ကျွန်တော် အခု တင်ပြမဲ့ Post လေးကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် ရေးထားတာလေးပါ။အဲ့ဒီ စကားလုံးတွေဟာ ကျွန်တော် တွေ့တဲ့ နေရာကနေ ကူးယူထားတာလဲ မဟုတ်ပါဘူး။ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာ ဘုရားဟောခဲ့တဲ့ အမှန်တရားတွေပါဗျာ။အဲ့ဒီ စကားလုံးတွေ အတိုင်းကျွန်တော် စဉ်းစားကြည့်မိတယ်ဗျာ။အမှန်တကယ်ကို ဖြစ်နေတာ ကျွန်တော် တွေ့ရပါတယ်။အခုခေတ်လူငယ်တော်တော် များများဟာ ဘာသာအသိတရားနှင့် တဖြည်းဖြည်းဝေးကွာ
လာကြပါတယ် ။ဒါတွေကိုကြိုမြင်လို့  ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားက'' နောင်တစ်ချိန်မှာ ဗုဒ္ဓဘာသာ (၅) မျိုးကွဲမယ်လို့ ဟောတော်မူခဲ့ ပါတယ်"
၁။ကုလဗုဒ္ဓဘာသာ
၂။လာဘဗုဒ္ဓဘာသာ
၃။ဘယဗုဒ္ဓဘာသာ
၎။သဒ္ဓါ ဓိကဗုဒ္ဓဘာသာ
၅။ပညာဓိကဗုဒ္ဓဘာသာ
မိရိုးဖလာအလိုက် လိုက်၍ကိုးကွယ်သူ ဗုဒ္ဓဆိုတာဘာမှန်းမသိ ၊ တရားဆိုတာဘာမှန်းမသိ ရိုသေရကောင်းမှန်းမသိတဲ့ ဗုဒ္ဓဘာသာဝင်။
လာဘဗုဒ္ဓဘာသာ ။ ။ လာဘ်လာဘကြောင့်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ။ တစ်ချို့
အိမ်တွေမှာ ဒီဘုရားကငါနဲ့ မတည့် ဘူး ။ ဘာနေ့ နံနဲ့ ထုထားတဲ့ ဘုရားကမှ
ငါနဲ့ တည့် တာ ။ အိမ်မှာရန်မဖြစ်စေဘူး ။စီးပွားတတ်တယ် စတာတွေပေါ့  အ
ပြင်မှာတစ်ကယ်တွေ့ ဖူးပါတယ် ဒီလိုဗုဒ္ဓဘာသာဝင်တွေ။
ဘယဗုဒ္ဓဘာသာ။ ။ ဘေးဘယာကိုကြောက်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာ ။
အန္တရာယ်ကင်းရှင်းစေဖို့ ၊ အသက်ရှည်စေဖို့  စတဲ့ ခလုပ်ထိမှသတိရတတ်
ကြတဲ့ ဗုဒ္ဓဘာသာဝင်။
သဒ္ဓါ ဓိကဗုဒ္ဓဘာသာ ။ ။ သဒ္ဓါတရားဆိုတာအကြမ်းအားဖြင့် ယုံကြည်ချက် ။
ပါဠိဘာသာကဆင်းသက်လာပြီး မြန်မာမှုပြုဖို့ တူညီတဲ့ စကားလုံးမရှိလို့ သဒ္ဓါလို့ သာတိုက်ရိုက်ခေါ်ဆိုသည်ဖတ်ဖူးပါသည်။။ဘုရား တရား ကိုတစ်ကယ်
သစ္စာတရား သဒ္ဓါတရားဖြင့် ယုံကြည်သက်ဝင်သူ ။
ပညာဓိကဗုဒ္ဓဘာသာ။ ။ သစ္စာတရားကိုသေချာသိတဲ့ဗုဒ္ဓဘာသာ။ ရမ်းယုံ
တာမဟုတ်ဘူး ခန္ဓာသိဖြင့် အသေအချာသိပြီးယုံတာ။ သိတာကိုပညာလို့ 
ခေါ်ပါတယ်။ခန္ဓာကိုယ်က ဖြစ်ခြင်းပျက်ခြင်းတရားကို ပညာဖြင့် သေချာသိ
မြင်သော ဗုဒ္ဓဘာသာဝင်တို့ ဖြစ်ပါတယ်။ ( ဗုဒ္ဓဘာသာငါးမျိုးနှင့် သစ္စာလေးပါး)
ကဲ....ကျွန်တော်နဲ့ အတူ ကျွန်တော့ သူငယ်ချင်း ဗုဒ္ဓဘာသာဝင်တွေကော ဘယ်ထဲမှာပါသလဲ ဆိုတာကို ကိုယ့်ကိုကိုယ် စဉ်းစားကြည့်ကြပါဦးဗျာ။
ကြိုးစားလျက်.....!
(Yekyawphyo)
Gtalk မှာ မြန်မာလို မပေါ်ပဲ စာရိုက်ရင် အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက်ပါ။
Thursday, April 26, 2012
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ Gtalk မှာ မြန်မာစာ မပေါ်ဘဲ အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် ကျွန်တော်က ရှင်းပြပေးပါ့မယ်ဗျာ။ကျွန်တော့ IT Bank ရဲ့ Cbox မှာလဲ minminswe57@gmail.com ကိုမင်း ကမေးထားလို့ ကျွန်တော် ဖြေပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ကိုမင်း မေးထားတဲ့ ဒီမေးခွန်းလေး က ကြာပါပြီ။ကျွန်တော် အလုပ်မအားလို့ Post တွေထဲ မရေးဖြစ် မေးထားတာတွေလဲ မဖြေဖြစ်ဘဲ အခုလို နောက်ကျမှ ဖြေပေးမိတဲ့ အတွက် ကျွန်တော် တောင်းပန်ပါရစေဗျာ။အခုတော့ ကျွန်တော် ကိုမင်းဆိုတဲ့ အစ်ကို မေးထားတာလေးကော Gtalk မှာ မြန်မာစာ မပေါ်တာလေးကော ရောပြီး ရှင်းပြပေးလိုက်ပါတယ်နော်။အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက Gtalk က Setting ကို သွားလိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
အောက်က ပုံလေး အတိုင်းပြီးသွားရင်တော့ Gtalk Setting ရဲ့ General ဆိုတဲ့နေရာလေးကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီမှာ Change Font ဆိုတဲ့နေရာလေးကို Click လိုက်ပါ။မလုပ်တက်သေးရင် ကျွန်တော်အောက်မှာ ပုံလေး နဲ့ တကွရှင်းပြပေးထားပါတယ်ဗျာ။
အပေါ်က ပုံလေး အတိုင်းကော စာလေးကော လုပ်လို့ပြီးသွားရင် Change Font ဆိုတဲ့နေရာလေး ကို နှိပ်လိုက်ရင် Box တစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီ Box လေးမှာ Zawgyi-One ဆိုတာလေးကို ရှာပြီး Click လိုက်ပါ။ပြီးရင် တော့ Ok ပေါ့။မရှင်းသေးရင် အောက်ကပုံလေး ကိုကြည့်လိုက်ပါနော်။
အဲ့ဒါမှ အဆင်မပြေသေးဘူး ဆိုရင် Internet Explorer ရဲ့ Tools က Internet Options ကို Click လိုက်ပါ။
အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
Click ပြီးပြီဆိုရင်တော့ Internet Options က General ဆိုတဲ့ စာမျက်နှာလေး မှာ Fonts ဆိုတဲ့ နေရာလေးကို Click လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့။
Fonts ဆိုတဲ့ နေရာလေးကို Click ပြီးသွားရင် ကျွန်တော်တို့ က နောက်တစ်ဆင့်မှာ Language script: ဆိုတဲ့နေရာမှာ Latin Based ကို ရွေးထားရမှာဖြစ်ပါတယ်ဗျာ။ပြီးရင် အောက်နားလေးမှာ Webpage Font: ဆိုတဲ့ နေရာလေးမှာတော့ Zawgyi-one ကို ရေးထားရမှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အောက်ကပုံလေး အတိုင်း ပြောင်းရမဲ့ နေရာလေးတွေကို အနီဝိုင်းလေး ပြထားပါတယ်ဗျာ။အောက်ကပုံလေး အတိုင်း အဆင့်ဆင့် လုပ်သွားလိုက်ပါဗျာ။
အဲ့ဒါမှ အဆင်မပြေသေးရင် ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း Language script: ဆိုတဲ့နေရာလေးကို Latin Based မပြောင်းတော့ဘဲ Myanmar ဆိုတာလေးကို ရွေးလိုက်ပါ။ပြီးရင် Webpage Font: နေရာလေးမှာတော့ Zawgyi-one လေးပေးထားလိုက်ပါဗျာ။ပြီးရင် တော့ နောက်ဆုံး အဆင့်အနေနဲ့ Ok ပြီးရင် Apply ပေါ့ဗျာ။
ဒါဆိုရင် မိမိ Gtalk မှာ မြန်မာလို စာရိုက်လို့ရပါပြီဗျာ။အဲ့... တစ်ခုတော့ ရှိတယ်နော်။Zawgyi Font ကို မိမိ PC မှာ Install လုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။Zawgyi Font ကို မိမိ စက်ထဲ ထည့်ရမှာက နှစ်မျိုးရှိပါတယ်။ZawGyi Keyboard ဆိုတာရယ် Font ရယ်ဆိုတာပါပဲ။ Keyboard ဆိုတာကတော့ မြန်မာလို Keyboard နဲ့စာရိုက်လို့ရအောင် လုပ်တဲ့ Software လေးပေါ့။Font ဆိုတာကတော့ မြန်မာ Gtalk တွေ Internet Browser တွေမှာ မြန်မာလို မြင်ရနိုင်အောင် အသုံးပြုတဲ့ Font ဆိုတဲ့ Software အသေးလေးပေါ့ဗျာ။အဲ့ဒီ Software လေးကို ကျွန်တော့ ၀က်ဆိုဒ်ရဲ့ ဘယ်ဘက်ဒေါင့်လေးမှာ ဇော်ဂျီဖောင့် ရယူရန် ဆိုတဲ့နေရာလေးမှာ Download ရယူနိုင်ပါတယ်ဗျာ။ZawGyi Font Install လုပ်နည်းကို ကျွန်တော် နောက်ကျရင် Post တစ်ခု အနေနဲ့ရှင်းပြပေးပါ့မယ်ဗျာ။သိတဲ့ သူတွေအတွက် မခက်ဘူး ဆိုပေမဲ့ မသိတဲ့ သူတွေ အတွက်တော့ မလွယ်လှဘူးပေါ့ဗျာ။မဟုတ်ဘူးလား။ကျွန်တော် အခုလို ရှင်းပြထားတာလေးတွေကလဲ မသိတဲ့ သူတွေ အတွက်ပါဗျာ။ကျွန်တော် သူငယ်ချင်းတွေ နားလည်အောင် ကျွန်တော် အတက်နိုင်ဆုံးလေး ရှင်းပြပေးထားပါတယ်ဗျာ။သူငယ်ချင်းတွေလဲ ကျွန်တော်ရှင်းပြထားတာလေးကို အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော်ဘက်က သူများတကာ ဆိုဒ်တွေထက် လိုအပ်မှုလေးတွေ ရှိရင် ဝေဖန်အကြံပေးနိုင်ပါတယ်နော်။ကျွန်တော် အတက်နိုင်ဆုံး ကြိုးစားပေးသွားပါ့မယ်ဗျာ။

ကျွန်တော် သင်္ကြန်အပြီး ကော သင်္ကြန်တွင်းကော အလုပ်တွေ မအားတာနဲ့ ပဲ။ကျွန်တော့ IT Bank လေးမှာ စာမတင်ရတာ တော်တော်ကြာသွားခဲ့ပါတယ်ဗျာ။ကျွန်တော် အဲ့ဒီ အတွက် IT Bank ဆိုဒ်လေးရဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံးကို အနူးအညွှတ်တောင်းပန်ပါရစေဗျာ။ပြီးတော့ Connection တွေကလဲ တော်တော်ကို ဆိုးဆိုးရွားရွားကျနေလို့ အခု ကျွန်တော် တင်ပေးလိုက်တဲ့ Ebook လေး 2 ခုတောင် မနည်း Upload တင်လိုက်ရတယ်ဗျာ။တော်တော် လဲ စိတ်ပျက်ဖို့ကောင်းပါတယ်။အခုတော့ ကျွန်တော် အလုပ်လေးတွေ အားနေတာနဲ့ ကျွန်တော့ IT Bank ဆိုဒ်လေးမှာ စာလေးတွေ တင်ပေးပါတော့မယ်နော်။နည်းပညာနဲ့ ကျန်းမာရေး ဆိုင်တဲ့ Post လေးတွေကိုပေါ့ဗျာ။အခုလောလောဆယ်တော့ ကျွန်တော်တို့ Mobile Phone လောကမှာ ရေပန်းအစားဆုံးလို့ ပြောလို့ရတဲ့ Android Phone တွေနဲ့ Iphone တွေအတွက် အသုံးပြုနည်းတွေ Application တွေ Game တွေ ထည့်သွင်းနည်းကို မြန်မာလိုသေသေချာချာ ဘာသာပြန်ထားတဲ့ Ebook လေးနဲ့ မိတ်ဆက်ပေးပါ့ရစေလားဗျ။သူငယ်ချင်းတွေ လဲ စိတ်ဝင်စားလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။သူငယ်ချင်း တွေကြိုက်ရင် ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲဗျာ။အောက်က Link လေးမှာ Download သွားယူလိုက်ပါဦးနော်။
ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော့ IT Bank ဆိုဒ်လေးကို လာလည်တဲ့ စာဖတ်ပရိတ်သတ် သူငယ်ချင်းတွေ အားလုံး ကျွန်တော် အလုပ်မအားတဲ့ အချိန်မှာ Post တွေကို မတင်ပေးနိုင်တာ ကျွန်တော် ဒီ Post လေးနဲ့ အနူးအညွှတ်တောင်းပန်ပါရစေဗျာ။ကျွန်တော့ IT Bank ဆိုဒ်လေးက မျှဝေလိုက်တဲ့ နည်းပညာ ဗဟုသုတလေးတွေ ဟာ သူငယ်ချင်းတွေ အတွက် အကျိုးရှိခဲ့မယ်ဆိုရင် ကျွန်တော် ပေးဆပ်ခဲ့တဲ့ အချိန်တွေ ကျွန်တော် ကျေနပ်မိပါတယ်ဗျာ။ဝမ်းလည်းဝမ်းသာပါတယ်ဗျာ။ကျွန်တော် ဒီ ဆိုဒ်လေးကို ထောင်ခဲ့တာဟာ ကျွန်တော် သိသမျှ တက်သမျှလေးကို သူတစ်ပါးလဲ ကျွန်တော် သိသမျှ ဗဟုသုတ ရခဲ့မယ်ဆိုရင် ကျွန်တော် လဲ ၀မ်းသာကျေနပ်မိပါတယ်ဗျာ။
ကြိုးစားလျက်........!
(Yekyawphyo)
မိမိ Gtalk မှာ စာရိုက်နေပါသည်.... လို့ပေါ်စေချင်တဲ့ သူငယ်ချင်းတွေ အတွက် Protable Software လေးပါ။
Sunday, April 1, 2012
Posted by Ye Kyaw Phyo
ကျွန်တော် ဒီတစ်ခါတော့ ကျွန်တော့ ဆီကို ညီလေး minkhant@gmail.com က Gtalk မှာ သူများက ကိုယ့်ဆီကို စာရိုက်တဲ့ အခါ Gtalk ရဲ့ Chat Box လေးရဲ့ ညာဘက်ဒေါင့်နေရာလေးမှာ စာရိုက်နေပါသည် လို့ ဆိုတဲ့ စာတန်းလေး ပေါ်အောင်လုပ်တဲ့ Software လေးရှိရင် ပေးပါလို့ တောင်းဆိုထားတဲ့ အတွက် ကျွန်တော် အခု တင်ပေးလိုက်ပါပြီဗျာ။Protable လေးပေါ့ဗျာ။ဘာမှ Install တွေ ဘာတွေ လုပ်နေစရာမလိုပဲ။Double Click လေးနှိပ်လိုက်ယုံဖြင့် အသုံးလို့ရနိုင်တဲ့ Software မျိုးလေးပေါ့ဗျာ။မကောင်းဘူးလားဗျ။သူငယ်ချင်းတွေ လဲ လိုချင်ရင် ကျွန်တော်က ပေးဖို့ အဆင်သင့်ပါပဲနော်။အဲ့.....တစ်ခု သတိပေးချင်ပါတယ်ဗျာ။အဲ့ဒီ Software လေးရဲ့ အားနည်းချက်လေးကတော့ Gtalk Account ကို နှစ်ခုဖွင့်ပြီး သုံးလို့မရတာပါပဲဗျာ။အဲ့ဒီ အတွက်တော့ စိတ်မကောင်းပါဘူးဗျာ။အောက်ကပုံလေး အတိုင်း မြင်ရပြီး အသုံးပြုလို့ရမှာ ဖြစ်ပါတယ်ဗျာ။
ကဲ.....ဘယ်လိုလဲ သူငယ်ချင်းတွေ စိတ်ဝင်စားသွားကြပြီ မဟုတ်လား။Design လေး က လန်းတယ်ဟုတ်။လိုချင်ရင်တော့ အောက်မှာ Download Link လေး ပေးထားပါတယ်ဗျာ။သွားယူလိုက်ပါဦးနော်။
(ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)
သူငယ်ချင်းတွေ အားလုံး သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ သဘောကျရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ အားရင် လာလည်ကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်......!

Mp3 သီချင်းတွေကို Cutter လုပ်ပြီးမိမိ ကိုယ်တိုင် Ringtone ပြုလုပ်နိုင်တဲ့ Protable Mp3 Direct Cutter Software လေးပါ။
Saturday, March 31, 2012
Posted by Ye Kyaw Phyo
ကျွန်တော် ဒီ တစ်ခါတော့ သူငယ်ချင်းတွေ အတွက် ကျွန်တော် Mp3 သီချင်းတွေကိုမိမိကြိုက်တဲ့ စာသားနေရာကနေ Cut လုပ်ပြီး Phone တွေထဲ ထည့်ပြီး Ringtone တစ်ခု အနေနဲ့Cutter လုပ်ချင်တဲ့ သူတွေ အတွက် Portable Software လေးပေါ့ဗျာ။အသုံးပြုချင်တဲ့ သူတွေအတွက်တော့ ကျွန်တော် အောက်မှာ Download လုပ်ဖို့ ပေးထားပါတယ်ဗျာ။ဒီ Software လေးက Protable လေးဆိုတော့ Install လုပ်စရာမလိုပဲ Double Click လေးပေးလိုက်ယုံဖြင့် အသုံးပြုလို့ ရသွားမှာဖြစ်ပါတယ်ဗျာ။Serial Number တို့ Crack တို့ Patch File တို့ မလိုအပ်တာကြောင့် စိတ်ချလက်ချအသုံးပြုလို့ ရမှာ ဖြစ်ပါတယ်ဗျာ။ကဲ.......ဘယ်လောက် အဆင်ပြေလိုက်လဲ ဗျာ။လိုချင်ရင်တော့ ကျွန်တော် ကပေးဖို့ အဆင်သင့်ပါပဲနော်။File Size လေးကလဲ 1.33 MB လောက်လေးပဲ ရှိတဲ့ အတွက် Download လုပ်ရတာလဲ အဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။
(ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)
ကဲ သူငယ်ချင်းတွေ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျွန်တော်တို့ Blogger သမားတွေက သူငယ်ချင်းတွေ ဆီက ပီတီလေး စားပြီး အားရှိနေရတာပါဗျာ။သူငယ်ချင်းတွေ သဘောကြရင် တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးကို မိတ်ဆက်ပေးပါဦးနော်။
ကြိုးစားလျက်.......!

Android သုံး Phone နဲ့ Tablet အကြောင်းကို ပြည့်ပြည့်စုံစုံနဲ့ ရေးသားထားတဲ့ E-Book လေးပါ။
Posted by Ye Kyaw Phyo
ကျွန်တော် နေမကောင်းတာ 1 ပတ် ကျော်ကျော်လောက် ရှိပါတယ်ဗျာ။နေအရမ်းမကောင်းလို့ ဖြစ်နေလို့ပါဗျာ။ကျွန်တော် ထတောင်မထနိုင်ဘူးဗျာ။ပြီးတော့ ကျွန်တော့ ၀က်ဆိုဒ်လေး နဲ့ လဲ ဝေးနေတာ တော်တော် ကြာပါပြီ။ကျွန်တော့ ၀က်ဆိုဒ်လေး အတွက် Post တွေ မတင်နိုင်ဖြစ်ရပါတယ်။အဲ့ဒီ အတွက် ကျွန်တော့ IT Bank လေးကစာဖတ်ပရိတ်သတ်တွေအားလုံးကို ကျွန်တော် အနူးအညွှတ်တောင်းပန်ပါတယ်ဗျာ။အခု ကျွန်တော် နေလဲ နည်းနည်း ပြန်ကောင်းလာပြီ ဖြစ်တဲ့ အတွက် ကျွန်တော့ IT Bank လေးကို အရင်လိုလေးပဲ Post တွေ အမြဲတမ်း နီးပါးလောက် တင်ပေးပါ့မယ်ဗျာ။ကျွန်တော် ဒီလ ဆို ကျွန်တော် တင်နိုင်တဲ့ Post လေးတွေက ဒီ Post နဲ့ ဆို 4 ခုမြောက်ပဲ တင်နိုင်ခဲ့ပါတယ်။အဲ့ဒီ အတွက် ကျွန်တော် IT Bank ဆိုဒ်လေးရဲ့ စာဖတ်ပရိတ်သတ်လေးတွေ အတွက် စိတ်မကောင်းတော်တော် ဖြစ်မိပါတယ်ဗျာ။အခု တော့ ကျွန်တော် တင်ပေးမဲ့ Post လေးကတော့ ဆရာ ကိုဝင်းဟိန်း ရေးသားထားတဲ့ ကျွန်တော်တို့ အခုခေတ် Phone တွေနဲ့ Tablet တွေမှာ အသုံးများတဲ့ Android Application အကြောင်းကို စုံစုံလင်လင်ရေးသားထားတဲ့ E-book လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။အဲ့ဒီ စာအုပ်လေး အကြောင်းကိုတော့ ကျွန်တော် မပြောတော့ပါဘူး။သူငယ်ချင်းတွေ စိတ်ဝင်စားသဘောကျမယ်ဆိုရင် အောက်မှာ အဆင်သင့်လေး Download လုပ်လိုက်ရုံပါပဲ။အောက်မှာ Download သွားယူလိုက်ပါနော်။
(ဒီ Link လေးမှာ Download ယူသွားလိုက်ပါနော်။)
ကဲ သူငယ်ချင်းတွေ အားလုံး ကျွန်တော် ပေးတဲ့ လက်ဆောင်လေး ကို သဘောကျနှစ်ခြိုက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အတွက် Post တွေ ပျက်ကွက်ခဲ့တဲ့ အတွက်လဲ ကျွန်တော် အနူးအညွှတ် ဒီ Post လေးနဲ့ တောင်းပန်ပါရစေဗျာ။သူငယ်ချင်းတွေ အတွက် အသုံးဝင်ခဲ့မယ်ဆိုရင် ကျွန်တော် ၀မ်းသာပါတယ်ဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်......!
(Yekyawphyo)
Connection နှေးနေတဲ့ အချိန် Mail ဖတ်လို့မရသေးရင် Preview အနေနဲ့ ဖတ်ကြမယ်။
Friday, March 16, 2012
Posted by Ye Kyaw Phyo
Tag :
(Gmail Knowledge),
(နည်းပညာ)
ကျွန်တော် အခု ပြောပြမဲ့ Post လေးကတော့ သူငယ်ချင်းတွေ အားလုံးရဲ့ Inbox Mail က Mail တွေကို Connection နှေးနေတဲ့ အချိန်ဖွင့်ဖတ်လို့ မရတဲ့ အခါကျရင် ကိုယ်ဖတ်ချင်ရင် Mail တစ်စောင်စောင် ကို Right Click ထောက်ပြီး Preview အနေနဲ့ ဖတ်လို့ရအောင် လုပ်တဲ့ နည်းလေးပါဗျာ။ဒီ နည်းလေးလဲ တစ်ချို့သူတွေ သိပြီးသားလဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဗျာ။ကျွန်တော် က တော့ မသိသေးတဲ့ သူငယ်ချင်းတွေ အတွက်တော့ ကျွန်တော်သိထားသလောက်လေး ပြန်လည် မျှဝေပေးလိုက်ပါတယ်ဗျာ။ကျွန်တော် ဒီနည်းလေး ကို သိထားတော့ ကြာပါပြီဗျာ။ကျွန်တော့ ကို Gtalk က သူငယ်ချင်းတွေက မေးလို့ ဒီ Post လေးကို ရေးပြီး တင်ပေးလိုက်ပါတယ်နော်။ကျွန်တော် အောက်မှာ ပုံလေးတွေနဲ့ ကော စာလေးနဲ့ပါ ရှင်းပြထားတဲ့ အတွက် နားမလည်စရာတော့ အကြောင်းမရှိလောက်ပါဘူးဗျာ။တကယ်လို့ နားမလည်ရင်လဲ ဒီ Post လေးရဲ့ အောက်မှာ Comment ပေးထားခဲ့လို့ရပါတယ်နော်။ကျွန်တော် ပြန်ဖြေပေးပါ့မယ်ဗျာ။ကဲ......စကြရအောင်ဗျာ။အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက
www.gmail.com ကို Sign In ၀င်လိုက်ပါ။ပြီးရင် Mail Setting ကို သွားလိုက်ပါ။Mail ရဲ့ ဘယ်ဘက်ထောင့် က စက်သွားပုံ နေရာလေးကို Click ပြီး Setting ကို Click လိုက်ပါ။Mail Setting ကို ဘယ်လိုသွားရမှန်းမသိသေးရင် အောက်က ပုံလေးမှာ သွားကြည့်လိုက်ပါနော်။
Mail Setting ကို ပွင့်သွားပြီးရင်တော့ Labs ဆိုတဲ့ Tab လေးကို Click လိုက်ပါ။ပြီးရင် Massage Sneak Peek ဆိုတာလေးကို တွေ့အောင်ရှာပါ။မတွေ့ရင်လဲ ကျွန်တော်ပြထားတဲ့ အောက်က ပုံလေးကို ကြည့်ပြီး ရှာလိုက်ပေါ့ဗျာ။
အဲ့ဒီ ပုံလေး အတိုင်းတွေ့ပြီဆိုရင်တော့ Disable နေရာလေးကို အလိုအလျောက်ရွေးထားတာ တွေ့ရပါလိမ့်မယ်။အဲ့ဒီ အခါ အရေးကြီးဆုံးနဲ့ သတိထားရမှာက ကျွန်တော်တို့က အဲ့ဒီ အမှတ်ရွေးထားတာကို Enable အဖြစ်သို့ ပြောင်းပေးရပါမယ်။ပြောင်းပေးပြီးရင်တော့ ကျွန်တော်တို့က ထုံးစံ အတိုင်း Save Changes ဆိုတာလေးကို နှိပ်လိုက်ယုံပါပဲဗျာ။

ပြီးရင် တော့ မိမိတို့ Inbox Mail မှာရှိတဲ့ Mail တစ်ခုခုကို Right Click ထောက်ပြီး Preview အနေနဲ့ ဖတ်ကြည့်လိုက်ပေါ့ဗျာ။ခုန က Connection နှေးနေလို့ ဖတ်လိုမရသေးတဲ့ Mail ကို Preview အနေနဲ့ ဖတ်ရှုလို့ ရသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံစံမျိုးလေးပေါ့ဗျာ။ကြည့်လိုက်ပါဦးနော်။
ကဲ ကျွန်တော့ IT Bank Site လေးရဲ့ စာဖတ်ပရိတ်သတ်လေးတွေ ဘယ်လိုလဲဗျ။ကြိုက်ရဲ့လားလို့ ကြိုက်ရင်တော့ Comment လေးတွေ ပေးခဲ့ပါဦးနော်။ဒါမှ မဟုတ်လဲဗျာ။တခြား သူငယ်ချင်းတွေကိုလဲ ကျွန်တော့ IT Bank Site လေးကို ဖိတ်ခေါ်ပေးကြပါဦးလို့ တောင်းဆိုပါရစေဗျာ။
ကြိုးစားလျက်.........!
(Yekyawphyo)