ရက်ကို 35 ကျပ်နှုတ်မှာ ဖြစ်ပါတယ်။အခု လက်ရှိအချိန်မှာတော့ MMstatus ကို အခမဲ့ တစ်လ အသုံးပြုခွင့်ပေးထားပါတယ်။SMS စနစ်သုံး MMstatus(Myanmar Status) နဲ့ပတ်သတ်ပြီး အချက်အလက်နဲ့ မေးခွန်းတွေကိုတော့ အောက်မှာ လေ့လာနိုင်ပါတယ်ဗျာ။
Compatibility | |
| မေး | ဘယ်ဖုန်းတွေက mmStatus သုံးလို့ မလဲ |
| ဖြေ | ဘယ်ဖုန်းအမျိုးစားမဆို SMS ပို့နိုင်/လက်ခံ နိုင်တယ်ဆိုရင် mmStatus ကို အသုံးပြုလို့ရပါတယ်။ |
| မေး | Smart Phone ရှိနေပြီးသားဆို ဘာလို့ ဒီ service ကို သုံးမှာလဲ |
| ဖြေ | mmStatus ဟာ SMS ကိုပဲ အသုံးပြုတဲ့အတွက် အင်တာနက် မရှိတဲ့နေရာတွေမှာလဲ အသုံးပြု နိုင်ပါတယ်။ နောက်ပြီး notification တွေအတွက် အ၀င် SMS က အခမဲ့ဖြစ်ပါတယ်။ |
Pricing | |
| မေး | အသုံးပြုခက ဘယ်လောက်လဲ? ပို့သမျှ SMS ခတွေကို ပေးရမှာလား |
| ဖြေ | Service အသုံးပြုခက တစ်နေ့ကို ၃၅ ကျပ်ပါ။ တစ်နေ့ကို ကြိုက်သလောက် mmStatus update တွေ တင်ခွင့်ရှိပါတယ်။ ဖုန်းပေါ်ကနေ ပို့ခကတော့ မြန်မာ့ဆက်သွယ်ရေးက သတ်မှတ် ထားတဲ့ နှုန်းထား အတိုင်း မြန်မာ့ဆက်သွယ်ရေးက ကောက်ခံပါလိမ့်မယ်။ Notification တွေအတွက် အ၀င် SMS ကတော့ အခမဲ့ဖြစ်ပါတယ်။ |
| မေး | ဘယ်လို ပုံစံမျိုးနဲ့ အသုံးပြုခ ကောက်မှာလဲ |
| ဖြေ | အသုံးပြုသူရဲ့ ဖုန်းထဲက credit ကို နေ့စဉ် ၃၅ ကျပ်စီ ဖြတ်မှာဖြစ်ပါတယ်။ ဆက်ပြီးတော့ အသုံးမပြု ချင်တော့ရင် 18880 ကို STOP MMFB ဆိုပြီး ပို့လိုက်ပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။ |
| မေး | Service ကို ယူထားပြီး mmStatus ကနေတဆင့် Facebook Status ကို update မလုပ်ရင်လဲ အသုံးပြုခ ကောက်မှာလား |
| ဖြေ | ဟုတ်ကဲ့။ တစ်နေ့ကို ၃၅ ကျပ်နှုန်းနဲ့ ပုံမှန်ကောက်ခံသွားမှာပါ။ mmStatus ဟာ status တင်ရုံတင် မဟုတ်ပဲ သင့်ရဲ့ Facebook ကမိတ်ဆွေများရဲ့ Status တွေကိုပါ SMS ကတဆင့် လက်ခံရှိမှာပါ။ |
Error | |
| မေး | Service ကို ယူထားပြီးပါပြီ ဒါပေမယ့် SMS တစ်စောင်မှ ၀င်မလာဘူး။ ဘာကြောင့်လဲ |
| ဖြေ | အသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေး တာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ အသုံးပြုသူရဲ့ ဖုန်း SMS ဟာ ပြည့်နေတဲ့အတွက် SMS အသစ်တွေ မ၀င်နိုင်တာလဲ ဖြစ်နိုင်ပါတယ်။ |
Security | |
| မေး | “Cannot register due to security issue” ဆိုတဲ့ SMS ၀င်လာပါတယ်။ ဘာလုပ်ရမလဲ |
| ဖြေ | အသုံးပြုသူရဲ့ password ကမှားနေတာ သို့မဟုတ် register လုပ်လို့မပြီးသေးတာကြာင့် ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Facebook account ကို ဒီ page မှတဆင့် ဒါမှမဟုတ် မိုဘိုင်းဖုန်းအတွက် www.mmstatus.com/wap မှတဆင့် ၀င်လိုက်ပါ။ သင်ရဲ့ login အချက်အလက်တွေကို ဖြည့်ပြီးတဲ့ အခါမှာ ပြထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်လိုက်ပါ။ အကယ်လို့ ဖုန်းမှတဆင့် အကူအညီ လိုအပ်ပါက 012399188 သို့ ဆက်သွယ်နိုင်ပါတယ်။ |
How to’s | |
| မေး | mmStatus နဲ့ Facebook account ကို register လုပ်ပြီးသွားပါပြီ။ အခု status ကို ဘယ်လိုမျိုးတင်ရမလဲ |
| ဖြေ | 18880 ကို SMS ပို့လိုက်ရုံပါပဲ။ ပေးပို့ရမယ့် ပုံစံကတော့ WALL လို့ရိုက်ပါ ပြီးရင် Space (နေရာလွတ်) တစ်ချက်ထားပါ၊ ပြီးရင် တင်ချင်တဲ့ စာသားကိုရေးပါ။ ပြီးတဲ့အခါမှာတော့ 18880 ကို ပို့လိုက်ပါ။ဥပမာ WALL What a beautiful day လို့ 18880 ကိုပို့လိုက်ရင် သင့်ရဲ့ status ကို What a beautiful day လို့ mmStatus က တင်ပေးလိုက်မှာဖြစ်ပါတယ်။ |
| မေး | mmStatus service က Facebook မှာ Status တင်တာအပြင် တခြား ဘာ ၀န်ဆောင် မှုတွေ ပေးသေးလဲ |
| ဖြေ | mmStatus က သင့်ရဲ့ Facebook အသိမိတ်ဆွေများရဲ့ News Feed ကို လဲ SMS မှတဆင့် သင့်ဆီကို ပို့ပေးနိုင်ပါတယ်။ အဲဒီ service ကို ယူချင်တယ်ဆိုရင် 18880 ကို FEED လို့စာရိုက်ပြီး ပို့ပေးလိုက်ပါ။ |
Help | |
| မေး | အခုအထိ mmStatus က ဘယ်လို အလုပ်လုပ်သလဲ နားမလည်သေးဘူး။ ကူညီပါဦး |
| ဖြေ | mmStatus ရဲ့ Hotline ဖြစ်တဲ့ 012399188 ကိုဆက်ပြီး သင်တို့ သိလိုတဲ့ အကူအညီ များကို မေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လဲ mmStatus ရဲ့ Facebook Page နဲ့ www.mmstatus.com မှာ ၀င်ရောက်ဖတ်ရှု့နိုင်ပါတယ်။ |
SMS စနစ်သုံး MMstatus(Myanmar Status) ရဲ့ အချက်အလက်တွေကို လေ့လာပြီး အသုံးချင်တယ်ဆိုရင်တော့........
MMstatus ရဲ့ Facebook Fan Page ဖြစ်တဲ့ ~ https://www.facebook.com/mmfstatus
MMstatus ရဲ့ Offical Web Page ဖြစ်တဲ့ ~ http://www.mmstatus.com တို့မှာ သွားရောက်လေ့လာနိုင်ပါတယ်ဗျာ။
MMstatus ကိုအသုံးပြုသူ အနေဖြင့် Facebook ပေါ်တွင် Status များအား Update ပြုလုပ်ချင်ပါကမိမိ Mobile Phone များမှတစ်ဆင့် မိမိတင်လိုသော် Status ကို MMStatus Server (18880) သို့အရင်ဦးဆုံး SMS ရိုက်နှိပ်ပြီး ပေးပို့ရမှာဖြစ်ပါတယ်။MMstatus Server (18880) မှာ မိမိပေးပို့လိုက်တဲ့ SMS ကိုလက်ခံရယူကာ Facebook ပေါ်သို့ Update တင်ပေးမှာဖြစ်ပါတယ်။အသုံးပြုခကတော့ တစ်နေ့ကို မြန်မာကျပ်ငွေ 35 ကျပ်တည်းဖြင့် မိမိ စိတ်ကြိုက် MMstatus ကို အသုံးပြုနိုင်ပါတယ်။ကျွန်တော်က ကြော်ငြာပေးသလို ဖြစ်သွားတယ်နော်။ထားပါတော့ဗျာ..။ဒီ SMS Service လေးက Internet မလိုလဲ အသုံးပြုလို့ရတာဖြစ်တာကြောင့် ကျွန်တော့ IT Bank စာဖတ်ပရိတ်တွေထဲက မြန်မာနိုင်ငံမှာနေထိုင်တဲ့ Mobile Phone အသုံးပြုသူတွေအားလုံးအတွက် ပျော်စရာသတင်းကောင်းလေး ပါးလိုက်ပါတယ်ဗျာ။ကျွန်တော့ IT Bank ကစာဖတ်ပရိတ်သတ်တွေ အားလုံး နှစ်သစ်မင်္ဂလာမှာ စိတ်၏ကျန်းမာခြင်း ကိုယ်၏ချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
ကြိုးစားလျက်......!
(YeKyawPhyo)
Evasi0n Jailbreak 6.1 Untethered iOS iPhone 5,4S,4,3Gs,iPod Touch 5,4 & iPad Mini,4,3,2 သမားတို့အတွက် Jailbreak ရပါပြီဗျို့။
Monday, February 4, 2013
Posted by Ye Kyaw Phyo
![]() |
| Fig ~ 1 |
အရင်ဦးဆုံး iOS Device ကို Apple ကထုတ်ပေးထားတဲ့ iOS 6.1 Version update လုပ်ထားပြီးသား ဖြစ်ရပါမည်။
မိမိ၏ iOS Device ကို iTunes (သို့ ) iCloud အသုံးပြု၍ Backup အရင်လုပ်ထားပါ။ဒါမှ ပြဿနာတစ်စုံတရာ ရှိခဲ့ရင် မိမိ Data တွေကို မပျက်မစီးပဲ ပြန်ရယူနိုင်အောင် Backup အနေနဲ့ သိမ်းခိုင်းထားတာပါဗျာ။
evasi0n 6.x ကို အသုံးမပြုမီ Device ၏ Passcode lock ကို ဖြုတ်ထားပေးပါ။Jailbreak လုပ်နေစဉ် ကာလအတွင်း iTunes, Xcode တို့ ကို မဖွင့်ပါနှင့်။ Jailbreak လုပ်နေစဉ်တွင် Computer ကို အခြား မည်သည့်အရာကိုမျှ အသုံးမပြုပဲ နေခြင်းသည် အကောင်းဆုံး ဖြစ်သည်။Internet Connection Speed ကောင်းမွန်စွာရှိထားရမှာဖြစ်ပါတယ်။
Evasion 6.x Jailbreak ကို Download ရယူချင်တယ်ဆိုရင်တော့ Evad3rs ရဲ့ Offical Web Site ဖြစ်တဲ့ http://evasi0n.com/ မှာ သွားရောက် Download ရယူနိုင်ပါတယ်ဗျာ။
Evasion 6.x Jailbreak Download Page ~ Windows , Mac OS X , Linux
1 အရင်ဦးဆုံး မိမိ၏ iOS Device ကို PC/Laptop နှင့် ချိပ်ဆက်ပြီး iTunes နှင့် Backup လုပ်ပါ။
2.Backup လုပ်လို့ပြီးသွားပါက iTunes ကို ပြန်ပိတ်ထားပါ ( iOS Device ကို PC နှင့် ဆက်လက်ချိပ်ဆက်ထားပါ)
3.အပေါ်မှာကျွန်တော် Download ရယူခိုင်းခဲ့တဲ့ Evasion 6.x Jailbreak ကို မိမိ PC/Laptop ပေါ်တွင် Run ပါ။
4.အောက်က ပုံလေးအတိုင်း "Jailbreak" ဆိုတဲ့ Button လေးကိုနှိပ်ပါ။(Jailbreak ပြုလုပ်နေစဉ်အတွင်း ကျွန်တော်တို့က PC/Laptop အတွင်းမှာရှိတဲ့ Software/Program များကိုမဖွင့်မိစေရန် အထူးသတိထားရပါမယ်။)
![]() |
| Fig ~ 2 |
![]() |
| Fig ~ 3 |
မိမိ iOS Device Passcode ကို ဖြုတ်ထားရန် မေ့လျှော့ခဲ့ပါက Program မှ Passcode ရိုက်သွင်းရန် တောင်းလာချိန်မှသာ Device မှနေ၍ Passcode ကို ရိုက်သွင်းပါ။
![]() |
| Fig ~ 4 |
![]() |
| Fig ~ 5 |
![]() |
| Fig ~ 6 |
| Fig ~ 7 |
![]() |
| Fig ~ 8 |
![]() |
| Fig ~ 9 |
| Fig ~ 10 |
ကျွန်တော် iOS သုံး Device တွေအတွက် Jailbreak လုပ်နည်းကို ပုံနဲ့စာနဲ့ ကော ရှင်းပြပေးထားပါတယ်ဗျာ။မရှင်းသေးရင် အောက်မှာ Video Tutorials လေးပြထားပါတယ်ဗျာ။Video လဲ တစ်ခါတည်းတင်ပေးထားပါတယ်ဗျာ။မြင်ကွင်းသေးနေမှာ စိုးရင် အောက် Link လေး နှိပ်ပြီး သွားကြည့်နိုင်ပါတယ်နော်။
ကြိုးစားလျက်.....!
(Yekyawphyo)













