ကျွန်တော် ဒီတစ်ခါတော့  နိုင်ငံ အတွက် လေးစားဂုဏ်ယူစရာ ကောင်းတဲ့  ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကြောင်းလေးကို ကျွန်တော် သိသလောက်လေး ကျွန်တော့ Website ရဲ့ စာဖတ်ပရိတ်တွေနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ ဖေဖေါ်ဝါရီ ၁၃ ဆိုရင် နိုင်ငံရဲ့အထွတ်အမြတ် ခေါင်းဆောင်ကောင်းတစ်ယောက်၊ သေတဲ့အထိ နိုင်ငံ၊ တိုင်းပြည်နဲ့ လူမျိုးအတွက် တည်တည်တံ့တံ့ ရပ်တည်ပေးခဲ့ပြီး လွတ်လပ်ရေးရအောင် ကြိုးပမ်းပေးသွားတဲ့ ကျွန်ုပ်တို့နိုင်ငံရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့  ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ နောင်လာနောက်သားတွေအားလုံး  သိသင့်သိထိုက်တဲ့ အကြောင်းအရာလေးပါ။ကဲ.. ဒါဆို ဗိုလ်ချုပ်ရဲ့ ငယ်ဘ၀အကြောင်းကနေ စလိုက်ရအောင်နော်။


အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ဆယ်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။

မွေးဖွားရာအချိန်နှင့် ဇာတိ
1မြန်မာနိုင်ငံကိုချစ်တဲ့ မျိုးချစ်သူရဲကောင်း၊ တော်လှန်ရေးတွေမှာ အဆက်မပြတ် ပါဝင်ခဲ့တဲ့ နိုင်ငံရေးကောင်း သမားတစ်ဦး ဖြစ်တယ် ဗိုလ်ချုပ် အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က  အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်ကတော့ ရှေ့နေဦးဖာ ဖြစ်ပြီး မွေးမိခင်ကတော့ ဒေါ်ခင်စု ဖြစ်ပါတယ်။ 3သူမွေးဖွားတဲ့ အချိန်မှာ ပထမ ကမ္ဘာစစ်ကြီးရဲ့ ဒုတိယနှစ် ထဲကို ရောက်နေ ပြီးတော့ ဂျာမနီက ရေငုပ် သင်္ဘောများနဲ့ ဗြိတိသျှ ရေတပ်ကို အကြီးအကျယ် ဒုက္ခပေးနေတဲ့ အချိန် လည်းဖြစ်ပါတယ်။ အဲ့ဒီနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့၊ မြန်မာခုနှစ်အရ ၁၂၇၆ ခုနှစ် တပေါင်းလဆန်း တစ်ရက် စနေနေ့ မနက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားလာခဲ့ပါတယ်။ နက္ခတ်ဗေဒင်ဆရာကြီး ကီရို ဟောပြောချက်အရ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မွေးဖွားသူတို့က တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရထီးနန်းကို ဖြိုဖျက်နိုင်စွမ်းသူများကို မွေးဖွားတဲ့ဇာတာလို့ ဟောခဲ့ပါသေးတယ်။
အမည်နာမနှင့် မွေးချင်းမောင်နှမ
ဇာတာအရ မှည့်ထားတဲ့ နာမည်ကတော့ မောင်ထိန်လင်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူကမှ ထိန်လင်းလို့ ခေါ်လေ့ခေါ်ထမရှိဘဲ သူ့အကို ကိုအောင်သန်းရဲ့ နာမည်နဲ့ လိုက်အောင် မှည့်ထားတဲ့ မောင်အောင်ဆန်း လို့သာ ခေါ်ကြတော့တယ်။ နောက်ပိုင်း ဒို့ဗမာ အစည်းအရုံးကို ၀င်ရောက်တဲ့အခါ သခင်အောင်ဆန်း ဖြစ်လာခဲ့တယ်။ သခင် အောင်ဆန်းရဲ့ ဂျပန်အမည်ကတော့ အိုမိုဒါမွန်ဂျီ ဖြစ်ပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံ ဗန်ကောက် ရဲဘော် သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာကနေ ဗိုလ်တေဇဖြစ်လာခဲ့တယ်။ နောက်ဆုံးကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်တဲ့ နေရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ သူအပါအ၀င် မွေးချင်းမောင်နှမ ၈ ယောက်ရှိပါတယ်။ သူတို့တွေကတော့
1) မခင်ညွှန့် (လယ်ဝန်ကတော်) ကွယ်လွန်
2) မ၀က် (အိပ်ထောင်မပြု) ကွယ်လွန်
3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ)
4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်)
5) မောင်နေအောင် (အမိန်တော်အရရှေ့နေ ကွယ်လွန်)
6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်)
7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်) ကွယ်လွန်
8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။


4
ငယ်ဘ၀အကျဉ်းချုပ်
5ဗိုလ်ချုပ်မွေးဖွားတုန်းက သိပ်မထူးဆန်းပေမယ့် ထိုင်နိုင်ထနိုင်တဲ့ ကလေးဘ၀ကစပြီး ထူးခြားခဲ့တယ်လို့ သိရပါတယ်။ တော်တော်လည်း ဂွကျသူဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ငယ်ငယ်တုန်းက တော်တော်နဲ့ စကား မပြောတာကြောင့် လူကြီးမိဘများက ဆွံ့အ နေသလားဆိုပြီး စိုးရိမ် ကြောင့်ကြခဲ့ရပါတယ်။ ဗိုလ်ချုပ်က ငယ်ငယ် တုန်းက ချူချာတဲ့အပြင် အစားလည်းကြူးပြီး အမဲသား ငါးကို  အလွန်ကြိုက်ပါတယ်။ ငယ်ငယ်တုန်းက မိခင်နဲ့ ဈေးဝယ်လိုက်သွားရင်း အမဲသားစိမ်းမြင်တာနဲ့ အတင်းလုစားမယ်လုပ်တယ်လို့ သူရဲ့မိခင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ယဉ်ကျေးတဲ့သူတွေကို အမြင်မကြည်ဖြစ်ပြီး အဲ့လိုလူတွေကြားထဲမှာ သိပ်လည်းနေသားမကျခဲ့ပါဘူး။ ဗိုလ်ချုပ်နေချင်တဲ့ပုံစံက လူရိုင်းပြီး ကြမ်းတမ်းခက်ထန်ပေမယ့် တည်ကြည်ပြီး လွတ်လပ်သန်စွမ်းတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ 1-3ဗိုလ်ချုပ်ငယ်ငယ်တုန်းက အတီးအမှုတ်၊ အကအခုန် အတော် ၀ါသနာပါခဲ့တယ်။ အထူးသဖြင့် ဆိုင်းတီး တာကို အတော်ဝါသနာ ပါတယ်လို့ ပြောကြပါတယ်။ စားပွဲဖြစ်ဖြစ်၊ ခေါက်စရာတွေ့ရင် လက်ကွဲတဲ့အထိ အမြဲတမ်း ခေါက်နေလေ့ ရှိပါတယ်။ များသော အားဖြင့် ဣနြေ္ဒကြီးပြီး ချောင်တချောင် မှာကပ်ပြီး မှိုင်ကာ စဉ်းစားနေလေ့ရှိပြီး ကစားခုန်စား သိပ်လုပ်လေ့လုပ်ထ မရှိပေမယ့် ကစားတဲ့အခါ ကြမ်းတမ်းပြီး ကြမ်းတမ်းတဲ့ ကစားနည်းကိုမှ နှစ်သက်တတ်ပါတယ်။ မျက်နှာလို မျက်နှာရနဲ့ အထက်လူကြီးတွေကို တိုင်တောခြင်းကို ငယ်ငယ်ကတည်းက အထူးစက်ဆုပ် ရွံ့မုန်းခဲ့သူဖြစ်တယ်။

ကျောင်းသားဘဝ
ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိဘနှစ်ပါးလုံးမှာ ဥာဏ်ရည်ထက်မြတ်သောသူတွေ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်ရဲ့ဖခင်က ရှေ့နေစာမေးပွဲမှာ ဗမာပြည်တပြည်လုံး တတိယစွဲခဲ့ပါတယ်။ အကိုများ၊ ၀မ်းကွဲညီအစ်ကိုများ နဲ့ ဦးလေးတွေကလည်း သူတို့ရဲ့ ကျောင်းစာမေးပွဲမှာ ထိပ်တန်းကျကျ အောင်မြင်ခဲ့ကြသူချည်းပါပဲ။ ဗိုလ်ချုပ်ရဲ့မိဘ များကလည်း ပညာရေးကို အထူးလိုလားကြတဲ့အတွက် ဗိုလ်ချုပ်ရဲ့ အစ်ကိုတွေကိုငါးနှစ်သား အရွယ်ကစပြီး ကျောင်းထားခဲ့ကြသည်။ ဗိုလ်ချုပ်ကတော့ 6အငယ်ဆုံးဖြစ်ပြီး အလိုလိုက် ထားတာကြောင့် အသက် ၈နှစ်ရောက်မှ ကျောင်းစနေ ဖြစ်ခဲ့ပါတယ်။။ ဒါတောင် အစ်ကိုက ရှင်ပြုတာအားကျပြီး ရှင်ပြုချင်လို့ ကျောင်းနေခဲ့တယ်လို့ ဆိုပါတယ်။။ ကျောင်းတက်တော့လည်း အတန်းကျောင်း တက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်တည်းနဲ့ ၁၀တန်း အောင်မြင် ခဲ့ပါတယ်။။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲမှာ ဗမာတစ်နိုင်ငံလုံး န၀မစွဲခဲ့ပြီး အထက်တန်း စကေားလားရှစ် ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကျောင်းနဲ့ အမျိုးသားကျောင်းများမှာလည်း ပထမစွဲခဲ့ပြီး ဦးရွှေခိုဆုကို ရရှိခဲ့ပါတယ်။
အထက်တန်းပညာရေးကို နတ်မောက်နဲ့ ရေနံချောင်းတို့မှာ သင်ယူပြီးနောက် ရန်ကုန် တက္ကသိုလ်မှာ ၆ နှစ်ခွဲလောက်နေခဲ့ပြီး အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံတို့ကိုလည်း သင်ယူခဲ့ပါသေးတယ်။။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့လာနိုင်တဲ့အတွက် (ဘီ-အေ) အတန်းအထိ အောင်ယုံသာအောင်ခဲ့ပြီး (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရပါသေးတယ်။ အဲ့ဒီနောက် (ဘီ-အယ်လ်) အတန်းကိုတက်တဲ့ အချိန်မှာတော့ အတန်းလည်းမှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ သူစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားခဲ့တာကြောင့် (ဘီ-အယ်လ်) ပထမနှစ်စာမေးပွဲကို ကျရှုံးခဲ့ပါတယ်။ အဲ့ဒါက ဗိုလ်ချုပ်ဘ၀တွင် ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေရာဇ၀င် ပထမမေးခွန်းမှာတော့ ဗိုလ်ချုပ်က ပထမရခဲ့ပါတယ်။ ဒုတိယ (ဘီ-အယ်လ်) နှစ်မှာတော့ နှစ်စေ့အောင် ကျောင်းမနေတော့ပါ။ အကြောင်းအရင်းကတော့ ဥရောပတိုက်မှာ မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မလို ဖြစ်နေတဲ့ခြေအနေနဲ့ ဗမာပြည်မှာလည်း အထိကရုန်း အခြေအနေတွေကြောင့် တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက် နှစ်ဝက်မှာကျောင်းထွက်ပြီး သခင်ဘ၀သို့ ကူးပြောင်းခဲ့ပါတော့တယ်။

78

နိုင်ငံအတွက်လှုပ်ရှားခဲ့မှုများ

9

11
ဗိုလ်ချုပ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အဲ့ဒီအဖွဲ့ကထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃၆ခုနှစ် ဖေဖေါ်ဝါရီလမှာ တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦးကို ရည်ညွှန်းထားတဲ့ ဆောင်းပါးဖြစ်တဲ့ ငရဲခွေးကြီး လွတ်နေသည် ဆိုတဲ့ ဆောင်းပါးကို အမည်မဖော်ပြခဲ့တဲ့အတွက် ကိုနု (သခင်နု)နှင့် အတူတကွ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် သမိုင်းမှာ ကျောင်းသားသပိတ်ဆိုပြီး ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောင်းကထုတ်တဲ့ အမိန့်ကို ပြန်လည်ရုတ်သိမ်း ခဲ့ရတယ်။ ၁၉၃၈ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားသပိတ် မန္တလေးကို ကူးစက်ပြီး နောက်ပိုင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံးမှာ ဥက္ကဌအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသေးတယ်။ အဲ့ဒီနှစ်မှာပဲ အစိုးရက သူ့ကို ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီမှာ ကျောင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားရေးသို့ ကူးပြောင်းခဲ့ပြီး ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ ဒို့ဗမာအစည်းအရုံး ၀င်တစ်ဦး ဖြစ်လာသောအခါတွင် သခင်တစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတာဝန်ကို ထမ်းဆောင်နေစဉ် ၁၃၀၀ ပြည့် အရေးတော်ပုံလို့ လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့ပါတယ်။

ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကြီးက ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊10 နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်က အဲဒီမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှုး ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းမှာ အဲဒီအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လမှာတော့ အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပေမယ့် အစိုးရက ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး နောက်ဆုံးမှာတော့ နိုင်ငံရပ်ခြားကို ပြေးခဲ့ရပါတယ်။ စစချင်းမှာ ဗိုလ်ချုပ်ကတရုတ်ပြည်သို့သွားပြီး ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့ကိုအမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့ပါတယ်။

12၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဖူမီမာရိုကိုနိုး အစိုးရဆီက လက်နက်နဲ့ ငွေကြေးထောက်ပံမယ်ဆိုတဲ့ ကတိရလာခဲ့ပါတယ်။ အဲ့ဒီနောက် စစ်သင်တန်းတက်ဖို့ ရဲဘော်သုံးကျိတ် အဖွဲ့ဝင်တွေနဲ့ ဂျပန်ပြည်ကို ခဏပြည်လည် ထွက်ခွာသွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ဟာ ဂျပန်တို့ လက်အောက်သို့ ကျရောက် သွားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဗိုလ်ချုပ်ရဲ့တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ဂျပန်တို့နဲ့ပူးပေါင်းမှုကတော့ ကြာကြာတော့မခံလိုက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်များပြောတယ့် လွတ်လပ်ရေးဆိုတာကို သံသယဝင်လာတဲ့အပြင် ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေး ကိုလည်း မနှစ်မြို့ခဲ့ပါဘူး။ ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင် သတိပေးခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်များဖြစ်တဲ့ သခင်သန်းထွန်း၊ သခင်စိုးတို့၏ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီအင်အေတပ်ကို ဦးဆောင်ပြီး ဂျပန်ကျူးကျော်သူများကို မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး တိုက်ထုတ်ခဲ့ပါတော့တယ်။ ဒါကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရမှ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။



ဗိုလ်ချုပ်အောင်ဆန်ုးရဲ့မိသားစု
ဗိုလ်ချုပ်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၂ ခုနှစ် မှာ ဒေါ်ခင်ကြည်နှင့်14 လက်ထပ်ခဲ့ပြီး အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စတဲ့ သား(၂)ယောက်၊ သမီး(၁)ယောက် ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒေါ်ခင်ကြည်ရဲ့ ညီမကတော့ ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းနဲ့ လက်ထပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့သားအကြီးဆုံး ဦးအောင်ဆန်းဦးက အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိပြီး ဒုတိယမြောက်သား အောင်ဆန်းလင်းကတော့  ၈ နှစ်သား အရွယ်မှာ ခြံထဲကရေကန်မှာ ရေနစ်သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငယ်ဆုံး သမီး ဒေါ်အောင်ဆန်းစုကြည် ကတော့ အခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်လျှက်ရှိပါတယ်။


13

ဗိုလ်ချုပ်အောင်ဆန်း လက်ထပ်မင်္ဂလာကို Snap Shot ဂျာနယ်မှာ ဖော်ပြခဲ့တာကို အောက်ကပုံတွေ မှာ Click နှိပ်ပြီး ဖတ်နိုင်ပါတယ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ
15ဗိုလ်ချုပ်က ဘာသာရေးဆိုင်ရာ စာပေများကို ရေးသားခဲ့ရုံသာမက ဘာသာရေးနဲ့သက်ဆိုင်တဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ပါသေးတယ်။ ၁၉၃၅ခုနှစ် ဂန္ဓလောက မဂ္ဂဇင်း ဧပြီလထုတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး Burma and Buddhism ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးသားခဲ့ပါတယ်။ အသက် (၂၀)အရွယ်မှာ ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ ကျင့်သုံးနည်း' ဆိုတဲ့ဆောင်းပါးကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပါသေးတယ်။ စာပေနဲ့ပတ်သက်ပြီး အညာသားလေး ဆိုတဲ့ ကလောင်နာမည်နဲ့ သူရိယ မဂ္ဂဇင်းမှာ စာရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ရဲ့အရေး ကောင်းကျိုးကို လိုလားတာကြာင့် နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရပေမယ့် တကယ်တမ်းက စာရေးဆရာတစ်ယောက် ဖြစ်ချင်တာလို့ သိရပါတယ်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့က ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ ဖဆပလဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ဆရာများ အစည်းအဝေးမှာ ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဆိုပြီး သူဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောခဲ့သေးတယ်။

ဗိုလ်ချုပ်မကွယ်လွန်ခင်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ 16တော်တော်များများကို ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးသားခဲ့တဲ့ စာတွေကလည်း ဖတ်ရင် တိကျရှင်းလင်းပြီး ပေါ်ပေါ်လွင်လွင် ဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်က ‘တကမ္ဘာ လုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံ လိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီး ဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာ ဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ လို့ ပြောကြားခဲ့ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းဟာ အနိုင်မခံဆိုတဲ့ ကဗျာကိုလည်း ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်းရဲ့ အတွဲ ၆ အမှတ် ၁ တွင် ရေးသား ခဲ့ပါ သေးတယ်။


အနိုင်မခံ
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓါတ်ကို ဖန်တီးပေးသည် နတ်သိကြားတို့အား ငါ ကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်တွင်းသိုပ
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အားမတုန်လှုပ်သည်ကိုတွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။

                                                                                                                                       ကြိုးစားလျက်.......!
(Yekyawphyo)

ကျွန်တော် ဒီ တစ်ခါ ကျွန်တော်တို့ လူငယ်တွေ အတွက် အလွန်စိတ်ဝင်စားစရာကောင်းပြီး လေးစားစရာ ကောင်းတဲ့ ပုဂ္ဂိုလ် တစ်ဦးတဲ့ မိတ်ဆက်ပေးပါရစေဗျာ။ မြန်မာနိုင်ငံမှာ မသိသူမရှိတဲ့အပြင် အနုပညာရော၊ စာပေ၊ ဂီတ၊ ရုပ်ရှင်ပိုင်းတွေမှာ တကယ့်ကိုဂုဏ်ယူလေးစား အားကျလောက်တဲ့ ဘဘဦးသုခရဲ့ အကြောင်းလေးကို ကျွန်တော် Web Site လေးရဲ့ စာဖတ်ပရိသတ်တွေအတွက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လူအများက လေးစားပြီးကြည်ညိုရတဲ့ ဘဘဦးသုခရဲ့အကြောင်းလေးကို ကျွန်တော်တို့လို နောင်လာနောင်သား လူငယ်တွေအတွက် ကျွန်တော် ကနေပြီး သိသလောက် တတ်သလောက်နဲ့ ဗဟုသုတ မှတ်သားဖွယ်ရာအဖြစ် တင်ဆက်ပေးသွားမှာမို့ လိုအပ်ချက်များနဲ့ အမှားအယွင်းလေးများရှိခဲ့ရင်လည်း နားလည် ခွင့်လွတ်ပေးပါလို့ ကြိုပြီးမေတ္တာရပ်ခံပါတယ်ဗျာ။ ကဲ ဒါဆိုပထမဦးဆုံး ဘဘဦးသုခရဲ့ ကိုယ်ရေးအကျဉ်းလေးနဲ့ အစပြုလိုက်ရအောင်နော်။
                               
                                                        ဘဘ ဦးသုခရဲ့ ကိုယ်ရေးအကျဉ်း 


ဘဘဦးသုခကို လွန်ခဲ့တဲ့ ၁၉၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့ (မြန်မာလို ၁၂၇၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်နေ့၊ သောကြာ)နေ့မှာ ဖခင်ဦးစံခိုင်နဲ့ မိခင်ဒေါ်မျှင်တို့မှ လောကထဲကို မွေးဖွားပေးခဲ့ပါတယ်။ ဘဘရဲ့မွေးရပ်ဇာတိကတော့ ကျိုက်လတ်အပိုင် စာဖြူစုကျေးရွာပဲဖြစ်ပါတယ်။ ဖခင်ဦးစံခိုင်ဟာ စာဖြူစုကျေးရွာရဲ့ ရွာသူကြီးဖြစ်တယ်လို့လည်း မှတ်သားရပါတယ်။ ဘဘဦးသုခဟာ မွေးချင်း ၄ ယောက်ရှိတဲ့ အထဲက အကြီးဆုံးသား ဖြစ်ပြီးတော့ ငယ်နာမည်ကတော့ မောင်သိန်းဖြစ်ပါတယ်။ မောင်သိန်း(ခေါ်) ဘဘဦးသုခရဲ့ငယ်ဘ၀လေးကတော့ စာဖြူစုကျေးရွာလေးမှာပဲ ဖြတ်သန်းခဲ့ပြီး အလယ်တန်းကိုတော့ ကျိုက်လတ်မြို့ အမျိုးသားကျောင်းကနေ ၁၉၂၆ ခုနှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အထက်တန်းပညာ သင်ယူဖို့အတွက် ဖျာပုံအမျိုးသားကျောင်းကို ၁၉၂၇ ခုနှစ်မှာပြောင်းရွေ့ပြီး ပညာဆည်းပူးခဲ့ပါတယ်။ အလယ်တန်းကျောင်းသားဘ၀ကတည်းက စတင်ပြီး ကဗျာ၊ ရတုများကိုရေးသားလာခဲ့တဲ့ ဘဘဦးသုခ(ခေါ်) မောင်သိန်းဟာ အထက်တန်းကျောင်းသားဘ၀ကို ရောက်တဲ့အခါမှာတော့ ၀တ္တုများကိုရေးသားဖို့ စိတ်သန်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသားဘ၀မှာပဲ ကျောင်းကနေထွက်ပြီး ရန်ကုန်မြို့ကိုထွက်ခွာလာခဲ့ကာ ဖခင်ဦးစံခိုင်တည်ထောင်ထားတဲ့ အာဇာနည်ဂျာနယ်တိုက်မှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျာနယ်တိုက် ပိတ်လိုက်ရတဲ့အချိန်မှာတော့ ကျိုက်လတ်မြို့ကိုပဲပြန်ခဲ့ပြီး ကျိုက်လတ်မြို့မှာရှိတဲ့ ကျိုက်လတ်ဦးဘမူ တည်ထောင်ထားတဲ့ အမျိုးသားကျောင်းမှာ မြန်မာစာပြဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နေစဉ်မှာပဲ အမျိုးသားနေ့ အောင်ပွဲနေ့တွေမှာ ကျောင်းရဲ့ပဒေသာကပွဲတွေအတွက် စာမူများရေးသားပေးခြင်း၊ ဇာတ်လမ်းများရေးသားခြင်းတွေအပြင် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ကာ ပြဇာတ်ဒါရိုက်တာလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

                                          ရေးသားခဲ့သောစာအုပ်စာပေများနှင့်ကလောင်အမည်များ
ဘဘဦးသုခဟာ ကျောင်းသားဘ၀ အရွယ်ကတည်းက စာပေရေးသားခြင်းကို ၀ါသနာကြီးခဲ့တဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ သုတ၊ရသစာပေတွေဟာ ရေတွက်လို့မရအောင် ဒုနဲ့ဒေးရှိနေပါတယ်။ အဲဒီထဲကမှ ထင်ရှားကျော်ကြားတဲ့ စာပေတွေကို လက်လှမ်းမှီသလောက် ကျွန်တော့ Web Site ရဲ့စာဖတ်ပရိသတ်ကြီးကို ပြောပြပေးချင်ပါတယ်။ ၁၉၂၉ ခုနှစ်မှာ စိန်သိန်းတန်ဆိုတဲ့ ကလောင်နာမည်နဲ့ စံပယ်ပွင့်ဝတ္တုကို စတင်ရေးသားခဲ့ပါတယ်။ အဲ့ဒီဝတ္တုလေးဟာ က၀ိမျက်မှန်မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရပြီး စာမူခအနေနဲ့ ငွေကျပ် ၁၀ အပြင် မဂ္ဂဇင်း ၆ လဆုကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာတော့ ရွင်ပျော်ပျော်စာပေတိုက် ၀တ္တုပြိုင်ပွဲမှာ မောင်သိန်းမောင်ဆိုတဲ့ ကလောင်အမည်နဲ့ မိန်းမသားဆိုတဲ့ ၀တ္တုကိုဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အခါမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဘဘဦးသုခဟာ သုတရသစာပေတွေအပြင် လောကီလောကုတ္တရာဆိုင်ရာ စာပေများကိုလည်းရေးသားခဲ့ပါသေးတယ် ။ ဘာသာရေးစာပေ ရေးသားခြင်းတွေကိုတော့ ၁၉၃၂ ခုနှစ် ဘဘအသက် ၂၃ နှစ်အရွယ်မှာ စတင်ပြီးရေးသားခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဘဘဦးသုခဟာ သူလေ့လာမှတ်သားခဲ့ဖူးတဲ့ လောကီလောကုတ္တရာ မှတ်စုမှတ်ရာများကို ပြန်လည်ပြီးစာမူပြုစု ရေးသားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ထိုမှတ်စုများကိုစုဆောင်းပြီး သုခမှတ်စုဆိုတဲ့ စာအုပ်လေးကိုထုတ်ဝေခဲ့ပါတယ်။ ၁၉၃၄ ခုနှစ် ရောက်တဲ့အချိန်မှာတော့ ရွင်ပျော်ပျော်ဆိုတဲ့ စာပေတိုက်နာမည်နဲ့ လိုက်ဖက်အောင် သုခဆိုတဲ့ ကလောင်အမည်လေးကို ပြောင်းလဲသုံးစွဲကာ ၀တ္တုများကို ရေးသားခဲ့ပါတော့တယ်။ သုခဆိုတဲ့ ကလောင်အမည်ကို ခံယူပြီးသွားတဲ့နောက်ပိုင်းမှာတော့ ဘဘရေးတဲ့စာအုပ်တွေရဲ့အဆုံးမှာ ဆုတောင်းလေးတွေ ထည့်လေ့ရှိတယ်လို့လည်း မှတ်သားရပါတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး ရွင်ပျော်ပျော်စာပေတိုက်အတွက် လုံးချင်းဝတ္တုငယ်လေးများကို ရေးသားပေးခဲ့ပြီး မိုက်မိတယ်ဆိုတဲ့ လုံးချင်းဝတ္တုကိုလည်း ထုတ်ဝေနိုင်ခဲ့တဲ့အထိ စာပေဘက်မှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါ့အပြင်ဘဘရဲ့ထင်ရှားကျော်ကြားတဲ့ စာအုပ်စာပေပေါင်းများစွာလည်းရှိခဲ့ပါတယ်။ လောကနီတိ၊ ကံကံ၏အကျိုး၊ သုတရသဓမ္မစာစုံ၊ စိတ်ဆိုသောစိတ်ကဲ့သို့သော စာပေကောင်းတွေဟာ ဘဘရဲ့ထင်ရှားတဲ့ စာအုပ်စာပေတွေပဲဖြစ်ပါတယ်။

                                             ရုပ်ရှင်ဇာတ်ညွန်းနှင့်ပြဇာတ်များရေးသားခြင်း
ဘဘဦးသုခရဲ့ စာပေများဟာ လူ့ဘ၀နဲ့လူ့သဘာဝကို ဖော်ပြရေးသားတဲ့နေရာမှာ နာမည်ရလာတာနဲ့အမျှ ၁၉၃၈ ခုနှစ်မှာတော့ ချစ်အမျှရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွန်း ရေးသားပေးရာကနေ အစပြုပြီး ရုပ်ရှင်ဇာတ်ညွန်းရေးသားတဲ့ဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။ ဂျပန်ခေတ်လို့အများကသိကြတဲ့ ၁၉၄၂ ခုနှစ် ဂျပန်တွေအုပ်စိုးတဲ့အချိန်မှာလည်း ပြဇာတ်များကိုကိုယ်တိုင်ရေးသားခဲ့ကာ ကန်တော်မိတ်ရုံမှာ ဂုဏ်ဆိုတဲ့ပြဇာတ်၊ ဂျိုတီရုံမှာ မေတ္တာနှင့်သစ္စာဆိုတဲ့ပြဇာတ်၊ မြိုင်ရုံမှာတော့ ဘဘရဲ့နာမည်ကြီးတဲ့ သြော်မိန်းမ သြော်ယောင်္ကျားပြဇာတ်၊ သြော်.. လောကဆိုတဲ့ပြဇာတ်တွေကို ရုံသွင်းတင်ဆက်ကပြခဲ့တာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဘဘဦးသုခဟာ လူမူရေးအသင်းအဖွဲ့တွေမှာလည်း တက်တက်ကြွကြွပါဝင် လုပ်ဆောင်ခဲ့ပါသေးတယ်။ စာရေးစာရာအသင်းရံပုံငွေအတွက် ၀ိဇယပြဇာတ်၊ ပေါဦးပြဇာတ်တွေမှာလည်း ဒါရိုက်တာလုပ်ပြီးကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့ကာ ရံပုံငွေရှာဖွေပေးခဲ့ပါတယ်။ ဘဘရေးသားခဲ့တဲ့ မောင်ဖေငယ်ဆိုတဲ့ပြဇာတ်ဟာလည်း လူကြိုက်များခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကာဌေးရုံမှာ ချစ်တော့ချစ်တယ်ပြဇာတ်၊ ၀သုန်ဤမြေပြဇာတ်၊ ၀င်းဝင်းရုံမှာ ကိုယ်ကြိုက်တာကိုယ်လုပ်ပြဇာတ်၊ ဇော်ရုံမှာ သားတိုးရုပ်ရည်ပြဇာတ်တွေကို ကိုယ်တိုင်အဓိကနေရာကနေ သရုပ်ဆောင်တင်ဆက်ကပြခဲ့ပါတယ်။

ရုပ်ရှင်လောကသို့ဝင်ရောက်ခြင်း
ဘဘဦးသုခဟာ ၁၉၄၈ ခုနှစ်မှာ ရုပ်ရှင်ဒါရိုက်တာအဖြစ် ပထမဦးဆုံး ချစ်အနုမြူဆိုတဲ့ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပါတယ်။ ထိုဇာတ်ကားမှစတင်ကာ ဘဘရဲ့ ပြောင်မြောက်လှတဲ့ ရိုက်ကူးချက်တွေကြောင့် စာရေးဆရာအသင်းကနေပြီးတော့ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ ဘဘရဲ့သုခ၀တ္တုတိုပေါင်းချုပ် စာအုပ်ကိုလည်း ၁၉၅၁ ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီး ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈ နဲ့ ၁၉၈၈ ခုနှစ်တွေမှာ ပြန်လည်ထုတ်ဝေပုံနှိပ်ရတဲ့ အထိအောင်မြင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်ကရိုက်ကူးတဲ့ သြော်မိန်းမ ဇာတ်ကားမှစတင်ကာ မြန်မာရုပ်ရှင် အကယ်ဒမီဆုတစ်ခုဖြစ်တဲ့ ဒါရိုက်တာဆုကို ဘဘဦးသုခက ပထမဦးဆုံးချီးမြင့်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘ၀သံသရာ ဇာတ်ကားကို ၁၉၅၆ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဒါရိုက်တာ ဆုကိုထပ်မံရရှိခဲ့ပြန်ပါတယ်။ ၁၉၅၇ ခုနှစ်မှ ၁၉၆၇ ခုနှစ် အတွင်းတွေမှာတော့ ဘဘဦးသုခဟာ စာပေနဲ့ရုပ်ရှင်နယ်ပယ်မှာပဲ ကျင်လည်လှုပ်ရှားခဲ့ပါတယ်။ အဲ့ဒီအချိန်တွေမှာလည်း အလွန်မှနာမည်ကြီးတဲ့ ရဟန်းစားရသောဆွမ်းတစ်နပ်၊ တစ်ပါးသီလ ဆိုတဲ့ရုပ်ရှင်ကားတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။ရုပ်မြင်သံကြားဇာတ်လမ်း များစွာကိုလည်းရိုက်ကူးခဲ့တယ်လို့ မှတ်သားရပါတယ်။ နောက်ပိုင်းဘဘဦးသုခရရှိခဲ့တဲ့ အကယ်ဒမီဒါရိုက်တာ ဆုတွေကိုပြောရမယ်ဆိုရင် ၁၉၆၈ ခုနှစ်မှာ စကားပြောသော နှလုံးသားဇာတ်ကား၊ ၁၉၇၀ ခုနှစ်မှာ ကျွန်မမှာမိန်းမသားဇာတ်ကား၊ ၁၉၇၃ ခုနှစ်မှာ ဘယ်သူပြိုင်လို့လှပါတော့နိုင်ဇာတ်ကား၊ ၁၉၇၅ ခုနှစ်မှာ ရွှေချည်ငွေချည်တန်းပါလို့ဇာတ်ကား စတဲ့ဇာတ်ကားတွေနဲ့ အကယ်ဒမီဒါရိုက်တာဆုပေါင်း ၆ ခုကိုဘဘပိုင်ဆိုင်ခဲ့ပါတယ်။

                                                                       ဘွဲ့ထူးဂုဏ်ထူးများ
ဘဘဦးသုခဟာ အနုပညာမှာရော စာပေလောကနယ်ပယ်မှာပါ စိတ်ကောကိုယ်ပါ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဘွဲ့ထူးဂုဏ်ထူးပေါင်းများလည်း ပေးအပ်ချီးမြင့်ခြင်းကိုခံခဲ့ရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး ဒါရိုက်တာဆု ၆ ခုအပြင် ၁၉၅၈ ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့၊ ၁၉၆၀ ပြည့်နှစ်မှာ ရုပ်ရှင်ဝါသနာအိုးများ၏ သူရသာတီရုပ်တု၊ ၁၉၉၄ ခုနှစ်မှာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၁၉၉၄ ခုနှစ်မှာပဲ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၁၉၉၇ ခုနှစ်မှာ အာဆီယံစာပေဆု၊ ၁၉၉၉ ခုနှစ်မှာ ကျေးဇူးသစ္စာ မြတ်ဘဏ္ဏာဂုဏ်ပြုဆု၊ ၂၀၀၀ပြည့်နှစ်မှာ လူမူထူးချွန်(ပထမအဆင့်)၊ ၂၀၀၀ ပြည့်နှစ်မှာပဲ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ Ph.D ၊ ၂၀၀၅ ခုနှစ်မှာ ဓမ္မဗိမာန် တစ်သက်တာ စာပေဆုတွေကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွေမှစပြီး ဘဘဟာ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနဲ့ တက္ကသိုလ်ဆရာလောင်း မွမ်းမံသင်တန်းတွေမှာလည်း စကားပြောဟောနည်းပညာ၊ တရားဟောပြောနည်းပညာတွေကို သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၄ ခုနှစ်မှာလည်း ရာမာခရစ္စနာ၏သုတပုံပြင်များ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီနှစ်ဇန်န၀ါရီလ ၄ ရက်နေ့လွတ်လပ်ရေးနေ့မှာပဲ ဘဘဟာ မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်ကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း တွေမှာလည်း ဘဘရဲ့တရားတော်နဲ့ ပတ်သတ်တဲ့စာအုပ်စာပေတွေ သုတရသစာအုပ်တွေဟာ ဆက်တိုက်ထွက်ရှိလာခဲ့ပါတယ်။ဘဘဦးသုခရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ လူသားတွေအတွက် အကျိုးရှိမဲ့စာအုပ်စာပေ အများအပြားကိုရေးသားခဲ့ပြီး ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ရန်ကုန်တက္ကသိုလ်ကနေပြီး ဂုဏ်ထူးဆောင်စာပေပါရဂူ ဘွဲ့ကိုအပ်နှင်းပေးအပ်ခဲ့ပါတယ်။ 

                                                                         အမေများနေ့
ဘဘဦးသုခဟာ အမေများနေ့ကိုမြန်မာနိုင်ငံမှာ စတင်ကျင်းပရန်တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။အမေဆိုတာ ကြီးကျယ်မြင့်မြတ်သူတစ်ဦးဖြစ်ကြောင်းကို ဟောပြောပွဲတွေ၊ စာအုပ်စာပေတွေ၊ သူရိုက်တဲ့ ရုပ်ရှင်တွေကနေတစ်ဆင့် လူငယ်ထုရဲ့အတွေးထဲကို ကျေးဇူးသိတတ်စေတဲ့ အသိတွေရောက်အောင် လှုံ့ဆော်ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အမေ စာအုပ်ကိုလည်း ရေးသားခဲ့ပါသေးတယ်။ အမေဆိုတာ ဘယ်လိုကြီးမြတ်ကြောင်းကိုသိစေဖို့အတွက် ဘဘဟာ စာပေဟောပြောပွဲတိုင်းမှာ အမေနဲ့ပက်သက်တဲ့ အကြောင်းအရာ တစ်ခုခုကိုတော့ ဟောပြောတတ်စမြဲပါ။ အမေများနေ့အတွက် ကျင်းပတဲ့ စာပေဟောပြောပွဲတစ်ခုမှာတော့ ဘဘဟာ အမေတွေကို ဂုဏ်ပြုတဲ့ စာပိုဒ်လေးတစ်ပုဒ်ကို ရွတ်ဆိုပေးခဲ့ပါတယ်။  
“ကမ္ဘာကြီး ကမ္ဘာကြီးကို အာဒံနဲ့ဧဝကပဲ စတယ်လို့ပြောပြော... ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော... သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးကအဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိကျနော်တို့အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ်မဟုတ်လားအမေ... အမေမှန်သမျှ ဘာသာခြားလူမျိုးခြားရယ်လို့  ကျွန်တော့်စိတ်ထဲမှာမရှိဘူးအမေ... သားသည်အမေတစ်ယောက်ဟာ အမေပါပဲအမေ... သူကယုတ်ညံ့လို့... သူကလူမျိုးခြားမို့လို့... သူက ဘယ်ဘာသာမို့လို့ မဟုတ်ပါဘူးအမေ မဟုတ်ပါဘူး ကျွန်တော်မြင်တာဖြင့် ကျွန်တော်ပြောဦးမယ် ကျွန်တော်လွန်သွားမလား... မလွန်ပါဘူးအမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ အမေမှန်ရင်လေ အမေနားနဲ့မနာဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့... အမေဟာ  ကျွန်တော့်လက်ထက်ထဲမှာ ကျွန်တော့်မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ...... အမေဟာ အမေပါပဲ။” 
ဒီစာစုတိုကလေးဟာ ကျွန်တော်တို့လူထုကြားမှာ အလွန်ပဲနာမည်ကြီးခဲ့ပြီးတော့ အမေနဲ့ပက်သက်တဲ့သီချင်းတွေမှာတောင် ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။
                                                                       အဖွဲ့အစည်းများ


ဘဘဦးသုခဟာ ဘ၀သက်တမ်းတစ်လျှောက်လုံး အဖွဲ့ပေါင်းများစွာမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဘဘရဲ့ လူသားတွေအပေါ် အကျိုးပြုမူတွေဟာလည်း ပြောပြလို့ မကုန်နိုင်အောင် အများကြီးရှိနေပါသေးတယ်။ ဘဘဦးသုခ ပါဝင်ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းလေးတွေကို အကျဉ်းချုပ် ပြောပြရမယ်ဆိုရင် ပထမဦးဆုံး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၊ အများက၀ိုင်အမ်ဘီအေလို့ သိကြတဲ့အသင်းလေးကနေ စရမှာဖြစ်ပါတယ်။ ၀ိုင်အမ်ဘီအေမှာ ဘဘဟာ နာယကနေရာကနေ ဦးစီးဦးဆောင်ပါဝင်ခဲ့ပါတယ်။ တိ-နိစာအုပ်စာပေ အနုပညာနှင့် မော်ကွန်းနာယကအဖွဲ့မှာလည်း နာယကဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဘဘဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့အဖွဲ့အစည်း တော်တော်များများမှာလည်း နာယကနေရာကနေပြီး တက်တက်ကြွကြွပါဝင် လှုပ်ရှားခဲ့ပါတယ်။ ဒါ့အပြင်ရုပ်ရှင်မင်းသား ဦးကျော်သူဦးစီးတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာလည်း ဘဘဟာ နာယကနေရာကနေပါဝင် ဆောင်ရွက် ခဲ့ပါသေးတယ်။ ဒီ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို တည်ထောင်ရန် ဘဘဦးသုခကအကြံဥာဏ် စတင်ရရှိခဲ့တာဖြစ်ပြီး ဘဘဦးသုခရဲ့အိပ်မက်နဲ့ မန္တလေးပြဟ္မာစိုရ် အသင်းကြီးရဲ့လမ်းပြမူတို့ပေါင်းပြီး ရန်ကုန်မြို့နာရေးကူညီမှုအသင်းကြီးကို ၂၀၀၁ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့မှာ လူအများရဲ့ မတည်ငွေနဲ့ စတင်တည်ထောင်ခဲ့ကြပါတယ်။
                                                                        နောက်ဆုံးခရီး
ဒီလိုမျိုး အောင်မြင်ကျော်ကြားပြီး လူထုအတွက် အကျိုးပြုခဲ့ရုံသာမက ဘာသာသာသနာအတွက်ပါ တန်ဖိုးမဖြတ်နိုင်အောင် လေးစားအတုဖွယ်ကောင်းတဲ့ စာရေးဆရာ ဒါရိုက်တာကြီး ဘဘဦးသုခဟာ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၁၁း၃၀ နာရီအချိန်မှာ အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ဘဘကွယ်လွန်သွားခဲ့ပေမယ့်လည်း မြ၀တီ၊ မြန်မာ့ရုပ်မြင်သံကြားတွေမှာ ဘဘရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေကိုလည်း မကြာခဏ ပြသပါတယ်။ ဘဘရဲ့နှစ် ၁၀၀ ပြည့်မွေးနေ့အထိမ်းအမှတ် အနေနဲ့လည်း အခမ်းအနားတွေ ကျင်းပခဲ့ပါသေးတယ်။ ဘဘဒီလောကကြီးမှာ မရှိတော့ပေမယ့်လည်း ဘဘရဲ့အနုပညာတွေ၊ စာပေတွေနဲ့ ဂုဏ်ထူးဆောင်မူတွေဟာ လူမျိုးနဲ့ဘာသာ သာသနာအတွက်ကို အခုချိန်ထိ တန်ဖိုးမဖြတ်နိုင်ဘဲ လူထုအတွက် မှတ်သားဖွယ် ကျန်ရစ်နေပါသေးတယ်။ ကဲ... ဒီလောက်ဆိုရင်တော့ ကျွန်တော် Web Site လေးရဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး ဘဘဦးသုခရဲ့ အကြောင်းလေးကို  ကျေနပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော်။ တတ်သလောက် မှတ်သလောက်နဲ့ ရှာဖွေလို့ရသလောက်ကို ပြန်လည်ပြီး ဝေမျှပေးတာ ဖြစ်တဲ့အတွက် အမှားအယွင်းလေးများ ပါရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နောင်များမှာလည်း ထင်ရှားကျော်ကြားပြီး သိသင့်သိထိုက်တဲ့ ဘယ်သူဘယ်သူတွေရဲ့ အကြောင်းကိုတင်ဆက်ပေးဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှု ဖတ်ပေးကြပါဦးလို့ ပြောပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး ဗဟုသုတ များစွာ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

(From MYM Club)
                                                                                                                                   ကြိုးစားလျက်.........!
                                                                                                                                      (Yekyawphyo)
ဒီ တစ်ခါလဲ ကျွန်တော်တို့ Web Site ၀ါသနာရှင် သူငယ်ချင်းများအတွက် Search Engine Box လှလှလေးကို မိမိ Site လေးမှာ ချိတ်ဆွဲချင်သောသူတွေ အတွက်ပါဗျာ။ကဲ ကျွန်တော် အောက်မှာ ပုံလေး နဲ့ တကွ ပြပေးထားပါတယ်ဗျာ။ကျွန်တော့ Site လေးမှာလဲ ချိတ်ဆွဲထားပါတယ်ဗျာ။


 1.Design
2.Page Elements
3.Add a Gadget
4.Html/Javascript ဆိုတဲ့ နေရာ ပေါ်လာပြီဆိုရင်တော့ ကျွန်တော် ပေးထားတဲ့ အပေါ်က Code ကို ကူးပြီး ထည့်ရမှာ ဖြစ်ပါတယ်။
5.Save လိုက်ပါ။ဒါဆိုရင် ကျွန်တော်တို့တွေ အပေါ်ကပုံလေး အတိုင်း မိမိ Site မှာ ချိတ်ဆွဲထားပြီးသား ဖြစ်သွားပါ့မယ်။သိပြီးသား လူတွေများ ရှိရင် တောင်းပန်ပါတယ်ဗျာ။မသိသေးသူများ အတွက် ရည်ရွယ်ပြီး ပြောပြခြင်းဖြစ်ပါတယ်ဗျာ။
(မှတ်ချက် - www.welcometoitbank.blogspot.com တို့လို နေရာမျိုးမှာ မိမိ Web Site ရဲ့ Link ကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။#000000 နေရာမှာတော့ မိမိ စိတ်ကြိုက် အရောင်တွေရဲ့ Code ကိုထည့်သွင်း အသုံးပြုလို့ရပါတယ်နော်။သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။)
                                                                                                                                     ကြိုးစားလျက်.........!
(Yekyawphyo)

ဒီ တစ်ခါတော့ ကျွန်တော် Web site သမားတွေ အတွက် ကျွန်တော် သိသလောက် လက်ဆောင်လေး တစ်ခု ပေးပါရစေဗျာ။Web Site တွေရဲ့ Slide Bar တွေမှာ တွေ့နေရတဲ့ အင်္ဂလိပ် ရက်စွဲကို မြန်မာ လို ပြောင်းသွားအောင် လုပ်တဲ့ Javascript Code လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။လုပ်ရတာလေး ကလဲ တော်တော် လွယ်ပါတယ်။Html/Javascript Code တွေ အလုပ်လုပ် တဲ့ နေရာတိုင်း သုံးလို့ရပါတယ်ဗျာ။ကျွန်တော် အောက်မှာ ပုံလေးနဲ့ တကွ ပြပေးထားပါတယ်ဗျာ။ဒီ ပုံလေးအတိုင်းလေးပါ။ကျွန်တော့ Site လေးမှာလဲ ချိတ်ဆွဲထားပါတယ်ဗျာ။

 အောက်က Code လေးကို ကူးထည့်လိုက်ယုံပါပဲဗျာ။ကျွန်တော် တို့ Blog မှာ ချိတ်ဆွဲပုံကိုတော့ ပြောပြပေးသွားပါ့မယ်။တခြား Site တွေမှာ ချိတ်ဆွဲပုံကိုတော့ ကျွန်တော် အချိန် သိပ်မရလို့ မပြောတော့ပါဘူး။အဲ့ဒါကတော့ မိမိဥာဏ် ရှိသလိုသာ စမ်းပြီး သုံးကြပါလို့ ပြောပါရစေဗျာ။ကျွန်တော်တို့ Blog Site တွေမှာ ဆိုရင်
1.Design
2.Page Elements
3.Add a Gadget
4.Html/Javascript ဆိုတဲ့ နေရာ ပေါ်လာပြီဆိုရင်တော့ ကျွန်တော် ပေးထားတဲ့ အောက်က Code ကို ကူးပြီး ထည့်ရမှာ ဖြစ်ပါတယ်။
5.Save လိုက်ပါ။ဒါဆိုရင် ကျွန်တော်တို့တွေ အပေါ်ကပုံလေး အတိုင်း မိမိ Site မှာ ချိတ်ဆွဲထားပြီးသား ဖြစ်သွားပါ့မယ်။သိပြီးသား လူတွေများ ရှိရင် တောင်းပန်ပါတယ်ဗျာ။မသိသေးသူများ အတွက် ရည်ရွယ်ပြီး ပြောပြခြင်းဖြစ်ပါတယ်ဗျာ။

  Welcome To IT Bank
သူငယ်ချင်းတွေ အားလုံး အစစ အရာ အဆင်ပြေပြီး အောင်မြင်သော သူတွေ ဖြစ်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                                                    ကြိုးစားလျက်.........!
(Yekyawphyo)
ကျွန်တော် အလုပ်တွေ မအားတာနဲ့ ကော နေလဲ သိပ်မကောင်းတာနဲ့ Post တွေ မတင်ဖြစ်တာ ကြာပါပြီ။ဒီနေ့ တော့ နေလဲ နဲနဲ ကောင်းတာနဲ့ Post တစ်ခု ကြိုးစားပြီးတင်လိုက်ပါတယ်ဗျာ။ဒါလေးကတော့ မိမိ တို့ ကွန်ပျူတာ Destop လေးမှာ 3D ငါးလေး 2 ကောင် လျှောက်သွားနေမဲ့ Software လေးအသေးတစ်ခု လက်ဆောင် ပေးလိုက်ပါတယ်ဗျာ။လိုချင်ရင် သူငယ်ချင်းတွေ အားလုံး အောက်မှာ ယူလိုက်ပါနော်။တော်တော် လေးတော့ လှတယ်ဗျ။ကျွန်တော် တင်ထားတဲ့ Water Wave Screen Saver လေးနဲ့ ဆိုရင်တော့ တော် လိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။သူငယ်ချင်းတွေ အားလုံး လဲ ပျော်ရွှင် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။အောက်မှာ ကျွန်တော် ဓာတ်ပုံ နဲ့ တကွ ပြပေးထားပါတယ်ဗျာ။စိတ်ဝင်စားရင်တော့ ယူလိုက်ကြပေါ့နော်။အပျော်ပေါ့ ဟုတ်ဘူးလား။
 
သူငယ်ချင်းတွေ သုံးရတာ ပျော်ဖို့ ကောင်းရင် နောက်သူငယ်ချင်းတွေ ကိုလဲ လက်တို့လိုက်ဦးနော်။
                                                                                                                                      ကြိုးစားလျက်......!
                                                                                                                                        (Yekyawphyo)
ကဲ ဒီတစ်ခါတော့ WebSite ၀ါသနာရှင် သူငယ်ချင်းတွေအတွက် မိမိတို့ WebSite ခေါင်းစဉ်လေးကို Browser တွေရဲ့ Tab Bar မှာလှုပ်ရှားနေအောင် လုပ်တဲ့ Marquee Code လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေဗျာ။

လိုချင်ရင် အပေါ်က Code လေးကို  ကူးသွားလိုက်ပါဗျ။Welcome To IT Bank ဆိုတဲ့ နေရာ လေးမှာတော့ မိမိတို့ Website ရဲ့ ခေါင်းစဉ်လေးကို ရေးလို့ရပါတယ်ဗျာ။လှိုက်လှဲစွာ ကြိုဆိုပါ၏ ဆိုတဲ့ နေရာလေးမှာတော့ မိမိတို့ စိတ်တိုင်းကျ စာသားလေးကို ပြောင်းထည့်ပြီး အသုံးရပါတယ်ဗျာ။
1.Design
2.Page Elements
3.Add a Gadget
4.Text/Javascript
 5.Save လိုက်ပါ။အောက်က ပုံလေး အတိုင်းပါဗျာ။
WebSite သူငယ်ချင်းများ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။
                                                                                                                                       ကြိုးစားလျက်.......!
(Yekyawphyo)
ကျွန်တော်တို့ မြန်မာမှာတော့ ငွေကြေးကို ခု၊ ဆယ်၊ ရာ ထောင် သောင်း သိန်း သန်း ကဋေ ဆိုပြီး အသုံးပြုကြပါတယ်။ပြည်ပ ငွေကြေးအကြောင်းကို Million မှာ Zero ဘယ်နှစ်လုံးရှိလဲဆိုရင် ရုတ်တရတ်ဖြေဖို့ ခက်နေပါတယ်။One million မှာ သုည ၆ လုံးရှိပါတယ်။ အခုနောက်ပိုင်းမှာ  Million ထက် Billion ပြီးတော့
Trillion ကိုအသုံးပြုလာကြပါတယ်။ ဒါကြောင့် (America)အမေရိကန်နိုင်ငံမှာတော့ Billion ကို သုည ၉ လုံးအသုံးပြုပြီး Trillion မှာတော့ သုည 12 အသုံးပြုကြပါတယ်။
ဒါပေမဲ့ (Britain)ဗြိတိန်နိုင်ငံမှာတော့ Billion ကို သုည 2 ဆအသုံးပြုကြပါတယ်ဗျာ။သုည 12 လုံးအသုံးပြုကြတာပေါ့။ထို့အတူဘဲ Trillion မှာကျတော့လဲ သုည 2 ဆ (သုည 18 လုံးပေါ့။)ကျွန်တော် အောက်မှာ နမူနာအနေနဲ့ ပြထားပါတယ်။ကျွန်တော် သူငယ်ချင်းတွေ ဗဟုသုတ အနေနဲ့ သိစေချင်လို့သာပြောပြပေးတာပါ။ကျွန်တော် ကိုယ်တိုင်လဲ အဲ့ဒီလောက် ငွေပမာန ကို ကိုင်ဖို့ မပြောနဲ့ အိမ်မက်တောင်မမက်ဖူးဘူးဗျ။


America 
Billion - 1,000,000
Trillion - 1,000,000,000,000


Britian
Billion - 1,000,000,000,000
Trillion - 1,000,000,000,000,000,000
                                                                                                                                       ကြိုးစားလျက်.......!
(Yekyawphyo)
Welcome to My Blog

Popular Post

- Copyright © Knowledge Bank -Robotic Notes- Powered by Blogger - Designed by Johanes Djogan -